အရှေ့တီမောနိုင်ငံ
အရှေ့တီမောဒီမိုကရက်တစ်သမ္မတနိုင်ငံ Repúblika Demokrátika Timór Lorosa'e República Democrática de Timor-Leste | |
---|---|
ဆောင်ပုဒ်: "ညီညွတ်ရေး၊ ကုသိုလ်၊ တိုးတက်ရေး" | |
နိုင်ငံတော် သီချင်း: Pátria | |
မြို့တော် | ဒီလီမြို့ |
အကြီးဆုံးမြို့ | ဒီလီမြို့ |
ရုံးသုံး ဘာသာစကားများ | တဲတွမ်ဘာသာ၊ ပေါ်တူဂီဘာသာ |
လူမျိုးစု | Austronesian (Malayo-Polynesian), Papuan, တရုတ် |
ကိုးကွယ်မှု | Roman Catholic (၉၈%), အစ္စလာမ် (၁%), Protestant (၁%), အခြား (၃.၄%) |
အမျိုးအစား | Parliamentary republic |
အစိုးရ | |
• သမ္မတ | José Ramos-Horta |
• ဝန်ကြီးချုပ် | Xanana Gusmão |
တည်ထောင် | |
• လွတ်လပ်ရေး (Portugal၊ ကြေညာ) | ၂၈ နိုဝင်ဘာ ၁၉၇၅ |
• လွတ်လပ်ရေး (သတ်မှတ်) | ၂၀ မေ ၂၀၀၂ |
ဧရိယာ | |
• စုစုပေါင်း | ၁၅,၄၁၀ km² (၅,၇၄၃ sq mi) (အဆင့်: ၁၅၈) |
• ရေထု (%) | ၀ |
လူဦးရေ | |
• ခန့်မှန်း | ၁,၁၀၈,၇၇၇ (အဆင့် - ၄) |
• သိပ်သည်းမှု | ၆၄/km² (၁၆၆/sq mi) (အဆင့် - ၁၃၂) |
GDP (PPP) | ခန့်မှန်း |
• စုစုပေါင်း | USD $၂.၆၀၈ သိန်းကုဋေ (အဆင့် - ၁၇၈) |
• Per capita | USD $၂,၅၀၀ (အဆင့် - ၁၈၈) |
HDI | ၀.၅၁၄ နိမ့် · ၁၅၀ |
ငွေကြေး | U.S. Dollar (USD "$") |
အချိန်ဇုန် | +၉ |
တယ်လီဖုန်းကုဒ် | +၆၇၀ |
Internet TLD | .tl |
အရှေ့တီမောနိုင်ငံ (East Timor or Timor-Leste) တရားဝင်အားဖြင့် တီမောလက်စ်တီ ဒီမိုကရက်တစ် သမ္မတနိုင်ငံသည် အရှေ့တောင်အာရှတွင် တည်ရှိသော ကျွန်းနိုင်ငံတစ်ခု ဖြစ်သည်။ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး တီမောကျွန်း၏ အရှေ့ဘက်တွင် တည်ရှိသည်။ အနောက်ဘက်တွင် အင်ဒိုနီးရှားနိုင်ငံ အနောက်တီမော နှင့် တောင်ဘက်တွင် ဩစတြေးလျနိုင်ငံသည် တီမော ပင်လယ်ခြား၍တည်ရှိသည်။ နိုင်ငံသည် ၅၄၀၀ စတုရန်းမိုင် (၁၅၄၁၀ ကီလိုမီတာ) ကျယ်ဝန်းသည်။
အရှေ့တီမောသည် ၁၆ရာစုနှစ်များတွင် ပေါ်တူဂီနိုင်ငံ၏ ကိုလိုနီဖြစ်ခဲ့သည်။ ၁၉၇၅ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့ တီမောနယ်မြေ လွတ်လပ်ရေးမကြေညာခင်အချိန်အထိ ပေါ်တူဂစ်-တီမောဟု ခေါ်ကြသည်။ လွတ်လပ်ရေးကြေညာအပြီး ၉ ရက်မြောက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံက ယင်း၏ ၂၇ခုမြောက် နယ်မြေအဖြစ် သိမ်းယူခဲ့သည်။ အင်ဒိုနီးရှားစစ်တပ်နှင့် တီမောနယ်မြေ ခွဲထွက်ရေးအုပ်စုများကြား ပဋိပက္ခများသည် ကာလကြာရှည်စွာ တည်ရှိခဲ့သည်
၁၉၉၉ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ဥပဒေအရ အင်ဒိုနီးရှားနိုင်ငံသည် အဆိုပါတီမောနယ်မြေကို လက်လွှတ်ပေးခဲ့သည်။ ၂၀၀၂ခုနှစ် မေလ ၂၀ ရက်နေ့တွင် တီမောနိုင်ငံသည် ၂၁ ရာစု၏ ပထမဆုံးသော လွတ်လပ်၍ အချုပ်အခြာပိုင် နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သည်။ ထို့နောက် ကမ္ဘာ့ကုလသမဂ္ဂနှင့် ပေါ်တူဂီဘာသာစကား ကျင့်သုံးသောနိုင်ငံများအဖွဲ့သို့ ဝင်ရောက်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် အရှေ့တောင်အာရှနိုင်ငံများအသင်းသို့ ၁၁နိုင်ငံမြောက်အဖြစ် ဝင်ရောက်လိုကြောင်း ကြေညာခဲ့သည်။
အမည်ရင်းမြစ်
သမိုင်း
နိုင်ငံရေးနှင့် အစိုးရ
နိုင်ငံခြားဆက်ဆံရေးနှင့် စစ်ရေးကိစ္စများ
ပြည်နယ်များ
ပထဝီနှင့် ရာသီဥတု
စီးပွားရေး
လူဦးရေပျံနှင့် နေထိုင်မှု
အယူဘာသာများ
အားကစား
ဆက်စပ်ကြည့်ရှုရန်
ရည်ညှန်းချက်များ
ပြည်ပဆက်သွယ်ရေး
ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |