အဲရီးဇ်

ဝီကီပီးဒီးယား မှ
အဲရီးဇ်

အဲရီးဇ် (အင်္ဂလိပ်: Ares) /ˈɛərz/ (Ancient Greek: Ἄρης [árɛːs], literally meaning "battle") ရှေးဂရိဒဏ္ဍာရီမှ စစ်နတ်ဘုရား ဖြစ်သည်။ အိုလံပတ်တောင်တွင်စံမြန်းသော နတ်ဘုရား ဆယ့်နှစ်ပါး အနက် တစ်ပါးအပါအဝင် ဖြစ်ပြီး ဇုစ် (Zeus) မိုးကြိုးနတ်ဘုရား နှင့် ဟီရာ (Hera) တို့ ၏ သားတော် တစ်ပါးလည်းဖြစ်သည်။[၁] စစ်ရေး အတိုက်အခိုက်တွင် အလွန်ကျွမ်းကျင်သူ ဖြစ်သည်။ သွေးထွက်သံယိုမှုကို လို လားကာ ကြမ်းကြုတ် ရက်စက်သည့် စိတ်ဓာတ်ရှိသည်။ ဂရိတို့က အရီးရှ် (Ἄρης) ဟုခေါ်ဝေါ်သော်လည်း ရောမဘာသာစကားဖြင့်မူ မားစ်(Mars)နတ်မင်းဟု သတ်မှတ်သည်။ရောမလူမျိုးတို့က မားစ် တစ်နည်း အဲရီးဇ်အား ရောမမြို့တော်ကို တည်ထောင်သူ ရိုမျူလပ်၏ ခမည်းတော် ဖြစ်သည်ဟုယူဆကြသည်။

ကိုးကား

  1. Hesiod, Theogony 921 (Loeb Classical Library numbering); Iliad, 5.890–896. By contrast, Ares's Roman counterpart Mars was born from Juno alone, according to Ovid (Fasti 5.229–260).