သာကေတမြို့နယ်

ဝီကီပီးဒီးယား မှ
သာကေတမြို့နယ်
သာကေတမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
သာကေတမြို့နယ်
သာကေတမြို့နယ်
သာကေတမြို့နယ် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 16°47′40″N 96°12′6″E / 16.79444°N 96.20167°E / 16.79444; 96.20167ကိုဩဒိနိတ်: 16°47′40″N 96°12′6″E / 16.79444°N 96.20167°E / 16.79444; 96.20167
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးရန်ကုန်
မြို့ရန်ကုန်
မြို့နယ်သာကေတ
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၂၂၀,၄၄၇[၁]
စာပို့သင်္ကတ၁၁၂၃၁၊ ၁၁၂၃၂

သာကေတမြို့နယ်သည် ရန်ကုန်မြို့၏ အရှေ့ပိုင်းတွင် တည်ရှိသည်။ သာကေတမြို့နယ်၏ မြောက်ဘက်နှင့် အနောက်ဘက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ အရှေ့ဘက်တွင် ပဲခူးမြစ်နှင့် တောင်ဘက်တွင် ဒေါပုံမြို့နယ်တို့ တည်ရှိသည်။ ပုဇွန်တောင်ချောင်းသည် ဤမြို့နယ်ကို ဖြတ်သန်းစီးဆင်းသွားသည်။

သာကေတမြို့နယ်ကို (၁၉၅၉)ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ရပ်ကွက် (၁၉)ခုရှိသည်။ အစိုးရ မူလတန်းကျောင်း (၄၆) ကျောင်း၊ အလယ်တန်းကျောင်း (၈) ကျောင်း၊ အထက်တန်းကျောင်း (၅) ကျောင်းရှိသည်။

ရန်ကုန်မြို့၏ အဓိက အားကစားရုံကြီးဖြစ်သော သုဝဏ္ဏလူငယ်လေ့ကျင့်ရေးကွင်းနှင့် သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းတို့သည် ဤမြို့နယ်၏ အနောက်ပိုင်းတွင် တည်ရှိသည်။


အထင်ကရနေရာများ

  1. မိချောင်းမွေးမြူရေးကန်
  2. သာကေတ မိကျောင်းမွေးမြူရေးစခန်း
  3. ရှုခင်းသာပန်းခြံ(ယခင်)/water boom
  4. ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ

ကိုးကား

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၃၁၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 25, 2015 တွင် ပြန်စစ်ပြီး