သမိန်ဗရမ်း

ဝီကီပီးဒီးယား မှ
၁၆:၀၀၊ ၉ စက်တင်ဘာ ၂၀၁၈ နေ့က NjsBot (ဆွေးနွေး | ပံ့ပိုး) (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း  (-ဓါး +ဓား, -ိိ +ိ)) တည်းဖြတ်သည့်မူ

သမိန်ဗရမ်းသည် သူရှင် ရာဇာဓိရာဇ်၏ ထင်ရှားသော သူရဲကောင်း တစ်ယောက် ဖြစ်သည်။ ရန်သူ ဗမာဘုရင်ကပင် ချီးကျူး ဂုဏ်ပြုရသော မွန်သူရဲကောင်းတစ်ယောက် ဖြစ်သည်။ စိတ်ဓာတ် အရာမှာလည်း စံတင်လောက်သည့် သူရဲကောင်း တစ်ယောက် ဖြစ်သည်။ သဗိန်ဗရမ်းဟု ဆိုသည်နှင့် သံခြေချင်းကို လည်ကောင်း ၊ တရုတ်စစ်သူကြီး ဂါမဏိကို လည်းကောင်း ၊ ခြင်းတောင်းကို လည်းကောင်း၊ မြင်ယောင်မိသည်။ မှန်ပါသည် သမိန်ဗရမ်းသည် ရန်သူဗမာဘုရင် ထံတွင် အကျဉ်းကျ နေသည်ကိုပင် ဗမာ၏ ရန်သူဖြစ်သော တရုတ်စစ်သူကြီးကို စီးချင်းထိုးခြင်း အားဖြင့် မိမိကို အကျဉ်းချထားခဲ့သော ဗမာဘုရင်ကို ကူညီခဲ့သည်။ ရန်သူ၏ အခက်အခဲကို မိမိအနေဖြစ် လျစ်လျူရှု ထားနိုင်သော်လည်း သမိန်ဗရမ်းက လျစ်လျူမရှုခဲ့ပေ။

သမိန်ဗရမ်းသည် လက်ဖျံရိုး တစ်ချောင်းတည်းသာ ရှိသဖြင့် အလွန်သန်မာသည်။ သူ၏ စစ်ရေးစွမ်းရည်ကို အလွန်နှစ်လို လေးစား သဖြင့် ထိုအချိန်က အင်းဝတွင် နန်းစံနေသော ဘုရင်မင်းခေါင် ကပင် စစ်ရပ်နားချိန်၌ သူ၏ တဲနန်းသို့ ဖိတ်ခေါ်ကာ ချီးမြှင့်ခဲ့သေးသည်။

တစ်ခါသော် သူ့ရှင်ရာဇာဓိရာဇ် တပ်များဆုတ်ခွာ ချိန်တွင် သမိန်ဗရမ်း၏ တပ်သည် နောက်ချန်၍ ဆုတ်ခဲ့သည်။ ထိုသို့ ဆုတ်သွားရာတွင် တစ်နေရာတွင် လူရောဆင်ပါ တွင်းကြီးတစ်တွင်း ထဲသို့ ကျသွားလေသည်။ နောက်မှ လိုက်လံတိုက် ခိုက်သော မင်းရဲကျော်စွာ၏ တပ်များက သမိန်ဗရမ်းကို အရှင်ဖမ်းမိကြသည်။ သမိန်ဗရမ်း ကဲ့သို့သော သူရဲကောင်းကို စစ်ကာလတွင် အလွတ်ပေး၍ မဖြစ်ချေ ။ ထိုသူရဲကောင်း ရှိသည့်ဘက်က အသာစီးရမည် ဖြစ်သဖြင့် သူ့ကိုအကျဉ်း ချထားခဲ့သည်။

