အော့တမန် အင်ပိုင်ယာ

ဝီကီပီးဒီးယား မှ
၁၅:၄၈၊ ၁၂ ဇူလိုင် ၂၀၂၀ နေ့က CommonsDelinker (ဆွေးနွေး | ပံ့ပိုး) (Removing Seljuqs_Eagle.svg, it has been deleted from Commons by JuTa because: Source of derivative work not specified since 28 June 2020.) တည်းဖြတ်သည့်မူ
Ottoman Empire
دولت عليه عثمانیه
Devlet-i ʿAlīye-i ʿOsmānīye
Osmanlı Devleti
အော့တမန်_အင်ပိုင်ယာ၏ အလံတော်
Flag (1844–1922)
အော့တမန်_အင်ပိုင်ယာ၏ Coat of arms (1882 design)
Coat of arms (1882 design)
ဆောင်ပုဒ်: دولت ابد مدت
Devlet-i Ebed-müddet
"The Eternal State"
နိုင်ငံတော် သီချင်း: Imperial anthems of the Ottoman Empire
အော့တမန်_အင်ပိုင်ယာ၏ တည်နေရာ
မြို့တော်
  • Söğüt[၁]
  • (c. 1299–1335)
  • Bursa[၂]
  • (1335–1363)
  • Edirne[၂]
  • (1363–1453)
  • Constantinople(present-day Istanbul)[၃]
  • (1453–1922)
ကိုးကွယ်မှု
  • Sufism
  • Sunni Islam
  • Islamic theology
အစိုးရ
  • Absolute monarchy
  • (c. 1299–1876)
  • (1878–1908)
  • (1920–1922)
  • Constitutional monarchy
  • (1876–1878)
  • (1908–1920)
ဥပဒေပြုလွှတ်တော်General Assembly of the Ottoman Empire
ငွေကြေးAkçe, Para (currency)

အော့တမန်အင်ပိုင်ယာ (Ottoman Empire) သည် တူရကီတို့ ထူထောင်ခဲ့သော အင်ပိုင်ယာ ၁၆ ခုတွင် တစ်ခု အပါအဝင်ဖြစ်ပြီး ၁၂၉၉ ခုနှစ် ဇူလိုင်လ ၂၇ ရက်မှ ၁၉၂၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက် အထိ သက်တမ်းကြာမြင့်ခဲ့သည်။အော့တမန် အင်ပိုင်ယာသည် သမိုင်းကြောင်းတွင် အကြီးဆုံးနှင့် အကြာမြင့်ဆုံးသော အင်ပိုင်ယာများတွင် တစ်ခု အပါအဝင် ဖြစ်သည်။ ထိုအင်ပိုင်ယာသည် အစ္စလာမ် ဘာသာဝင်နှင့် အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းတို့မှ ထူထောင် ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

အော့တမန် အင်ပိုင်ယာကြီးကို တူရကီ အင်ပိုင်ယာ[၄](သို့) အော့တမန် အင်ပိုင်ယာ[၅][၆]လို့လဲ ခေါ်ဆိုကြပြီး ၁၃ရာစု အကုန်တွင် တူရကီ လူမျိုးခေါ်ဆောင် အိုစမန်မှ Bilecik နှင့် Sogut အနီးတွင် စတင်တည်ထောင်ခဲ့သည်[၇]။ ၁၃၅၄ ခုနှစ် နောက်ပိုင်းတွင် အော့တမန် အင်ပါယာကြီးမှာ ဉရောပထိ ကျယ်ပြန့်လာခဲ့ပြီး the Balkans ဒေသအောင်မြင်မှူနှင့် အတူ တိုက်ကြီးများဖြတ်ကျော်ပိုင်ဆိုင်သော အင်ပါယာကြီးဖြစ်လာခဲ့သည်။ အော့တမန် အင်ပိုင်ယာကြီးသည် ၁၄၅၃ တွင် Constantinople ကို အောင်နိုင်ပြီး ဘိုင်ဇန်တိုင်း အင်ပါယာကို အဆုံးသတ်ပေးခဲ့သည်။[၈] 

