သိင်္ဂါလသုတ်

ဝီကီပီးဒီးယား မှ
၁၅:၅၇၊ ၂၉ ဒီဇင်ဘာ ၂၀၂၀ နေ့က Aungookingofcelestials (ဆွေးနွေး | ပံ့ပိုး) (HotCatကို အသုံးပြု၍ Category:ပိဋကတ် သုံးပုံကို ဖယ်ရှားခဲ့သည်) တည်းဖြတ်သည့်မူ

ဤသုတ်ကား အိမ်ယာထောင်ထား လောကီသားတို့အတွက် အလွန်အရေးကြီးသောသုတ် တစ်ခုဖြစ်သည်။ အိမ်ထောင်သည် လောကီသားတစ်ဦး၏ လိုက်နာရမည့် ပြင်ပပေါင်းသင်းဆက်ဆံရေး တာဝန်ဝတ္တရားများနှင့် အိမ်တွင်း တာဝန်ဝတ္တရားများကို ဤသိင်္ဂါလောဝါဒသုတ်တွင် မြောက်မြားစွာ ဖော်ပြထားသည်။ ပိဋကတော်တလျှောက်လုံးတွင် ဤအိမ်ယာထူထောင်သည့် လောကီသားလူဝတ်ကြောင်တို့အဖို့ ဟောကြားခဲ့သောသုတ်များကား အလွန်ရှားပါးလှရာ ထိုရှားပါးလှသော သုတ်များအနက် ဤသိင်္ဂါလောဝါဒသုတ်သည် တစ်ခုအပါအဝင် ဖြစ်သည်။ လောကီသား လူဝတ်ကြောင်တို့အတွက် ဘုရားမြတ်စွာက ဩဝါဒမပေးခဲ့ သွန်သင်ချက် မထားခဲ့သောကြောင့်မဟုတ်ပေ။ ဘုရားမြတ်စွာ၏ သွန်သင်ချက် ဩဝါဒများကို စုဆောင်းသောပုဂ္ဂိုလ်များက လူဝတ်ကြောင်တို့နှင့် ပတ်သက်သော ညွှန်ကြားချက်များကို ရဟန်းတော်တို့အတွက် သွန်သင်ချက်များကဲ့သို့ ဂရုတစိုက်သိုမှီးခြင်း၊ စုဆောင်းခြင်း မပြုခဲ့ကြသောကြောင့်သာ ဖြစ်ဟန်တူသည်။ ထို့ကြောင့် သိင်္ဂါလောဝါဒသုတ်ကို လူဝတ်ကြောင်တို့သည် အထူးလေ့လာဆည်းပူးအပ်လှပေသည်။[၁]

ကိုးကား

  1. ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။