အိသာ ကရိနီ

ဝီကီပီးဒီးယား မှ
၀၉:၀၂၊ ၁၇ ဇွန် ၂၀၁၈ နေ့က NjsBot (ဆွေးနွေး | ပံ့ပိုး) (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း  (-မှုး +မှူး)) တည်းဖြတ်သည့်မူ

ကိုဩဒိနိတ်: Sky map 10h 45m 03.591s, −59° 41′ 04.26″

အိသာ ကရိနီ

အနီနှင့်ခရမ်းလွန်ရောင်ခြည်နီးပါးလှိုင်းအလျားမှ Wide Field and Planetary Camera ၂
Credit: Jon Morse (ကော်လိုရာဒို တက္ကသိုလ်) & နာဆာ ဟာဘဲလ် အာကာသ တယ်လီစကုပ်
စောင့်ကြည့်ဒေတာ
Epoch J2000      Equinox J2000
ကြယ်စုတန်း ကရိနာ
ညာဘက် နိမ့်ဆင်းမှု 10° 45′ 03.591″[၁]
တိမ်းစောင်းမှု −59° 41′ 04.26″
ပကတိ အရွယ်အစား (V) −၁.၀ မှ ~၇.၆
ဂုဏ်သတ္တိ
စတီလာ အမျိုးအစား variable[၂] + O[၃][၄]
ပကတိ အရွယ်အစား (U) ၆.၃၇
ပကတိ အရွယ်အစား (B) ၆.၈၂
ပကတိ အရွယ်အစား (R) ၄.၉၀
ပကတိ အရွယ်အစား (J) ၃.၃၉
ပကတိ အရွယ်အစား (H) ၂.၅၁
ပကတိ အရွယ်အစား (K) ၀.၉၄
U−B အရောင်ညွန်းကိန်း −၀.၄၅
B−V အရောင်ညွန်းကိန်း +၀.၆၁[၅]
မတည်မြဲသောကြယ် LBV
နက္ခတ္တဗေဒ
ဗဟိုခွာအား အလျင် (Rv)−၂၅.၀[၆] km/s
သင့်လျော် ရွေ့လျားမှု (μ) RA: −၇.၆ mas/yr
Dec.: ၁.၀ mas/yr
အကွာအဝေး၇,၅၀၀ ly
(၂,၃၀၀ pc)
ပကတိ အရွယ်အစား (MV)−၈.၆ (၂၀၁၂)
အသေးစိတ်
η Car A
ဒြပ်ထု~၁၂၀-(၁၇၀-၂၀၀)[၇] M
အချင်းဝက်60-800[၈] R
တောက်ပမှု၅,၀၀၀,၀၀၀ L
သက်ရောက်သည့် အပူချိန်၉,၄၀၀-၃၅,၂၀၀ K
စတီလာ သက်တမ်း<၃ Myr
η Car B
ဒြပ်ထု၃၀-၈၀ M
အချင်းဝက်၁၄.၃-၂၃.၆ R
တောက်ပမှု<၁,၀၀၀,၀၀၀ L
သက်ရောက်သည့် အပူချိန်၃၇,၂၀၀ K
သက်တမ်း<၃ Myr
ပတ်လမ်း
ပင်မη Car A
အဖော်η Car B
ပတ်လမ်းကြာချိန် (P)2022.7±1.3 days[၉]
(၅.၅၄ နှစ်)
ဆီမီး-မေဂျာ ဝင်ရိုး (a)၁၅.၄
စက်ဝိုင်းပုံပတ်လမ်း (e)၀.၉[၁၀]
နိမ့်ဆင်းမှု (i)၁၃၀–၁၄၅°
အနီးဆုံးပတ်လမ်း (T)၂၀၀၉.၀၃
ကြယ် စာရင်း
Foramen,[၁၁] Tseen She,[၁၂] 231 G Carinae,[၁၃] HR 4210, HD 93308, CD−59°2620, IRAS 10431-5925, GC 14799, AAVSO 1041–59
ရည်ညွန်း ဒေတာ
SIMBADdata