ထိုအချိန်တွင် တရုတ်တပ်ကြီး တစ်တပ်သည် အင်းဝနေပြည်တော်သို့ ချီတက်လာသည်။ ထိုတပ်တွင် တရုတ်သူရဲကောင်း ဂါမဏိ ဆိုသူပါလေသည်။ တရုတ်ဘုရင်က မိမိသည် မိမိ၏ သူရဲကောင်း ဂါမဏိနှင့် လက်ရုံးရည်အရ ယှဉ်ပြိုင်နိုင်မည့်သူကို ရှာဖွေနေသူ ဖြစ်ကြောင်း၊ မိမိ၏ သူရဲကောင်းနှင့် ယှဉ်ပြိုင်နိုင်မည့် လူတစ်ယောက်ယောက်ကို ထုတ်ပေးပါ၊ သူရဲကောင်းနှစ်ယောက် ယှဉ်ပြိုင်ကြသည့် အချိန်တွင် အင်းဝဘက်မှ သူရဲကောင်းက နိုင်ပါက မိမိ၏ တပ်များက ရုပ်သိမ်း၍ပြန်မည်။ အင်းဝဘက်က ရှုံးနိမ့်ခဲ့ပါက အင်းဝကို မိမိလက်သို့ အပ်ပါဟု ပြောကြားခဲ့သည်။ သူရဲကောင်းကို ရှာဖွေရန်အတွက် အချိန် ၇ ရက်ပေးမည်ဟု ဆိုသည်။ သူ၏ များလာလှသော တပ်များကလည်း အင်းဝနေပြည်တော်ကို ဝိုင်းထားလိုက်ကြသည်။ သို့သော်မြို့တွင်းနှင့် မြို့အပြင် ကူးသန်းသွားလာနိုင်ခွင့် ရှိသည်။

အင်းဝဘုရင်၏ သူရဲကောင်းများလည်း စစ်မြေပြင်တွင် ရောက်ရှိနေကြသဖြင့် အင်းဝတွင် မြို့စောင့်တပ်မျှသာ ကျန်ရစ်ခဲ့သည်ဖြစ်ရာ တရုတ်နိုင်ငံ အဝှမ်းတွင် ပွဲတိုင်းကျော် ဖြစ်နေသဖြင့် မြန်မာနိုင်ငံတွင်းသို့ လာရောက် ယှဉ်ပြိုင်သော ဂါမဏိကို နိုင်အောင်တိုက်ပေး မည့်သူကို ၇ ရက်အတွင်း အဆင့်သင့်ဖြစ်အောင် ရှာဖွေရသည့် အလုပ်သည် ခက်ခဲသော အလုပ်တစ်ခုဖြစ်သည်။ မြို့တော် ပတ်လည်တွင် မောင်းကြေးနင်းခတ်ကာ သူရဲကောင်းကို ရှာဖွေပါသော်လည်း မရဘဲဖြစ်နေခဲ့သည်။ ထိုသို့ သူရဲကောင်းများ ရှာမရသည့်အကြောင်းနှင့် တရုတ်တို့ ကျူးကျော်လာသည့် အကြောင်းကို ထောင်မှူးများအချင်းချင်း ပြောဆိုနေကြသဖြင့် သမိန်ဗရမ်းက ကြားလိုက်သည်။

သမိန်ဗရမ်းက စဉ်းစားသည်မှာ “ငါသည် အင်းဝပြည်တွင် ရှိနေပါလျက် အင်းဝပြည် မကျဆုံးစကောင်း။ထို့ပြင် အင်းဝသည် ဟံသာဝတီ(ပဲခူး-မွန်နေပြည်တော်)၏ တံခါးဝလည်း ဖြစ်သည်။တရုတ်တို့သည် အင်းဝကို နိုင်လျှင်သော်မှ ပြန်ကြမည်မထင်။အင်းဝပျက်လျှင် ဟံသာဝတီကိုလည်း အလွတ်ပေးမည်မဟုတ်။ထိုကြောင့် အင်းဝမကျဆုံးအောင် ငါ့ကိုထောင်မှ ထွက်ခွင့်ပြုပါ။ အင်းဝသားများ ကိုယ်စား ဂါမဏိနှင့် စီးချင်းထိုးပေးပါမည်ဟု ငါပြောရသော် ကောင်းမည်” ဟူ၍ စဉ်းစားလိုက်သည် ဆို၏။ ထိုသို့ စဉ်းစားထားသည့် အတိုင်းလည်း သူက ထောင်မှူးများမှ တစ်ဆင့် ဘုရင်မင်းခေါင်ထံသို့ လျှောက်ထားခဲ့လေသည်။

