အံ့ကျော်

ဝီကီပီးဒီးယား မှ
အံ့ကျော်
အကယ်ဒမီ အံ့ကျော်(၁၉၃၇-၂၀၀၇)
မွေးဖွားမြင့်ဝေ
(၁၉၃၇-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၆"။-0၆)ဇွန် ၆၊ ၁၉၃၇
မန္တလေးမြို့
ကွယ်လွန်ဖေဖော်ဝါရီ ၁၁၊ ၂၀၀၇(၂၀၀၇-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။-၁၁) (အသက် ၆၉)
ဒဂုံမြို့သစ်မြောက်ပိုင်း၊ ရန်ကုန်မြို့
နိုင်ငံလူမျိုး မြန်မာ
အလုပ်အကိုင်ရုပ်ရှင်သရုပ်ဆောင်

အံ့ကျော် (၁၉၃၇ – ၂၀၀၇) သည် မြန်မာလူမျိုး ရုပ်ရှင်သရုပ်ဆောင် တစ်ဦး ဖြစ်သည်။ ဦးမြင့်ဝေ (ခေါ်) သရုပ်ဆောင် ဦးအံ့ကျော်ကို ဖခင် ဦးတင်အောင်(မီးရထား-ငြိမ်း)၊ မိခင် ဒေါ်ကြူကြူတို့က ၁၉၃၇-ခုနှစ်၊ ဇွန်လ(၆)ရက်နေ့တွင် မန္တလေးမြို့၌ မွေးဖွားသည်။ သားနှစ်ဦးထွန်းကားသည့်အနက် သရုပ်ဆောင် ဦးအံ့ကျော်မှာ အကြီးဆုံးသားဖြစ်သည်။

ငယ်ဘဝ

ငယ်စဉ်က မန္တလေးမြို့ရှိ ဖားသားလဖုန်းကျောင်း၌ ဒသမတန်းအထိ ပညာသင်ကြားခဲ့သည်။ ၎င်းနောက် ပြည်သူပိုင်မသိမ်းခင် အဒေါ်ဖြစ်သူ၏ နဂါးတိုက် နာရီဆိုင်တွင် အလုပ်လုပ်ခဲ့သည်။ အလုပ်ကို ကြိုးစားလုပ်ကိုင်နေရင်း ရုပ်ရှင်ကို စိတ်ဝင်စားလွန်းသဖြင့် မှန်ထိုး မီးထိုး ဘဝဖြင့် ရုပ်ရှင်လောသို့ စတင်ရောက်ရှိသည်။ ထိုမှတဆင့် တဖြေးဖြေး လူကြမ်းမင်းသားအခန်းများတွင် သရုပ်ဆောင်ခွင့် ရခဲ့သည်။ လူကြမ်းမင်းသား အံ့ကျော်ဟုဆိုလျှင် မသိသူ ရှားသည်။ ကလေးကအစ သိသည်။ သဏ္ဌာန်လုပ် သရုပ်ပါသဖြင့် မင်းသားအံ့ကျော်မှာ နာမည်ကြီးသည်။

ရုပ်ရှင်လောက

ရုပ်ရှင်လောကသို့ ရောက်ရှိသည့်အခါ သူ၏ မိဘသဖွယ် လက်ဦးဆရာများမှာ ဒါရိုက်တာ ဦးချင်းစိန်၊ ဒါရိုက်တာ ဦးတင်ယုနှင့် ဒါရိုက်တာ ဦးမောင်မောင်မြင့်တို့ ဖြစ်ကြသည်။ ဦးအံ့ကျော်သည် ၎င်းဒါရိုက်တာကြီးများ၏ ညွှန်ကြားပြသ ပြောဆိုမှုများကို စိတ်ရှည်လက်ရှည်ဖြင့် တစ်သဝေမတိမ်း လုပ်ဆောင်လေ့ရှိသည်။ သူသည် လူကြမ်းမင်းသားခန်းများတွင် သရုပ်ဆောင်ရသော်လည်း ပင်ကိုယ်စရိုက်မှာ ပျော်ပျော်နေတတ်သည်။

၁၉၆၇-ခုနှစ်တွင် ဒေါ်နှင်းရည်အောင်(ရထားပို့ဆောင်ရေးဝန်ကြီးဌာန-ငြိမ်း)နှင့် အိမ်ထောင်ပြုပြီး သမီးတစ်ယောက်၊ သားတစ်ယောက် ထွန်းကားခဲ့သည်။ ၁၉၇၃-ခုနှစ်တွင် အမျိုးသား စာပေဆုမင်းကျော်မြဝတီမဂ္ဂဇင်းပါ အခန်းဆက် ဝတ္ထုရှည်ကို ဒါရိုက်တာ ဦးသုခ ရိုက်ကူးသော ဘယ်သူပြိုင်လို့ လှပါတော့နိုင် ဇာတ်ကားတွင် ဇာတ်ပို့ဆုဖြင့် အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့သည်။ ထိုဇာတ်ကားတွင် စာမတတ် ပေမတတ် ထန်းတက်သမား ကိုချစ်စရာအဖြစ် ရိုးသားနုံအသော တောသားတစ်ယောက်၏ သဘောသဘာဝကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ပြနိုင်ခဲ့သည်။

လူကြမ်းခန်းများတွင်သာ အများအားဖြင့် သရုပ်ဆောင်လေ့ရှိသည့် ဦးအံ့ကျော်သည် ဘယ်သူပြိုင်လို့ လှပါတော့နိုင် ဇာတ်ကားတွင် ဇာတ်လမ်းအရ သနားစဖွယ် ကောင်းသော လူတစ်ယောက် အဖြစ် ဇာတ်ပို့ တစ်ဦးအနေဖြင့် ထူးခြားစွာ သရုပ်ဆောင်ခဲ့သည်။ ၎င်းအနေဖြင့် မကွယ်လွန်မီ အချိန်ထိ ရုပ်ရှင်ကားကြီး၊ ဗီဒီယို ဇာတ်ကားပေါင်း ၃၀၀-ခန့် သရုပ်ဆောင် ရိုက်ကူးခဲ့သည်။ ကွယ်လွန်ခါနီးတွင် မြန်မာ့ရုပ်မြင်သံကြားမှ ဘာသာရေး နေ့ထူးနေ့မြတ်များတွင် ထုတ်လွှင့်သော ဘာသာရေးဇာတ်လမ်းများ၌ ပါဝင်သရုပ်ဆောင်ခဲ့သည်။

ဘဝနိဂုံး

ဦးမြင့်ဝေ (ခေါ်) သရုပ်ဆောင် အကယ်ဒမီ ဦးအံ့ကျော်သည် ၂၀၀၇-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက် နေ့တွင် လေငန်းရောဂါဖြင့် ဒဂုံမြို့သစ်မြောက်ပိုင်း၊ ၄၉ ရပ်ကွက်၊ အမှတ် ၁၀၆၄၊ ဒူးယား (၆)လမ်း နေအိမ်၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၇၀) ရှိပြီ ဖြစ်သည်။

ကိုးကား

  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၀၈)