အိသာ ကရိနီ (ယခင်က Eta Argus ဟုသိထား) သည် စတီလာ စနစ်ဖြစ်ပြီး အနည်းဆုံး ကြယ်နှစ်စင်းပါဝင်ကာ နေထက် အဆပေါင်း ၅ သိန်း ပိုမိုတောက်ပသည်။ ယင်းသည် ကရိနာ ကြယ်စုတန်းထဲတွင် တည်ရှိပြီး အလင်းနှစ် ၇၅ဝဝ (၂၃ဝဝ parsecs) ကွာဝေးသည်။ ၁၈၃၇ ခုနှစ်မှ ၁၈၅၆ ခုနှစ်အတွင်း Great Eruption ဟုလူသိများသည့် စတုတ္ထမြောက် အတောက်ပဆုံးအဖြစ် ပထမဆုံး မှတ်တမ်းတင်ခံထားရသည်။ အိသာ ကရိနီ၏ အဓိကကြယ်နှစ်စင်းသည် ဘဲဥပုံပတ်လမ်းကြောင်းရှိကာ ကြာမြင့်ချိန်သည် ၅.၅၄ နှစ်ရှိသည်။ ပင်မကြယ်သည် နေထက် အဆပေါင်း ၁၅ဝ ထုထည်ပိုကြီးကာ ယင်းကတည်းက ၃ဝ ရာခိုင်နှုန်းအား ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယင်း၏ ထုထည်နှင့်သက်တမ်းအခြေနေအရ မဝေးတော့သည့်အနာဂတ်တွင် ဆူပါနိုဗာ သို့မဟုတ် ဟိုက်ပါနိုဗာအဖြစ် ပေါက်ကွဲလိမ့်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် ခရမ်းလွန် လေဆာရောင်ခြည် ထုတ်ပေးသည့် တစ်ခုတည်းသော ကြယ်လည်းဖြစ်ပေသည်။ ဒုတိယကြယ်သည် နေထက် အဆပေါင်း ၃ဝ-၈ဝ ခန့်ကြီးမားသည်ဟု ခန့်မှန်းထားသည်။

လေ့လာမှုသမိုင်း

ရှာဖွေတွေ့ရှိမှုနှင့် နာမည်ပေးခြင်း

အိသာ ကရိနီအား ဒတ်ချ်လူမျိုး Pieter Keyser ဆိုသူမတိုင်ခင် ၁၇ ရာစုတွင် မှတ်တမ်းတင်ခဲ့သည်ဟူသော ခိုင်လုံသည့်သက်သေအထောက်အထား မတွေ့ရပေ။ ၁၈၇၉ ခုနှစ်အထိ Eta Carinae အား ကောင်းမွန်စွာ မသိရှိခဲ့ပေ။ အစောဆုံး မှတ်တမ်းတင်ခဲ့သူမှာ အက်မော ဟေလီဖြစ်ပြီး ၁၆၇၇ ခုနှစ် Sequens ဟုသတ်မှတ်ခဲ့သည်။ သူ၏ Catalogus Stellarum Australium အား ၁၆၇၉ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။[၁၄] အိသာ ကရိနီအား တရုတ်လူမျိုး ရိုးရာနက္ခတ္တပညာရှင်များကလည်း ၁၇ ရာစုတွင် မှတ်တမ်းတင်ခဲ့ကြသည်။ တရုတ်လို 海山 ဟုခေါ်ပြီး ပင်လယ်နှင့်တောင်တန်းဟု အဓိပ္ပာယ်ရသည်။[၁၅] အိသာ ကရိနီအား Tseen She ဟုမှည့်ခေါ်ကာ (တရုတ်: 天社) (ကောင်းကင်ဘုံဝတ်ရည်) ယင်းအား 海山二 (ပင်လယ်နှင့်တောင်တန်း၏ ဒုတိယကြယ်) ဟုလည်းသိထားသည်။[၁၆] ဟာလေးသည် ပကတိအရွယ်အစား ၄ ရှိသည်ဟု ယင်းခေတ်အခါက တွက်ချက်ခဲ့သည်။ ယနေ့ခေတ်တွင်မူ ၃.၃ ရှိလေသည်။

အကွာအဝေး

အိသာ ကရိနီ၏ အကွာအဝေးအား နည်းလမ်းပေါင်းများစွာဖြင့် တိုင်းတာခဲ့ကြသည်။ အများလက်ခံထားသည်မှာ ၂၃ဝဝဝ Parsec (အလင်းနှစ် ၇၈ဝဝဝ) ဖြစ်သည်။ အတိမ်းအစောင်းမှာ ၁ဝဝ parsec (အလင်းနှစ် ၃၃ဝ) ရှိနိုင်သည်။ Trumpler နှင့် 16 HD 93250 ဆိုသော ကြယ်နှစ်စင်းနှင့် အကွာအဝေးချင်း တူညီနိုင်သည်။[၁၇]