၁၆ ရာစုနှင့် ၁၇ ရာစုနှစ်များအတွင်း ဩဇာအာဏာ အထွဋ်အထိပ်သို့ ရောက်နေချိန်တွင် ထိန်းချုပ်ထားသော နယ်မြေများတွင် ဥရောပ အရှေ့တောင်ပိုင်း၊ အာရှ အနောက်တောင်ပိုင်း နှင့် အာဖရိကမြောက်ပိုင်းတို့ ပါဝင်သည်။ အော့တမန် အင်ပိုင်ယာတွင် ဒေသပေါင်း ၂၉ ခုပါဝင်သည်။ဩဇာခံ နယ်မြေများလည်း အများအပြားရှိပြီး အချို့ကို နောက်ပိုင်းတွင် အင်ပိုင်ယာ အတွင်းသို့ သွတ်သွင်းခဲ့ပြီး အချို့ကိုမူ ရာစုနှစ်များအတွင်း အမျိုးမျိုး ကွဲပြားခြားနားသော ကိုယ်ပိုင် အုပ်ချုပ်ရေးများ ပေးအပ်ခဲ့သည်။

မြို့တော်မှာ ယနေ့ခေတ် အစ်စတန်ဘူလ်မြို့ နေရာဖြစ်သော ကွန်စတန်တင်နိုပယ်လ် ဖြစ်သည်။ မဟာ ဆူလေမန် အုပ်ချုပ်နေစဉ်ကာလက မြေထဲပင်လယ်ဒေသ အရှေ့ပိုင်းရှိ ကျယ်ပြန့်သော နယ်မြေများကို အုပ်စိုးထားခဲ့သည်။ ထိုအင်ပိုင်ယာသည် အရှေ့တိုင်းကမ္ဘာ နှင့် အနောက်တိုင်းကမ္ဘာတို့ ဆက်ဆံရေးတွင် ဗဟို အချက်အခြာနေရာအဖြစ် ရာစုနှစ် ၆ ခုတိုင်အောင် ရှိနေခဲ့သည်။

ကိုးကား

  1. Stanford Shaw, History of the Ottoman Empire and Modern Turkey (Cambridge: University Press, 1976), vol. 1 p. 13
  2. ၂.၀ ၂.၁ "In 1363 the Ottoman capital moved from Bursa to Edirne, although Bursa retained its spiritual and economic importance." Ottoman Capital Bursa. Official website of Ministry of Culture and Tourism of the Republic of Turkey. Retrieved 26 June 2013.
  3. In Ottoman Turkish the city was known with various names, among which were Kostantiniyye (قسطنطينيه‎) (replacing the suffix -polis with the Arabic nisba), Dersaadet (در سعادت‎) and Istanbul (استانبول‎). Names other than Istanbul gradually became obsolete in Turkish, and after Turkey's transition to Latin script in 1928, the city's Turkish name attained international usage.
  4. Hamish Scott (2015)။ The Oxford Handbook of Early Modern European History, 1350–1750: Volume II။ p. 612။"The Ottoman Empire-also known in Europe as the Turkish Empire"
  5. Raphaela Lewis (1988)။ Everyday Life in Ottoman Turkey။ Dorset Press။ ISBN 978-0-88029-175-0
  6. Godfrey Goodwin (1977)။ Ottoman Turkey။ Scorpion Publications။
  7. Finkel၊ Caroline။ Osman's Dream: The Story of the Ottoman Empire, 1300–1923။ Basic Books။ pp. 2, 7။ ISBN 978-0-465-02396-7
  8. Quataert၊ Donald (2005)။ The Ottoman Empire, 1700–1922 (2 ed.)။ Cambridge University Press။ p. 4။ ISBN 978-0-521-83910-5