အမေရိကန်ပြည်ထောင်စု၏ အလံတော်

ဝီကီပီးဒီးယား မှ
အမေရိကန်ပြည်ထောင်စု၏ အလံတော်

အမေရိကန်ပြည်ထောင်စု၏ ကြယ်နှင့် အစင်းများ ပါသောအလံ စတင်ပေါ်ပေါက်လာပုံမှာ အမေရိကန် ပြည်ထောင်စု၏ ရှေးလွန်ခဲ့သော သမိုင်းကြောင်းနှင့် ဆက်စပ်နေ၏။ ဦးစွာ၌ အမေရိကန်လူမျိုးတို့သည် အင်္ဂလိပ်အလံကို အသုံးပြုကြ၏။ သို့ရာတွင် ၁၇၇၇ ခုနှစ်၌ ကွန်ဂရက်လွှတ်တော်က ပြည်ထောင်စုဝင်နယ် ၁၃ နယ်၏ အလံသည် အဖြူနှင့် အနီတစ်လှည့်စီဖြစ်သော အစင်း ၁၃ စင်း၊ လက်ဝဲဖက်အထက်ထောင့်၌ အပြာရောင်အခန်းတွင် ကြယ်ဖြူ ၁၃ပွင့် ဖြစ်စေရမည်ဟု ဆုံးဖြတ်လိုက်သဖြင့် ကြယ်နှင့် အစင်းများပါသော အလံ ပေါ်လာသည်။ နောင်သော် အစင်း ၁၃ စင်းမှာ မူရင်း ၁၃ နယ်ကို ပြညွှန်းသည့်သဘောဖြစ်လာ၍ ပြည်ထောင်စုတွင် ပြည်နယ်တစ်နယ် တိုးလာတိုင်း တိုးလာတိုင်း နိုင်ငံတော်၏ အလံတွင် ကြယ်ပွင့် တစ်ပွင့် ထပ်၍ ထပ်၍ ထည့်သွင်းကြလေသည်။

အ​မေရိကန်ပြည်​ထောင်စု
Flag of the United States of America
အမည်များ The American flag၊
အသုံးပြုခြင်း နိုင်ငံတော်အလံ and ensign
အချိုးအစား 10:19
ရွေးချယ်ခြင်း
  • ဒီဇင်ဘာ 3, 1775 (Grand Union Flag)
  • ဇွန် 14, 1777 (ကြယ်13လုံး ဗာရှင်း)
  • ဇူလိုင် 4, 1960 (ကြယ်အလုံး50 ဗာရှင်း)
ဒီဇိုင်း Thirteen horizontal stripes alternating red and white; in the canton, 50 white stars of alternating numbers of six and five per horizontal row on a blue field
အ​မေရိကန်နိုင်ငံအလံ အလျားလိုက်ပုံစံ

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)