အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)

ဝီကီပီးဒီးယား မှ
၀၂:၃၀၊ ၁၆ ဇန်နဝါရီ ၂၀၂၁ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8) တည်းဖြတ်သည့်မူ
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)
National University of Arts and Culture, Yangon
NUAC
စိတ္တံ ဒန္တံ သုခါ ဝဟံ
Mind when tamed is conducive to happiness
cittaṃ dantaṃ sukhāvahaṃ
ယဉ်ကျေးမှုတက္ကသိုလ်(ရန်ကုန်)


တည်ထောင်ခုနှစ် ၂၄ စက်တင်ဘာ ၁၉၉၃
ပါမောက္ခချုပ် ​ဦးအောင်နိုင်မြင့်
တည်နေရာ ၂၆ အောင်ဇေယျလမ်းမ တောင်ဒဂုံ ၁၁၄၃၁, ရန်ကုန်, ရန်ကုန်တိုင်းဒေသကြီး, မြန်မာ
အမျိုးအစား အများနှင့်သက်ဆိုင်သော
ဝဘ်ဆိုတ် NUAC Yangon


သမိုင်းကြောင်း

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)ကို ယခင်က 'ယဉ်ကျေးမှုတက္ကသိုလ်(ရန်ကုန်)' အမည်ဖြင့် ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကျင်းပြုလုပ်သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစည်းအဝေး အမှတ် ၃၇/ ၉၁ အရ အမှတ်(၁၃၁)၊ ကမ္ဘာအေးစေတီလမ်း၊ ကမ္ဘောဇအဆောက်အဦဝင်း အတွင်းတွင် ဖွင့်လှစ်ခဲ့သည်။ ၁၉၉၆ ခုနှစ် စက်တင်ဘာလ၊ ၁၈ ရက်နေ့တွင် ယခုလက်ရှိတည်ရှိနေသော အမှတ်(၂၆)ရပ်ကွက်၊ အောင်ဇေယျလမ်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း) သို့ ပြောင်းရွေ့ဖွင့်လှစ်ခဲ့သည်။

တက္ကသိုလ်စတင်ဖွင့်လှစ်စဉ်က ကျောင်းအုပ်ကြီးအဖြစ် ဦးမောင်မောင်ခိုင်က တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ၁၉၉၇ ခုနှစ် ၊ ဇွန်လ(၄)ရက်နေ့တွင် ကျင်းပသည့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ အစည်းအဝေး အမှတ်(၂၁/၉၇)ဆုံးဖြတ်ချက်အရ ပါမောက္ခချုပ် ဦးစီးသော ဖွဲ့စည်းပုံအဆင့်(၂)သို့ တိုးမြှင့်ခဲ့သည်။

ပါမောက္ခချုပ် ဦးမောင်မောင်ခိုင် အငြိမ်းစားယူပြီးနောက် ၁၉၉၈ ခုနှစ်၊ ဇွန်လ(၆)ရက်နေ့တွင် ဦးဇော်သန်းက ပါမောက္ခချုပ် တာဝန်ကိုယူခဲ့သည်။ ၁၉၉၉ခုနှစ်၊ ဇွန်လ(၃၀)ရက်တွင် ဦးဇော်သန်းသည် ယဉ်ကျေးမှု ဝန်ကြီးဌာနအနုပညာဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် ရာထူးတိုးမြှင့်ပေးခြင်းခံရပြီး နောက်တွင် ဦးတင်စိုးက ပါမောက္ခချုပ်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင် အစိုးရအဖွဲ့၏ သဘောတူညီချက်(၄၀/၂၀၀၇)အရ ယဉ်ကျေးမှု တက္ကသိုလ်ကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ ဦးတင်စိုးသည် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)သို့ ပြောင်းရွှေ့သွားခဲ့ပြီး ၂၀၀၉ ခုနှစ် မေလမှစ၍ ဒေါ်နန္ဒာမွှန်းက ပါမောက္ခချုပ် အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ၂၀၁၀ပြည့်နှစ်တွင်၊ ပါမောက္ခချုပ် ဒေါ်နန္ဒာမွှန်းသည် သမိုင်းသုတေသနဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်အဖြစ် ရာထူးတိုးမြှင့်ခြင်း ခံရပြီး ၂၀၁၀ ပြည့်နှစ်၊ ဧပြီလ(၁၀) ရက်မှ ၂၀၁၁ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့အထိ ပါမောက္ခချုပ်တာဝန်ကို ဒေါ်စန္ဒာခင်က တာဝန်ယူဆောင်ရွက်ခဲ့သည်။ ဒေါ်စန္ဒာခင်သည် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ရာထူး တိုးမြှင့်ခြင်းခံရပြီး ၂၀၁၁ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်မှ ယနေ့အထိ ဦးကျော်ဦးမှ ပါမောက္ခချုပ်အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။[၁]

ပါမောက္ခချုပ်များ

  • ဦးမောင်မောင်ခင် (၁၉၉၃–၁၉၉၇)
  • ဦးဇော်သန်း (၁၉၉၈–၁၉၉၉)
  • ဦးတင်စိုး (၁၉၉၉–၂၀၀၉)
  • ဒေါ်နန္ဒာမွှန်း (၂၀၀၉-၂၀၁၀)
  • ဒေါ်စန္ဒာခင် (၂၀၁၀–၂၀၁၁)
  • ဦးကျော်ဦး (၂၀၁၁-၂၀၁၅)
  • ဦးအောင်နိုင်မြင့်(၂၀၁၅-လက်ရှိ)

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)။ ယဉ်ကျေးမှု ဝန်ကြီးဌာန။ 6 June 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၁-၁၃ တွင် ပြန်စစ်ပြီး။