အရက်ဖြူ

ဝီကီပီးဒီးယား မှ

အရက်ဖြူသည် မူးယစ်စေတတ်သော အဖျော်ယမကာ တစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်သော အရက်တစ်မျိုးလည်း ဖြစ်သည်။ မြန်မာ့ စားသောက်ကုန်နှင့် အဖျော်ယမကာလုပ်ငန်း (Burma Eateries and Distilleries Corporation) မှ ထုတ်လုပ် ရောင်းချသော အရက်တစ်မျိုး ဖြစ်သဖြင့် အင်္ဂလိပ် နာမည်၏ အတိုကောက် ဘီအီးဒီစီ သို့မဟုတ် ဘီအီးဟုပင် လူသိများသည်။ အဖြူ(သို့) ထွေးညို ဟုလည်း ခေါ်ဝေါ်သုံးနှုန်းလေ့ ရှိကြသည်။

စီးပွားရေး လုပ်ငန်းများကို နိုင်ငံတော်မှ ထိန်းချုပ်ထားသည့် အချိန်က အရက်ဖြူကို အစိုးရ စက်ရုံမှပင် ထုတ်လုပ်ပြီး တစ်နိုင်ငံလုံးရှိ အရက်ဖြူဆိုင်များသို့ ဖြန့်ဖြူး ရောင်းချပေးသည်။ အခြေခံ လူတန်းစားများ အများဆုံး သောက်သုံးလေ့ ရှိသဖြင့် အရက်ဖြူဆိုင်ကို ဘုံဆိုင်ဟု ခေါ်ဝေါ်သုံးနှုန်းလေ့ ရှိကြသည်။ အရက်ဖြူကို အဆီအဖြစ် ထုတ်လုပ်လေ့ ရှိပြီး အရက်ဖြူ အဆီ တစ်ပုလင်းကို ရေ ၆ ပုလင်းဖြင့် ရောစပ်ပါက သောက်သုံးနိုင်သော အရက်ဖြူကို ရရှိသည်။