ဘုရင်မင်းခေါင်သည် ထောင်မှူးများမှ တဆင့် သမိန်ဗရမ်း၏ လျောက်တင်ချက်ကို ကြားရသည်တွင် များစွာဝမ်းမြောက် ဝမ်းသာ ဖြစ်သွားခဲ့သည်။ သမိန်ဗရမ်းကို သစ္စာရေတိုက်ပြီးနောက် ထောင်မှထုတ်ယူခဲ့ကြသည်။ ဘုရင်မင်းခေါင်က သမိန်ဗရမ်းကို ကောင်းစွာ ပြုစုကြစေရန် မင်းချင်းများအား အမိန့်ပေးထားသည်။ ထိုနောက် လိုအပ်သည့်ပစ္စည်းများကို မေးမြန်းသည်။ သမိန်ဗရမ်းက မြင်းကောင်းတစ်စီးကို လိုချင်သည်ဟုဆို၍ ဘုရင်မင်းခေါင်က သူ၏ မြင်းဇောင်းများထဲမှ မြင်းများကို သမိန်ဗရမ်း ကိုယ်တိုင်လိုက်လံ ကြည့်ရှု့စေသည်။ သမိန်ဗရမ်းက သူကြိုက်သည့်မြင်းကို ကိုယ်တိုင် ရှာခွင့်ပြုရန် ဘုရင်ထံမှ အခွင့်တောင်းလေသည်။ ဘုရင်ဆီမှ အခွင့်ရသည့် အချိန်တွင် သမိန်ဗရမ်းသည် မြင်းရှာရန် နန်းတော်မှ ထွက်သွားလိုက်သည်မှာ မြို့ရိုးအပြင်ဘက်သို့ပင် ရောက်သွားခဲ့သည်။

မြို့ရိုး အပြင်ဘက်တွင် မုဆိုးမတစ်ဦး ပိုင်သော မြင်းသားအမိကို သမိန်ဗရမ်းတွေ့သည့် အချိန်တွင် သမိန်ဗရမ်းက မြင်းမလေး၏ ကြန်အင်ကို ကြည့်ကာ သဘောကျသွားသည်။ မြင်းပိုင်ရှင် သခင်မကိုယ်တိုင် မြင်းမလေးကို ဖမ်း၍ သမိန်ဗရမ်းကို ပေးသဖြင့် သမိန်ဗရမ်းသည် တစ်နေ့လုံးလိုလို လေ့ကျင့်စီးနင်းသည်။ ထိုကဲ့သို့တစ်နေကုန် သမိန်ဗရမ်း ပျောက်နေသည့်အတွက် မှူးမတ်တချို့က သမိန်ဗရမ်း ထွက်ပြေးလေပြီဟု ပြောကြသည်။ ဘုရင်မင်းခေါင်ကမူ သူရဲကောင်း သမိန်ဗရမ်းကို ယုံသည်။ ပြန်လာမည် ဧကန်ဖြစ်သည်ဟု ဆိုလေသည်။ သူဆိုသည့်အတိုင်း ညနေအေးချိန်တွင် သမိန်ဗရမ်းသည် မြင်းမလေးကို အသားကျစီးကာ အေးဆေးစွာ နန်းတော်သို့ ပြန်လေသည်။

ဘုရင်မင်းခေါင်ကိုယ်တိုင် သူ့ကိုစောင့်နေသည်ကို မြင်သော သမိန်ဗရမ်းသည် ဘုရင်ထံသို့သွားကာ စိတ်ကြိုက်မြင်းကောင်းကို တွေ့သဖြင့် ရန်သူနှင့် စီးချင်းတိုက်ရန် အသင့်ဖြစ်ပြီဟု လျောက်တင်လေသည်။ ဘုရင်မင်းခေါင်က နောက်ထပ်ဘာများ လိုသေးသနည်းဟု မေးသောအခါတွင် သမိန်ဗရမ်းက သံကြိုးဖြင့် ရက်လုပ် ထားသော ခြင်းတောင်းတစ်တောင်းကို လိုပါသည်ဟု လျောက်တင်သည်။ ဘုရင်မင်းခေါင်က မည်သည့်အတွက်ကြောင့် ခြင်းတောင်းကို တောင်းသနည်းဟု မေးသည်တွင် ဂါမဏိ၏ ဦးခေါင်းကို ထည့်ယူခဲ့ရန် အတွက်ဖြစ်သည်ဟု သမိန်ဗရမ်းက ဖြေသည်။ ထိုသို့ ဖြေလိုက်သည့် အချိန်တွင် မှူးမတ်တချို့ထံမှ ရယ်သံခပ်အုပ်အုပ်ကို ကြားရသည်။ ယုန်မရခင် သံပရာ ရှာသည်ဟု လှောင်ပြောင်ခဲ့ကြ သေးသည်။

