အားမဇွန်

ဝီကီပီးဒီးယား မှ
၂၂:၁၂၊ ၂၇ ဒီဇင်ဘာ ၂၀၂၀ နေ့က Bhonebsm (ဆွေးနွေး | ပံ့ပိုး) (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း  (-၏ ။ +၏။)) တည်းဖြတ်သည့်မူ
ဒဏ်ရာရနေသော အားမဇွန်အမျိုးသမီးရုပ်တု ၊ရောမမြို့၊ ကတ်ပီတိုလီနီပြတိုက်။
တိုက်ပွဲအတွက် ပြင်ဆင်နေသော အားမဇွန် (အန်တီယော့ ဘုရင်မ (သို့) လက်နက်ဖြင့် ဗီးနပ်စ်)၊ ၁၈၆၀ မှ Pierre-Eugène-Emile Hébert ၏ လက်ရာ။ ဝါရှင်တန် ဒီ စီ မြို့တော်ရှိ အနုပညာ အမျိုးသားပြခန်း

ဂရိဒဏ္ဍာရီတွင် အားမဇွန် (အင်္ဂလိပ်: Amazons; [Αμαζόνες Amazónes, singular Αμαζών Amazōn)] အမှား။ {{Lang-xx}}: text has italic markup (အကူအညီ)) သည် အေးရှမိုင်းနားဒေသတွင် နေထိုင်ခဲ့သည်ဟု ယူဆရသော သူရဲကောင်းအမျိုးသမီး မျိုးနွယ်စုတစ်ခုဖြစ်သည်။ ရိုးဒ်စ်ကျွန်းမှ အပေါလိုနိယပ်စ်က ၎င်း၏ အာဂွန်နော့တီကာ ကဗျာတွင် အားမဇွန်များသည် အဲရီးဇ်နှင့် ဟာမောနီယာ တို့၏ သမီးများဟု ဖော်ပြကာ ၎င်းတို့သည် ကြမ်းတမ်းရက်စက်ကြ၍ ဘဝတွင် ၎င်းတို့၏ အဓိကအရေးမှာ စစ်ပွဲ ဟူ၍လည်း ဆိုထားသည်။[၁][၂]

အားမဇွန်ဘုရင်မများထဲက ပန်သက်ဆီးလီယာသည် ထင်ရှား၍ ထရိုဂျန်စစ်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့သူဖြစ်၏။ သူမ၏ညီမ ဟစ်ပေါလစ်တာတွင် ဖခင်ဖြစ်သူ အဲရီးဇ်က ပေးထားသော မှော်အစွမ်းရှိ ခါးပန်းကြိုးရှိကာ ထိုပစ္စည်းသည် ဟဲရာကလီးဇ်၏ လုပ်ငန်းတာဝန် (၁၂)ရပ်ထဲက လုပ်ဆောင်ရသော အလုပ်တစ်ခုလည်းဖြစ်သည်။ မိခင်သည် အိုထရီးရာဖြစ်၍ ပထမဆုံး အားမဇွန်ဘုရင်မဖြစ်သည်။ အားမဇွန်များသည် ထရိုဂျန်စစ်ပွဲ၌ ထရွိုင်ဘက်ကဝင်၍ ကူတိုက်ပေးခဲ့သည်။[၃] ဒိုင်ယာဒေါရပ်စ်က အားမဇွန်အနွယ်များသည် ဘုရင်မ မိရီနာ (Myrina) လက်အောက်တွင် လစ်ဗျားမှ နေ၍ ခရီးသွားလာခဲ့ကြသည်ဟု ဖော်ပြသည်။[၄] ဂန္ထဝင်အနုပညာရပ်တွင် ထိုအမျိုးသမီးစစ်သူရဲကောင်းများကို ဂရိများနှင့် တိုက်ခိုက်သည့် တိုက်ပွဲတွင် များသောအားဖြင့် မှုန်းချယ်ရေးဆွဲတတ်ကြသည်။ ခေတ်သစ် အစောပိုင်းကာလမှစ၍ ၎င်းတို့၏အမည် အားမဇွန် (Amazon) သည် အမျိုးသမီးသူရဲကောင်းများအတွက် ယေဘုယျသုံးစွဲသော ဝေါဟာရဖြစ်လာခဲ့သည်။ ဤမျိုးနွယ်များသည် မြို့များစွာကို တည်ထောင်ခဲ့ကြသည်ဟုလည်း ဆိုကြသည်။

ကိုးကား