APKPure

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

APKPure သည် .apk ဖိုင်နှင့် ဖိုင်အရွယ်အစားကြီးမားသည့် .xapk ကို အန်းဒရွိုက်ကိရိယာများတွင် ထည့်သွင်းအသုံးပြုနိုင်ရန် ဒေါင်းလုတ်ပြုလုပ်နိုင်သည့် ဝဘ်ဆိုက်တစ်ခု ဖြစ်သည်။ ဂူဂဲပလေးစတိုး (Google play store) မရှိသည့် ကိရိယာများအတွက် အဆင်ပြေစေသည့် ဝဘ်ဆိုက်တစ်ခု ဖြစ်သည်။ APKPure ကို Mr. Amine Sekkach ကဖန်တီးခဲ့သည်။ ၎င်းသည် အန်းဒရွိုက် Custom ဗားရှင်း အသုံးပြုထားပြီး ပလေးစတိုးမရှိသည့် ဖုန်းအသုံးပြုသူများအကြားတွင် APKMirror, Aptoide, F-Droid နှင့် Uptodown စသည့် ဝဘ်ဆိုက်များကဲ့သို့ ရေပန်းစား လူသိများသည်။[၁][၂][၃]

၂၀၁၉ ခုနှစ် ဧပြီလတွင် ဂူဂဲနှင့် အက်ပဲသည် တစ်တော့ (TikTok) ကို ဖယ်ရှားပစ်ခဲ့သည်။ ထိုအခါ ဝဘ်ဆိုက်များစွာသည် တစ်တော့ကို ဒေါင်းလုတ်ပြုလုပ်ရန်အတွက် APKPure နှင့် APKMirror တို့ကဲ့သို့သော ဝဘ်ဆိုက်များကို အသုံးပြုကြရန် တိုက်တွန်းပြောကြားကြသည်။[၄][၅][၆][၇][၈][၉][၁၀][၁၁]

ကိုးကား[ပြင်ဆင်ရန်]

  1. 10 best third party app stores for Android and other options too! (Updated 2019) (in en-US) (2019-04-27)။ 2019-05-04 တွင် ပြန်စစ်ပြီး။
  2. Ltd၊ Guiding Media Pvt (2018-10-17)။ GT Explains: What Is XAPK File and How to Install It on Android (in en)။ 2019-05-04 တွင် ပြန်စစ်ပြီး။
  3. What is XAPK? (in en)။ 2019-05-04 တွင် ပြန်စစ်ပြီး။
  4. Despite TikTok Scrutiny, ByteDance To Invest $1 Bn In India (in en-US) (2019-04-19)။ 2019-05-04 တွင် ပြန်စစ်ပြီး။
  5. Aryan၊ Neha Alawadhi & Aashish။ "Take a call on TikTok in 2 days, else ban will be lifted: SC to Madras HC"၊ Business Standard India၊ 2019-04-22။ 
  6. TikTok's future to be decided on Wed။ 2019-05-04 တွင် ပြန်စစ်ပြီး။
  7. Ananya Bhattacharya၊ qz com။ Why ban TikTok alone when almost every social network has a porn problem? (in en-US)။ 2019-05-04 တွင် ပြန်စစ်ပြီး။
  8. Ahaskar၊ Abhijit (2019-04-17)။ TikTok removed from Google, Apple stores, ban may not stop downloads (in en)။ 2019-05-04 တွင် ပြန်စစ်ပြီး။
  9. Team၊ BS Web။ "TikTok fans are searching for proxies after Google, Apple blocks app"၊ Business Standard India၊ 2019-04-19။ 
  10. Applications၊ TechRadar India Bureau 2019-04-18T07:47:17Z။ How to download TikTok in India on iOS and Android (in en)။ 2019-05-04 တွင် ပြန်စစ်ပြီး။
  11. TikTok ban: Blocking the viral app may not have the desired results (in en) (2019-04-17)။ 2019-05-04 တွင် ပြန်စစ်ပြီး။