အပျော်စီးသင်္ဘော

ဝီကီပီးဒီးယား မှ
၁၉၉၂ ခုနှစ်တွင် တည်ဆောက်ပြီးစီးသည့် Majesty of the Seas

အပျော်စီးသင်္ဘောသည် အပန်းဖြေခရီးထွက်ရာတွင် အသုံးပြုသည့် ခရီးသည်တင် သင်္ဘောဖြစ်သည်။ နှစ်စဉ် အပျော်စီးသင်္ဘောဖြင့် ခရီးထွက်သူ သန်းနှင့်ချီရှိသောကြောင့် အပျော်စီးသင်္ဘောခရီးစဉ်သည် ခရီးသွားလာရေးလုပ်ငန်း၏ အဓိက အပိုင်းကဏ္ဍ တစ်ရပ် ဖြစ်လာပါပြီ။ ဤလုပ်ငန်း အရှိန်အဟုန်နှင့် တိုးပွားလာသည့်အလျောက် ၂၀၀၁ ခုနှစ်မှစ၍ မြောက်အမေရိက ခရီးသည်များအား အကျိုးဆောင်ပေးမည့် သင်္ဘောအသစ် နှစ်စဉ် ၉ စင်းနှင့် အထက် ရှိလာသည်ကို တွေ့ရသည်။

အပျော်စီးသင်္ဘောများသည် များသောအားဖြင့် ခရီးသည်များအား စထွက်ရာ ဆိပ်ကမ်းသို့ ပြန်လည်ပို့ဆောင်သည့် ရောင်းထရစ်ပ် (round trip) ခရီးစဉ်များကို ခုတ်မောင်းကြသည်။ သို့သော်လည်း ပင်လယ်ကူး သင်္ဘောကြီးများသည် ရောင်းထရစ်ပ်ခရီးစဉ်ထက် ခရီးသည်များအား တစ်နေရာမှ အခြားတစ်နေရာဆီသို့သာ ပို့ဆောင်ပေးသည်။ အချို့ သင်္ဘောများတွင် လပေါင်းများစွာ ကြာမြင့်သည့် ခရီးစဉ်များရှိသည်။[၁]

သမိုင်းတွင် နာမည်အကျော်ကြားဆုံး အပျော်စီးသင်္ဘောမှာ ၂၀ ရာစုနှစ်ဦးပိုင်း ဗွေဆော်ဦးခရီးစဉ်မှာပင် ရေခဲတုံးကြီးများအား တိုက်မိကာ နစ်မြုပ်သွားသည့် တိုင်တဲနစ် (Titanic) ဖြစ်သည်။ လက်ရှိစာရင်းအရ ကမ္ဘာပေါ်တွင် အကြီးမားဆုံး အပျော်စီးသင်္ဘော ‘Oasis of the Seas’ (ပင်လယ်ပေါ်မှ အိုအေစစ်) သည် ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင် ရေချပြီး ဒီဇင်ဘာ ၁ ရက်နေ့တွင် ဗွေဆော်ဦးခရီးစဉ်ကို စတင်ရန် စီစဉ်ထားသည်။

ကိုးကား