မြင်နိုင်စွမ်း

ခရမ်းလွန်ရောင်ခြည်

အိသာ ကရိနီ၏ ဗဟိုပင်ရင်းမှ ခရမ်းလွန်ရောင်ခြည်များ ထုတ်ပေးလျက်ရှိသည်။

အနီအောက်ရောင်ခြည်

အိသာ ကရိနီမှ အနီအောက်ရောင်ခြည်လေ့လာမှုသည် အရေးပါလာခဲ့သည်။ ဗဟိုကြယ်မှ လျပ်စစ်သံလိုက်ရောင်ခြည် ဖြာထွက်မှုသည် ပတ်ဝန်းကျင်မှ ဖုန်မှုန်များကို စုပ်ယူလျက်ရှိပြီး အိသာ ကရိနီသည် အနီရောင်အောက် ရောင်စဉ်ပေါကြွယ်ဝသည့် ပင်ရင်းတစ်ခုပင်ဖြစ်သည်။

ရေဒီယို ထုတ်လွှင့်မှု

မိုက်ခရိုလှိုင်း band မှ အိသာ ကရိနီ၏ ရေဒီယို ထုတ်လွှင့်မှုကို လေ့လာခဲ့သည်။ ရေဒီယိုပင်ရင်းဖြစ်သော အချပ်ပြားဆီမှ အလျားသည် အချင်းအားဖြင့် ၁၀၀၀၀ AU ရှိသည်ဟု ပြသည်။ ထို့ပြင် ၅.၅ နှစ်ကြာတိုင်း ရေဒီယိုလှိုင်းအားသည် ပုံသေပြောင်းလဲလျက်ရှိသည်ဟု သိရသည်။

ပတ်ဝန်းကျင်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ကရိနာ နက်ဗျူလာ
ကရိနာ နက်ဗျူလာ၏ မြင်ကွင်း

အိသာ ကရိနီအား ကရိနာ နက်ဗျူလာအနားတွင် တွေ့ရှိခဲ့သည်။ ယင်းသည် နဂါးငွေ့တန်း၏ ကရိနာ-ဆဂါတိရိလက်မောင်းထဲမှ ကြယ်တာရာမွေးဖွားသည့် နယ်မြေဖြစ်သည်။ နက်ဗျူလာသည် တောင်ဘက်ခြမ်းကောင်းကင်တွင် မျက်စိဖြင့်မြင်ရသည့် အရာဝတ္ထုတစ်ခုပင်ဖြစ်သည်။ အိသာ ကရိနီသည် ကရိနီ နက်ဗျူလာကဲ့သို့ပင် အကွာအဝေးရှိပြီး နက်ဗျူလာထဲတွင် တောက်ပသော ကြယ်တာရာများစွာဖြင့် ထွန်းလင်းလျက်ရှိချေသည်။

ဂုဏ်သတ္တိ

ပတ်လမ်း

အိသာ ကရိနီသည် ဒွိကြယ်စနစ်ဖြစ်သောကြောင့် တိုက်ရိုက်လေ့လာရန် မဖြစ်နိုင်ပေ။ သို့သော်လည်း ဖြစ်နိုင်ခြေရှိသော ပတ်လမ်းမှာ ဘဲဥပုံစံ ဖြစ်သည်။[၁၈] ယင်းပတ်လမ်းအတွက် ကြာမြင့်ချိန်မှာ ၅.၅၃၉ နှစ်ဖြစ်ပြီး ထုထည်ဆုံးရှုံးမှုကြောင့် အပြောင်းအလဲ ရှိနိုင်သည်။ Great Eruption နှင့် ၁၈၉ဝ ခုနှစ်ကာလအတွင်း ပတ်လမ်းကြာမြင့်ချိန်မှာ ၅.၅၂ ဖြစ်ပြီး ယင်းမတိုင်ခင်ကမူ ၄.၈ နှင့် ၅.၄ ဖြစ်နိုင်သည်။ ပတ်လမ်းရှည်အကွာအဝေးမှာ ၁၅ မှ ၁၆ AU အတွင်း ဖြစ်နိုင်သည်။