စီးချင်းထိုးမည့်ရက်သို့ ရောက်ရှိလာလေပြီ။ သမိန်ဗရမ်း တောင်းဆိုထားသော ခြင်းတောင်းကို ဘုရင်မင်းခေါင်က အသင့်ပြင်ပေးထားသည်။ သူရဲကောင်းနှစ်ယောက် စီးချင်းထိုးမည့် နေရမှာ အင်းဝမြို့ မုခ်ဦး၏ အရှေ့ဘက်ဆင်ကျူံးနေရာတွင် ရှိသည်။ နှစ်ဖက်သောမင်းများနှင့် မင်းပရိသတ်များ ထိုင်ကြည့်သည့် ပွဲကြည့်ဆောင် များ၏ အလယ်တွင် တံခွန်များအလံများ စိုက်ထူထားသည်။ တင်းတိမ်များလည်း ကာရံထားသည်။ ပိုးဖဲကတ္ထီပါ ထိုင်ဖုံးများဖြင့်လည်း အပြိုင်အဆိုင် လှသထက်လှအောင် ပြင်ဆင်ထားသည်။ အကြောင်းမှာ သူရဲကောင်း တစ်ယောက်ချင်းသည် တစ်နိုင်ငံချင်းကို ကိုယ်စားပြုသောကြောင့် နိုင်ငံတော်ပွဲဟု ယူဆသောကြောင့် ခမ်းနားစွာပြင်ဆင် ထားခြင်းဖြစ်သည်။

တိုက်ပွဲဝင်ကြမည့် သူရဲကောင်း များသည်လည်း သူ့ခေတ် နှင့်သူ ပြင်ဆင်ထားသည်။ ဂါမဏိသည် သူ၏တစ်ကိုယ် လုံးကို ရွှေနန်းကြိုးများဖြင့် ယက်လုပ်ထားသော ရွှေချပ်ဝတ်တန်ဆာကို ဝတ်ကာ လက်နက်များထည့်ထားသည့် ခြင်းတောင်းကို ကျောတွင်လွယ်၍ မြင်းစီးကာ ကွင်းလယ်ကို ထွက်လာသည်။

သမိန်ဗရမ်းကမူ ဂါမဏိကဲ့သို့ လေးလံသော ချပ်ဝတ်တန်ဆာ ကိုမဝတ်ပဲ ပေါ့ပါးသော ချပ်ဝတ်တန်ဆာကို ဝတ်ကာ ရွှေဖြင့်မွမ်းမံထားသော ခေါင်းပေါင်းအနီကို ပေါင်းထားသည်။ ရွှေဆွဲကြိုး ရွှေလက်ကောက် ရွှေလက်စွပ်များကိုလည်း ဆင်မြန်းထားသည်။ လက်သန်းတွင် နဝရတ်ကိုးပါးလက်စွပ် ကိုဝတ်ဆင်ထားသည်။ ကျောပြင်ထက်တွင် ဓားရှည်တစ်ချောင်းကိုသာ လွယ်ထားလေသည်။ သူ၏မြင်းကုန်းနှီးတွင်မူ သံကြိုးဖြင့် ယက်လုပ်ထားသော ခြင်းတောင်းတစ်လုံးပါသည်။ သမိန်ဗရမ်းသည် တစ်ဖက်သား၏ ပျော့ကွက်ကို ရှာပြီးမှ ပျော့ကွက်ကိုထိုးဖောက် တိုက်ခိုက်ရမည်ဟု ဉာဏ်ဖြင့် ချင့်ချိန်ထားသည်။

