ဟဒရွန်

ဝီကီပီးဒီးယား မှ
၀၇:၂၅၊ ၁၅ မတ် ၂၀၁၇ နေ့က Dr Lotus Black (ဆွေးနွေး | ပံ့ပိုး) (" အမှုန်ရူပဗေဒ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်) တည်းဖြတ်သည့်မူ

အမှုန်ရူပဗေဒတွင် ဟဒရွန် သည် ကွာ့ဖြင့် ဖွဲ့စည်းပါဝင်သည့် အမှုန်ဖြစ်ပြီး အားပြင်းဖြင့် ချုပ်နှောင်ထားသည်။ မော်လီကျူးများသည် လျှပ်စစ်သံလိုက်အားဖြင့် ဖွဲ့စည်းထားသကဲ့သို့ပင်ဖြစ်သည်။ ဟဒရွန်များကို မိသားစု ၂ ခုအဖြစ် ပိုင်းခြားသည်။ ကွာ့ ၃ ခုဖြင့် ပြုလုပ်ထားသော ဘာယွန်၊ ကွာ့ ၁ ခု ဆန့်ကျင်ဘက်အမှုန် ၁ ခုဖြင့်ပြုလုပ်ထားသော မီဆွန် စသည်တို့ဖြစ်သည်။ ပရိုတွန်နှင့် နယူထရွန်တို့သည် ဘာယွန်၏ နမူနာများဖြစ်ကြပြီး ပိုင်ယွန်များသည် မီဆွန်၏ နမူနာများဖြစ်သည်။ မကြာသေးခင်က valence quark ၃ ခုထက်ပိုသော ဟဒရွန်များကို တွေ့ရှိခဲ့သည်။ tetraquark အခြေနေရှိ Z(4430) ဟူသော exotic meson အား ၂၀၀၇ ခုနှစ်တွင် Belle စမ်းသပ်ခန်း၌ ရှာဖွေတွေ့ရှိခဲ့သည်။[၁] ယင်းအား ၂၀၁၄ ခုနှစ်တွင် ပဲ့တင်သံအဖြစ် LHCb စမ်းသပ်ခန်းတွင် အတည်ပြုပေးခဲ့သည်။[၂] pentaquark ၂ ခုအခြေနေရှိ exotic baryon များဖြစ်ကြသော P+
c
(4380)
နှင့် P+
c
(4450)
တို့ကို ၂၀၁၅ ခုနှစ်တွင် LHCb ၌ ရှာဖွေတွေ့ရှိခဲ့သည်။[၃] အခြား exotic ဟဒရွန်များလည်း ရှိနိုင်သေးသည်။ ဟဒရွန်၏ ပရိုတွန်များသည် တည်ငြိမ်သည်၊ အက်တောမစ် နျူကလိယပ်များဖြင့် ချုပ်နှောင်ထားသော နျူထရွန်များလည်း တည်ငြိမ်ကြသည်။ အခြားသော ဟဒရွန်များမှာ သာမန်အခြေနေ၌ မတည်ငြိမ်ပေ။ လွတ်လပ်သော အီလက်ထရွန်များသည် သက်တမ်းဝက် ၆၁၁ စက္ကန့်တွင် ပြိုကွဲကြသည်။


ကိုးကား

  1. "Observation of a resonance-like structure in the
    π±
    Ψ′ mass distribution in exclusive B→K
    π±
    Ψ′ decays" (2007). Physical Review Letters 100 (14). doi:10.1103/PhysRevLett.100.142001. Bibcode2008PhRvL.100n2001C.
     
  2. LHCb collaboration (2014): Observation of the resonant character of the Z(4430) state
  3. R. Aaij et al. (LHCb) (2015). "Observation of J/ψp resonances consistent with pentaquark states in Λ0
    b
    →J/ψKp decays". Physical Review Letters 115 (7). doi:10.1103/PhysRevLett.115.072001. Bibcode2015PhRvL.115g2001A.