သားငယ်

ဝီကီပီးဒီးယား မှ
၂၁:၂၅၊ ၃၀ ဇန်နဝါရီ ၂၀၂၁ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8) တည်းဖြတ်သည့်မူ
သားငယ်
ကိုယ်ရေး အချက်အလက်များ
အမည်ရင်းဇော်ဝင်းထွန်း
မွေးဖွား (၁၉၉၂-၀၃-၂၃) ၂၃ မတ်၊ ၁၉၉၂ (အသက် ၃၂)
မာန်အောင်ကျွန်းရခိုင်ပြည်နယ်မြန်မာနိုင်ငံ
ဂီတဟန်Hard rock, heavy metal, soft rock, pop
အလုပ်အကိုင်အဆိုတော်
တက်ကြွသည့်နှစ်များ၂၀၁၆–ယခုထိ

သားငယ် (၂၃ မတ် ၁၉၉၂ မွေးဖွား) သည် ရခိုင်လူမျိုး မြန်မာနိုင်ငံသား တစ်ဦးဖြစ်ပြီး မြန်မာအိုင်ဒေါလ် ရာသီ ၂ မှ အနိုင်ရရှိသော အဆိုတော်တစ်ဦးဖြစ်သည်။ နာမည်အရင်းမှာ ဇော်ဝင်းထွန်းဖြစ်ပြီး ၁၉၉၂ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် မွေးဖွားခဲ့သည်။ [၁][၂][၃][၄][၅][၆]

ငယ်ဘဝနှင့်အနုပညာလုပ်ငန်းများ

သားငယ်ကို ၂၃ မတ် ၁၉၉၂ တွင် မာန်အောင်ကျွန်းရခိုင်ပြည်နယ် တွင် မွေးဖွားခဲ့ပြီး ရခိုင်တိုင်းရင်းသား ဖြစ်သည်။ သူသည် မြန်မာ အိုင်ဒေါ သီချင်းဆိုပြိုင်ပွဲ၏ ဒုတိယရာသီတွင် မန္တလေးမြို့အသံစစ်ဆေးမှုတွင် "ဘာလိုနေသေးလဲ" သီချင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယင်းနောက် မြန်မာအိုင်ဒေါပြိုင်ပွဲတွင် အပတ်စဉ်အဆက်ဆက် ယှဉ်ပြိုင်လာရာ Top 2 (Grand Final) အဆင့်သို့ ပြိုင်ပွဲဝင် ဘီလီလမင်းအေး နှင့်အတူ တက်ရောက်နိုင်ခဲ့သည်။[၇][၈]ယခုလက်ရှိတွင် သားငယ်သည် ဇနီးနှင့်အတူပြင်ဦးလွင်မြို့တွင် နေထိုင်သည်။ အသက်မွေးဝမ်းကြောင်းအဖြစ် အကြော်ရောင်းသည်။ သူသည် မြန်မာအိုင်ဒေါလ်တွင် မပြိုင်မီအချိန်မှ winner ဖြစ်ပြီးသည်အထိ အကြော်သည်အဖြစ် ဆက်လက်လုပ်ကိုင်လျက်ရှိပြီး အနုပညာနှင့် သီချင်းဆိုသောအလုပ်ကိုလည်း အဓိကထား လုပ်ကိုင်သည်။[၉][၁၀]မြန်မာအိုင်ဒေါလ် ဖိုင်နယ်ပွဲတွင် သားငယ်သည် "ဇာတ်တော်ထဲမှာအလွမ်းဆုံး"၊ "လမ်းခွဲ"နှင့် "လမ်းကလေး" သုံးပုဒ်ဖြင့် သီဆိုယှဉ်ပြိုင်ခဲ့ပြီး တစ်နိုင်ငံလုံး၏မဲပေးမှု ရလဒ်အရ သားငယ်သည် အနိုင်ရရှိပြီး Myanmar Idol ဒုတိယရာသီ၏ အနိုင်ရရှိသူ ဖြစ်လာခဲ့သည်။[၁၁]သားငယ်၏ ပွဲဦးထွက်တစ်ကိုယ်တော်အခွေကို လမ်းကလေးဟု အမည်ပေးထားကာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် တစ်နိုင်ငံလုံးသို့ ဖြန့်ချိခဲ့သည်။ အခွေတွင် တေးသီချင်းစုစုပေါင်း ၁၄ ပုဒ်ပါဝင်သည်။[၁၂][၁၃]