ထို့ကြောင့် သူရဲကောင်းများ တွေ့ဆုံကာ နှုတ်ဆက်ပြီးသည့်နောက် သမိန်ဗရမ်းက ချိုသာသော အသံဖြင့်ပြောဆိုသည်မှာ “ဂါမဏိ သင်နှင့် ကျူပ်တို့ ယနေ့တိုက်ကြမည့်ပွဲသည် တစ်ယောက်ယောက် အတွက် နောက်ဆုံးတိုက်ပွဲ ဖြစ်နိုင်သည်။ စ၍တိုက်သည်နှင့် တိုက်ပွဲကလည်း အဆုံးသတ်သွားမည် ဖြစ်သည်။ ထိုသို့ဆိုသော် ကျူပ်တို့နှစ်ဦး မည်သို့မည်ပုံ တိုက်ခိုက်မည်ကို စောင့်ကြည့်နေသာ ပရိသတ်အဖို့ စိတ်မကျေနပ်စဖွယ် ဖြစ်လိမ့်မည်။ ထိုကြောင့် သင်ကလည်း သင်တို့၏ တေးသီချင်းကို ဆိုပြ၍ တေးနှင့်အတူကရသော ကကြိုးအတိုင်းကပြပါ။ ငါကလည်း သင်တို့ကကြိုးအတိုင်း လိုက်၍ကပါမည်။ ထို့နောက် ငါက သီချင်းဆိုက ငါတို့ကဟန် များကို ကပြမည်ဖြစ်သည်။ သင်ကလည်း ငါတို့ကဟန်အတိုင်း လိုက်၍က ပြပါဟု ပြောလေသည်။

ဂါမဏိကလည်း သဘောတူ၍ သီချင်းဆိုကာ မြင်းပေါ်တွင်ပင် ကပြလေသည်။ သမိန်ဗရမ်းကလည်း အားကျမခံ လိုက်၍ကလေသည်။ ထိုခေတ်က မြင်းကျောပေါ်တွင် စီးနင်းရင်း လက်နက်များကို ကစားကာကပြသော ဓလေ့ရှိခဲ့ကြပါသည်။ ထိုကြောင့် ဂါမဏိက မငြင်းမဆန် ကပြခြင်းဖြစ်သည်။ ဂါမဏိအလှည့် အပြီးတွင် သမိန်ဗရမ်းက မြင်းကျောပေါ်တွင် ကပြသည်။ သူ၏ကကွက်များကို ဂါမဏိက လိုက်လံအတုယူ ကပြနေသဖြင့် သူသိလိုသော ဂါမဏိ၏ပျော့ကွက်ကို သိရှိနိုင်ရန် လက်ကို မြှောက်ချည် ချချည် လုပ်၍လည်းကောင်း ၊ ကင်းမြီးကောက် ထောင်၍လည်းကောင်း ကပြလေသည်။ ထိုနည်းအဖုံဖုံဖြင့် ကပြချိန်တွင် ဂါမဏိ၏ ချပ်ဝတ်တန်ဆာတွင် ချိုင်းအတွင်း၌ ချပ်ကြိုးပြတ်က အသားပေါ်နေသည်ကို သမိန်းဗရမ်းက မြင်လိုက်သည်။