ထုထည်

ကြယ်၏ ထုထည်အား တိတိကျကျတိုင်းတာရန် မလွယ်ကူပေ။ အိသာ ကရိနီသည် ဒွိကြယ်စနစ်ဖြစ်သောကြောင့် ယင်းတို့၏ပတ်လမ်းကို မသိရပေ။ များလှစွာသော စံနမူနာများအရ နေ၏ထုထည်ပေါင်း ၁၂ဝ-၂ဝဝ အသီးသီး ရှိကြသည်ဟုဆိုသည်။

ထုထည်ဆုံးရှုံးမှု

အိသာ ကရိနီသည် အင်မတန်တောက်ပကာ နည်းပါးသော မျက်နှာပြင်ဒြပ်ဆွဲအားကြောင့် ထုထည်မှာ ဆုံးရှုံးလျက်ရှိသည်။ Great Eruption ကာလအတွင်း ဆုံးရှုံးသွားသော ထုထည်ပမာဏမှာ ကြယ်တစ်စင်း တစ်နှစ်ပတ်လုံးဆုံးရှုံးသော ထုထည်ပမာဏထက် ထောင်ပေါင်းများစွာ များပြားလှသည်။

တောက်ပမှု

အပူချိန်

၂ဝ ရာစု အကုန်ထိ အိသာ ကရိနီ၏ အပူချိန်သည် ၃ဝဝဝ ကေလ်ဗင်ဟု ယူဆခဲ့သည်။ သို့သော်လည်း ဒွိကြယ်စနစ် အိသာ ကရိနီသည် အပူချိန်အားဖြင့် ၁ဝဝ မီလီယံကေလ်ဗင်ထိ ရှိနိုင်သည်။ ယင်းတွင် X-ray နှင့် ဂါမာရောင်စဉ်များလည်း ရှိနိုင်လေသည်။ အိသာ ကရိနီ B သည် ဟိုက်ပါဂျိုင့်ယန့်ကြယ်တစ်စင်းကဲ့သို့ ဖြစ်ဖွယ်ရှိပြီး အပူချိန်သည် ၂ဝဝဝဝ မှ ၂၅ဝဝဝ ကေလ်ဗင်ထိ ရှိနိုင်သည်။

အရွယ်အစား

အိသာ ကရိနီကြယ်စနစ်တွင် ကြယ်များ၏အရွယ်အစားကို တိုင်းတာရန်မှာ ခက်ခဲလှသည်။ အဘယ်ကြောင့်ဆိုသော် ယင်းကြယ်တို့အား တိုက်ရိုက် မမြင်နိုင်သောကြောင့်ပေတည်း။ ယင်းအား O type ကြယ်ဘီလူးကြီးဟု ယူဆရသည်။

လည်ပတ်မှု

ဆင့်ကဲပြောင်းလဲမှု

ဆူပါနိုဗာ ပေါက်ကွဲတန်စွမ်း

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဆူပါနိုဗာ

နဂါးငွေ့တန်း ဂယ်လက်ဆီတွင် နောက်ထပ်ဖြစ်ပွားမည့် ဆူပါနိုဗာသည် ကြယ်ဖြူပု သို့မဟုတ် အမျိုးအမည်မသိရသော ကြယ်ဘီလူးကြီးများဆီမှဟု ခန့်မှန်းခြေ တွက်ချက်ထားသည်။ ယင်းတို့အား သာမန်မျက်စိဖြင့် မြင်နိုင်မည် မဟုတ်ပေ။[၁၉] သို့သော်လည်း အိသာ ကရိနီကဲ့သို့ ကြီးမားသည့် ကြယ်များသည် ဆူပါနိုဗာ ပေါက်ကွဲလာနိုင်သောကြောင့် အထူးပင်စိတ်ဝင်စားခြင်း ခံရလျက်ရှိချေသည်။[၂၀] နေထက် အဆပေါင်း ၁၅ဝ ကြီးမားသည့် ကြယ်တစ်စင်းသည် နှစ်ပေါင်း ၃ သိန်းအတွင်း Wolf–Rayet ကြယ်အဖြစ် ကျဆင်းပြိုကွဲတတ်လေသည်။ သတ္တုနည်းပါးသောအခြေနေတွင် ကြီးမားသည့်ကြယ်များသည် တွင်းနက်များအဖြစ် တိုက်ရိုက်ကူးပြောင်းကြသည်။ ယင်းတို့ကိုမူ တောက်ပသော ဆူပါနိုဗာများအဖြစ် မြင်တွေ့နိုင်မည် မဟုတ်ပေ။ သေချာသည့် ဆူပါနိုဗာများသည် ဂါမာရောင်ခြည်အား ထုတ်လွှတ်ပေးတတ်ကြသော်လည်း အိသာ ကရိနီကဲ့သို့ကြယ်များသည် ယင်းကဲ့သို့ထုတ်လွှတ်ပေးရန် မမျော်လင့်ထားပေ။

