အမေဂျမ်း

ဝီကီပီးဒီးယား မှ
အမေဂျမ်းနတ် (ပုဂံရှိ ရွှေစည်းခုံဘုရားအတွင်းမှ)

သမိုင်းကြောင်း

အမေဂျမ်းသည် ရွှေတောင်ရွာဇာတိဖြစ်ပြီး ငယ်နာမည်မှာ မချမ်းသာဖြစ်သည်။ သူခိုးကြီး ငတက်ပြားနှင့် ရည်ငံခဲ့ပြီး လင်ဖြစ်သူအတွက် ထန်းရည်ရှာပေးရင်း မချမ်းသာပါ ထန်းရည်စွဲခဲ့သည်။ ထန်းရည်မူး၍ နှုတ်ကြမ်းလျှာကြမ်း ဖြစ်လာမှ မချမ်းမှ မဂျမ်း ဟု အမည်တွင်ခဲ့သည်။ အင်းဝတွင် တံခါးမှူးကို ဆဲရေးရာမှ ရိုက်နှက်ခံရပြီး သေဆုံးကာ နတ်ဖြစ်သွားခဲ့ကြောင်း ပါးစပ်ရာဇဝင်များက ဆိုသည်။[၁]

နတ်ပွဲ

အမေဂျမ်းနတ်ပွဲကို မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်၊ အေးကြည်ကုန်းရွာတွင် နယုန်လပြည့်ကျော် ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့များ၌ ကျင်းပလေ့ရှိသည်။ ပွဲတော်ကျင်းပသည့်နေ့များတွင် အေးကြည်ကုန်းရွာတွင် သာမက အနီးဝန်းကျင်ရှိ ဥမင်ရွာ၊ အိမ်ကန်ရွာ၊ ဘုရားကြီးကုန်းရွာများတွင်လည်း နတ်ကန္နားပွဲများ ကျင်းပကြသည်။[၁]

အေးကြည်ကုန်းရွာနှင့် တစ်မိုင်ခန့်ဝေးသည့် အမေဂျမ်းတောင်တွင် ဆွမ်းလောင်းလှူပွဲကို နယုန်လပြည့်ကျော် ၁၄ ရက်နေ့တွင် ကျင်းပကြသည်။[၁]

ကိုးကား

  1. ၁.၀ ၁.၁ ၁.၂ နေရောင် (၂၆ ဇွန် ၂၀၁၂)။ အမေဂျမ်း နတ်နန်းသို့ တခေါက်။ ၁၂ စက်တင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။