အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ

ဝီကီပီးဒီးယား မှ
၁၇:၂၈၊ ၅ ဖေဖော်ဝါရီ ၂၀၂၁ နေ့က Ninjastrikers (ဆွေးနွေး | ပံ့ပိုး) ("အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ" ကို က ကာကွယ်ခဲ့သည်: ဖျက်လိုဖျက်ဆီးလုပ်ဆောင်မှု များပြား ([ပြင်ဆင်ရန်=အလိုအလျောက် အတည်ပြုထားသော အသုံးပြုသူများကိုသာ ခွင့်ပြုသည်] ( ၁၇:၂၈၊ ၅ မတ် ၂၀၂၁ (UTC) တွင် သက်တမ်းကုန်မည်) [ရွှေ့ရန်=အလိုအလျောက် အတည်ပြုထားသော အသုံးပြုသူများကိုသာ ခွင့်ပြုသည်] ( ၁၇:၂၈၊ ၅ မတ် ၂၀၂၁ (UTC) တွင် သက်တမ်းကုန်မည်))) တည်းဖြတ်သည့်မူ
အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၃၁ မတ် ၂၀၁၁; ၁၃ နှစ် အကြာက (၂၀၁၁-၀၃-31)
အဖွဲ့အစည်းအမျိုးအစားကောင်စီ
ဌာနချုပ်နေပြည်တော်
ဌာနအကြီးအမှူးများဦးဝင်းမြင့်၊ သမ္မတ

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ (အင်္ဂလိပ်: National Defence and Security Council အတိုကောက် NDSC) သည် အဖွဲ့ဝင် ၁၁ ဦးပါဝင်သည့် အမျိုးသားအဆင့် လုံခြုံရေးကောင်စီ တစ်ခုဖြစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် တာဝန်ရှိအဖွဲ့အစည်း ဖြစ်သည်။[၁] ကောင်စီကို ၂၀၁၁ မတ်လ ၃၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။[၂][၃] အဖွဲ့ဝင် ၁၁ ဦးအနက် ၅ ဦးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်သည်။[၃][၄] တပ်မတော်သည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အစီရင်ခံရသည်။[၅] ကောင်စီကို မြန်မာနိုင်ငံအခြေခံဥပဒေ(၂၀၀၈) ပုဒ်မ ၂၀၁ အရ ဖွဲ့စည်းခြင်း ဖြစ်သည်။[၆]

အဖွဲ့ဝင်များ

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကို အောက်ပါအဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည်။

  • နိုင်ငံတော်သမ္မတ
  • ဒုတိယသမ္မတ
  • ဒုတိယသမ္မတ
  • ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ
  • အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ
  • တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
  • ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
  • ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး
  • နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး
  • ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး
  • နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး

သမ္မတ ဦးဝင်းမြင့်လက်ထက် အဖွဲ့ဝင်များ

ရာထူး အမည်
နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်
ဒုတိယသမ္မတ ဦးမြင့်ဆွေ
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်၊ ဗိုလ်ချုပ်မှူးကြီး
ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)
ကာကွယ်ရေးဝန်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး
ပြည်ထဲရေး ဝန်ကြီး
နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်
နယ်စပ်ရေးရာဝန်ကြီး ရဲအောင် (ဒုတိယဗိုလ်ချုပ်ကြီး)

သမ္မတ ဦးထင်ကျော်လက်ထက် အဖွဲ့ဝင်များ

ရာထူး အမည်
နိုင်ငံတော် သမ္မတ ဦးထင်ကျော်
ဒုတိယသမ္မတ ဦးမြင့်ဆွေ
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်၊ ဗိုလ်ချုပ်မှူးကြီး
ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)
ကာကွယ်ရေးဝန်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး
ပြည်ထဲရေး ဝန်ကြီး ကျော်ဆွေ (ဒုတိယဗိုလ်ချုပ်ကြီး)
နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်
နယ်စပ်ရေးရာဝန်ကြီး ရဲအောင် (ဒုတိယဗိုလ်ချုပ်ကြီး)

သမ္မတ ဦးသိန်းစိန် လက်ထက် အဖွဲ့ဝင်များ

၂၀၁၃ ဇူလိုင် ၉ ရက်နေ့အထိ ကောင်စီကို အောက်ပါအဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည်။[၇][၈][၉]

ရာထူး အမည်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်
ဒုတိယသမ္မတ စိုင်းမောက်ခမ်း
ဒုတိယသမ္မတ သီဟသူရ ဦးတင်​အောင်မြင့်ဦး
ဦးဉာဏ်ထွန်း
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်၊ ဗိုလ်ချုပ်မှူးကြီး
ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)
ကာကွယ်ရေးဝန်ကြီး ဝေလွင် (ဒုတိယဗိုလ်ချုပ်ကြီး)
ပြည်ထဲရေး ဝန်ကြီး ကိုကို (ဒုတိယဗိုလ်ချုပ်ကြီး)
နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်
နယ်စပ်ရေးရာဝန်ကြီး သက်နိုင်ဝင်း (ဒုတိယဗိုလ်ချုပ်ကြီး)

ဝေဖန်မှုများ

ကာလုံတွင် အဖွဲ့ဝင် (၁၁) ဦးရှိသည့်အနက် (၆) ဦးမှာ တပ်မတော်မှ ခန့်အပ်သူများဖြစ်သဖြင့် တပ်မတော်ဘက်က အသာစီးရနေသည်ဟု ဝေဖန်မှုများရှိသည်။[၁၀]


ကိုးကား

  1. MacDonald၊ Adam P။ "The Tatmadaw’s new position in Myanmar politics"၊ East Asia Forum၊ 1 May 2013။ 27 June 2015 တွင် ပြန်စစ်ပြီး 
  2. "Myanmar forms national defense, security council"၊ People's Daily၊ 1 April 2011။ 27 June 2015 တွင် ပြန်စစ်ပြီး 
  3. ၃.၀ ၃.၁ Htun Aung Gyaw။ "Myanmar's constitutional crisis reaching boiling point"၊ The Nation၊ 21 February 2014။ 27 June 2015 တွင် ပြန်စစ်ပြီး 
  4. Sithu Aung Myint။ "Coalition government: just a fantasy?"၊ Myanmar Times၊ 20 May 2015။ 27 June 2015 တွင် ပြန်စစ်ပြီး 
  5. Weiss၊ Stanley A။ "Myanmar: A nation at war with itself"၊ Myanmar Times၊ 4 March 2013။ 27 June 2015 တွင် ပြန်စစ်ပြီး 
  6. Constitution of the Republic of the Union of MyanmarMinistry of Information (September 2008)။ 27 June 2015 တွင် ပြန်စစ်ပြီး။
  7. National Defense and Security Council (NDSC)Alternative Asean Network on Burma (9 July 2013)။ 3 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 June 2015 တွင် ပြန်စစ်ပြီး။
  8. "အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့စည်းခြင်း (ကြေညာချက်အမှတ် ၉/၂ဝ၁၁)"၊ နိုင်ငံတော်သမ္မတရုံး၊ ၆ ဧပြီ ၂၀၁၁။ Archived from the original on 4 February 2019။ 
  9. "အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် အဖွဲ့ဝင် ပြင်ဆင်ဖွဲ့စည်းခြင်း (ကြေညာချက်အမှတ် ၃/၂၀၁၂)"၊ နိုင်ငံတော်သမ္မတရုံး၊ ၁၆ ဩဂုတ် ၂၀၁၂။ Archived from the original on 4 February 2019။ 
  10. https://myanmar-now.org/mm/news/1999