ကမ္ဘာမြေပြင် သက်ရောက်မှု

အိသာ ကရိနီ တည်ရှိသည့်အကွာအဝေးမှ ယေဘုယျ ဆူပါနိုဗာပေါက်ကွဲမှုသည် မြင်နိုင်သောအရွယ်အစား ၄ အထိ တောက်ပမည်ဖြစ်သည်။ ယင်းသည် သောကြာဂြိုဟ်၏ မြင်နိုင်သောအရွယ်အစားပင်ဖြစ်သည်။ ဟိုက်ပါနိုဗာဆိုပါက ယင်းထက် ပိုမိုတောက်ပပါလိမ့်မည်။ မှတ်တမ်းတင်ထားသော အတောက်ပဆုံး ဆူပါနိုဗာမှာ SN 1006 ဖြစ်သည်။ အလင်းနှစ် ၇၅ဝဝ မှကြယ်တစ်စင်းသည် သက်ရှိတို့အား အန္တရာယ်ဖြစ်စေမည့်သဘော မရှိပေ။ ယင်းတို့သည် အင်အားပြင်းထန်သော ဂါမာရောင်ခြည်များကို ထုတ်လွှင့်ပေးသောကြောင့် အဓိက ထိခိုက်မည့်အရာမှာ အိုဇုန်းလွှာအာကာသယာဉ်ဂြိုဟ်တုနှင့် အာကာသထဲမှ အကာသယာဉ်မှူးများ ဖြစ်ပေမည်။ သို့သော်လည်း ယင်းသို့ဖြစ်ရန် အန္တရာယ်များသည့် ဟိုက်ပါနိုဗာတစ်ခုသည် ကမ္ဘာမြေနှင့် အလင်းနှစ် ၅ဝ ခန့်နီးကပ်ဖို့ လိုအပ်သည်။[၂၁] အိသာ ကရိနီသည် ဂါမာရောင်ခြည်များ ထုတ်လွှတ်ပေးမည်ဟု မမျော်လင့်ရပါ။ သို့သော် ကမ္ဘာမြေပေါ် တိုက်ရိုက်ထိမိပါက သက်ရှိတို့ အဓိကမျိုးသုဉ်းခြင်းနှင့် ရင်ဆိုင်နိုင်ဖွယ်ရှိလေသည်။ တွက်ချက်မှုများအရ ယင်းကဲ့သို့ ဂါမာရောင်ခြည်နှင့် ထိမိပါက ကမ္ဘာ့လေထုအနေဖြင့် နေမျက်နှာပြင်နှင့် တိုက်ရိုက်ထိတွေ့လိုက်ရသကဲ့သို့ပင် ရှိချေတော့သည်။