သားငယ်၏ ပြိုင်ပွဲဝင်တေးသီချင်းများ

ပြိုင်ပွဲအပတ်စဉ် သီချင်း မှတ်ချက်
Top 10 အိမ် (First Live)
Top 9 ?? (1990' week)
Top 8 Duet with Mai Mai Seng (Duet week)
Top 7+1 (save) စီးကရက်မီးခိုးငွေ့များ (Back to Rock week)
Top 6 မမမိုး (Win Oo's week)
Top 5 မိတ်ကပ်မကြိုက်သောသီချင်းများ (No.1 Hits song week)
Top 4 အမုန်းမြို့ရဲ့အဝေး (Blues Music week)
Top 3 ပဲ့ကိုင် (Encourage Music week)
Top 2 Grand Final (၁) ဇာတ်တော်ထဲမှာ အလွမ်းဆုံး ကိုယ်တိုင်ရွေးချယ်သော သီချင်း
(၂) လမ်းခွဲ ဒိုင်လူကြီးများ ရွေးချယ်သော သီချင်း
(၃) လမ်းကလေး Winner Song

ကိုးကား

  1. YouTube Myanmar Idol Season2 Winner = Thar Nge
  2. "Thar Nge and Billy Lamin Aye Interview သားငယ်နဲ့ဘီလီလမင်းအေး အင်တာဗျူး" (in my)၊ 8day Journal၊ 2017-03-23။ 16 August 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 16 August 2017။ 
  3. "Myanmar Idol winner to be announced on March 25" (in en)၊ Eleven Media Group၊ 2017-03-20။ 16 August 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 16 August 2017။ 
  4. "Myanmar’s population has been riveted by the latest season of Myanmar Idol" (in en)၊ Frontier Myanmar၊ 2017-03-30။ 
  5. "Myanmar Idol Season-2 Winner" (in en)၊ The Chin Land Post။ 16 August 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 16 August 2017။ 
  6. "Crown Magazine interview with Thar Nge"၊ Crown Magazine၊ 2017-06-15။ 16 August 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 16 August 2017။ 
  7. "နေတိုးမှသည် သားငယ်ဆီသို့ ဝတီ မေဃ လှပဋ္ဌာနေ မာန်အောင်မြေ" (in my)၊ Sunthit Myanmar၊ 2017-03-30။ [လင့်ခ်သေ]
  8. "Myanmar Idol သားငယ် သို့မဟုတ် “ဝ” ရှိသော လူငယ်လေး" (in my)၊ Sunthit Myanmar၊ 2017-03-26။ 16 August 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 16 August 2017။ 
  9. "ကျန်တဲ့ဆိုင်တွေကိုလည်း မျှပြီးအားပေးကြပါလို့ ပရိုမိုးရှင်းဆင်းခဲ့တဲ့ -အကြော်သည် သားငယ်" (in my)၊ Sunday Journal၊ 2017-08-11။ 16 August 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 16 August 2017။ 
  10. Auntymay Team ဇနီးသည်နဲ့အတူ ပျော်ပျော်ကြီး အကြော်ကြော်နေတဲ့ သားငယ်
  11. "Myanmar Idol Season 2 ရဲ့winner သားငယ်ရရှိ" (in my)၊ MCN TV [လင့်ခ်သေ]
  12. "Myanmar Idol Season 2 Winner သားငယ်၏ Solo Album အတွက် ကိုယ်ပိုင်သံစဉ် သီချင်းများ ပေးပို့ရန် ဖိတ်ခေါ်" (in my)၊ Yangon Media၊ 2017-05-08။ [လင့်ခ်သေ]
  13. "မြန်မာအိုင်ဒေါလ် အဆိုရှင် သားငယ် တစ်ကိုယ်တော် အခွေ မကြာခင်ထွက်ရှိမည်" (in my)၊ Kumudra Journal၊ 2017-07-23။ [လင့်ခ်သေ]