ကိုးကား

  1. "The Tycho-2 catalogue of the 2.5 million brightest stars" (2000). Astronomy and Astrophysics 355: L27. Bibcode2000A&A...355L..27H. 
  2. "VizieR Online Data Catalog: Catalogue of Stellar Spectral Classifications (Skiff, 2009–2014)" (2014). VizieR On-line Data Catalog: B/mk. Originally published in: Lowell Observatory (October 2014) 1: 2023. Bibcode2014yCat....1.2023S. 
  3. "The Binarity of η Carinae Revealed from Photoionization Modeling of the Spectral Variability of the Weigelt Blobs B and D" (2005). The Astrophysical Journal 624 (2): 973. doi:10.1086/429400. Bibcode2005ApJ...624..973V. 
  4. "High-excitation Emission Lines near Eta Carinae, and Its Likely Companion Star" (2010). The Astrophysical Journal 710: 729. doi:10.1088/0004-637X/710/1/729. Bibcode2010ApJ...710..729M. 
  5. "VizieR Online Data Catalog: Catalogue of Stellar Photometry in Johnson's 11-color system" (2002). CDS/ADC Collection of Electronic Catalogues 2237: 0. Bibcode2002yCat.2237....0D. 
  6. "General catalogue of stellar radial velocities" (1953). Washington: 0. Bibcode1953GCRV..C......0W. 
  7. "Periastron Passage Triggering of the 19th Century Eruptions of Eta Carinae" (2010). The Astrophysical Journal 723: 602. doi:10.1088/0004-637X/723/1/602. Bibcode2010ApJ...723..602K. 
  8. "JD13 – Eta Carinae in the Context of the Most Massive Stars" (2010). Proceedings of the International Astronomical Union 5: 373. doi:10.1017/S1743921310009890. Bibcode2010HiA....15..373G. 
  9. "The periodicity of the η Carinae events" (2008). Monthly Notices of the Royal Astronomical Society 384 (4): 1649. doi:10.1111/j.1365-2966.2007.12815.x. Bibcode2008MNRAS.384.1649D. 
  10. "Eta Carinae: A long period binary?" (1997). New Astronomy 2 (2): 107. doi:10.1016/S1384-1076(97)00008-0. Bibcode1997NewA....2..107D. 
  11. Will Gater; Anton Vamplew; Jacqueline Mitton (June 2010)။ The practical astronomer။ Dorling Kindersley။ ISBN 978-1-4053-5620-6
  12. Allen၊ Richard Hinckley (1963)။ Star Names: Their Lore and Meaning။ Dover Publications။ p. 73။ ISBN 978-0-486-21079-7
  13. "Uranometria Argentina : Brillantez Y posicion de las estrellas fijas, hasta la septima magnitud, comprendidas dentro de cien grados del polo austral : Con atlas" (1879). Resultados del Observatorio Nacional Argentino en Cordoba ; v. 1 1. Bibcode1879RNAO....1.....G. 
  14. Halley၊ Edmund (1679)။ Catalogus stellarum australium; sive, Supplementum catalogi Tychenici, exhibens longitudines et latitudines stellarum fixarum, quae, prope polum Antarcticum sitae, in horizonte Uraniburgico Tychoni inconspicuae fuere, accurato calculo ex distantiis supputatas, & ad annum 1677 completum correctas...Accedit appendicula de rebus quibusdam astronomicis။ London: T. James။ p. 13။
  15. 陳久金 (Chen Jiu Jin) (2005)။ Chinese horoscope mythology 中國星座神 (တရုတ်ဘာသာစကားဖြင့်)။ 台灣書房出版有限公司 (Taiwan Book House Publishing Co., Ltd.)။ ISBN 978-986-7332-25-7
  16. 陳輝樺 (Chen Huihua):Activities of Exhibition and Education in Astronomy (in zh) (28 July 2006)။ 30 December 2012 တွင် ပြန်စစ်ပြီး။
  17. "Validation of the new Hipparcos reduction" (2007). Astronomy and Astrophysics 474 (2): 653. doi:10.1051/0004-6361:20078357. Bibcode2007A&A...474..653V. 
  18. "Constraining the absolute orientation of η Carinae's binary orbit: A 3D dynamical model for the broad Fe III emission" (2012). Monthly Notices of the Royal Astronomical Society 420 (3): 2064. doi:10.1111/j.1365-2966.2011.20165.x. Bibcode2012MNRAS.420.2064M. 
  19. "Observing the Next Galactic Supernova" (2013). The Astrophysical Journal 778 (2): 164. doi:10.1088/0004-637X/778/2/164. Bibcode2013ApJ...778..164A. 
  20. "Eta Carinae: An Astrophysical Laboratory to Study Conditions During the Transition Between a Pseudo-Supernova and a Supernova" (2014). American Astronomical Society 223. Bibcode2014AAS...22340503M. 
  21. "Possible Consequences of Nearby Supernova Explosions for Atmospheric Ozone and Terrestrial Life" (1974). Science 184 (4141): 1079–81. doi:10.1126/science.184.4141.1079. PMID 17736193. Bibcode1974Sci...184.1079R.