သမိန်ဗရမ်းသည် ထိုသို့သော ရန်သူ၏ပျော့ကွက်ကို မြင်သည်တွင် ကကြိုးကို ရပ်လိုက်သည်။ ထို့နောက်တိုက်ပွဲ စလေသည်။ တိုက်ပွဲတွင် ဂါမဏိက မြင်းကို ဇက်ဖွင့်၍ လိုက်တိုင်း သမိန်ဗရမ်းက ပြေးသည်။ ထို့နောက်မြင်းကို ရုတ်တရက် လှည့်ကာ ဂါမဏိကို ပြန်လိုက်သည်။ ထိုသို့ပြေးလိုက် ၊ လိုက်လိုက်နှင့် ဂါမဏိမောသွားသည့် အချိန်တွင်မှ သမိန်ဗရမ်းက ဂါမဏိအနီးသို့ ကပ်သွားသည်။ ဂါမဏိက လက်ကိုမြှောက်ကာ ဓားဖြင့် သမိန်ဗရမ်း၏ လည်ကိုပိုင်းမည် အပြုတွင် အမောလွန်နေသာ ဂါမဏိက လက်ကို လျင်မြန်စွာ မလှုပ်ရှားနိုင်တော့ချေ။ ထိုအချိန်တွင် သမိန်ဗရမ်းသည် ဂါမဏိ၏ ချပ်ကြိုးပြတ်နေသာ ချိုင်းကြားနေရာကို လှံဖြင့်ထိုးကာ ဂါမဏိ၏ ခန္ဓာကိုယ် မြင်းပေါ်မှမကျမီ သူ၏ဇက်ကို ဓားရှည်ဖြင့်ပိုင်း၍ ချွန်းဖြင့် ချိတ်ယူပြီး သံခြင်းထဲသို့ ထည့်လိုက်လေသည်။

သမိန်ဗရမ်းသည် ထိုသို့ ရန်သူ့ခေါင်းကို ရသည်တွင် ဘုရင်မင်းမြတ် စံတော်မူနေသည့် ပွဲကြည့်သဘင်သို့ ပြန်လာခဲ့သည်။ ထိုသို့ပြန်လာရာတွင် မြင်းကိုအသားကျ စီးကာ ပြန်လာခြင်းဖြစ်သည်။ သမိန်ဗရမ်းသည် ဘုရင်မင်းခေါင်၏ အစွမ်းကုန် ချီးမြှောက်ခြင်း ခံရသည်။ မွန်မူတွင် သမီးတော်နှင့်ပင်လက်ဆက်ပေးသည်ဟု လွန်လွန်ကျူးကျူးရေးသားထားသော်လည်း မြန်မာမူတွင် တူမတော်သူနှင့်ပေးစားသည်ဟုဆိုသည်။သို့သော် မိမိတို့ဘုရင်အပေါ် သစ္စာစောင့်သိတတ်သော သူရဲကောင်း သမိန်ဗရမ်းကမူ သူ၏ဌာနီသို့ ရောက်အောင် ပြန်ခဲ့လေသည်။ ဘုရင်မင်းခေါင်ကလည်း မင်းခမ်းမင်းနားဖြင့် ပို့စေခဲ့သည်။

မွန်မူ

ဘုရင်မင်းခေါင် အနေနှင့် ဤတရုတ်သူရဲ့ကောင်း ဂါမဏိကို နိုင်အောင်တိုက်နိုင်လျှင် မည်သူမဆို အိမ်ရှေ့ဥပမရာဇဓိရာဇ်ပေးမည်ဟု မောင်းကြေးနင်းခတ်ကြေညာစေခဲ့သည်။ သမိန်ဗရမ်းက တိုက်မည်ဆိုသောအခါ ရာဇဓိရာဇ်ပေးသော စည်းစိမ်နှင့်ညီမျှအောင်ငါပေးမည်ဟု ကတိကဝတ်ထားခဲ့သည်။ ဘုရင်မင်ခေါင်းက မိမိ၏သမီးတော် ရာဇဓိတာအားအပ်နှင်း၍ အိမ်ရှေ့ဥပရာဇအား ပေးတော်မူသည်။

သို့သော် သမိန်ဗရမ်းက ကျွန်နိုပ်သည် သည်အမှုတော်ကိုထမ်းဆောင်ခဲ့သည်မှာ (၁) သံခြေချင်းမှ လွတ်စေလိုခြင်း၊ (၂) ကျွနိုပ်၏ကျော်ကြားမှုကို အဆုံးတိုင်ကျော်ကြားစေလိုခြင်း၊ (၃) ကျွန်ုပ်အားကွပ်မျက်ခြင်း (သို့) ဟံသာဝတီသို့ပြန်ညလည်ပို့ဆောင်စေလိုခြင်းကြောင့် ဖြစ်သည်ဟုဆိုကာငြင်းပယ်ခဲ့သည်။

ဘုရင်မင်းခေါင်းကလဲ သမိန်ဗရမ်းသည် ထီးဖြူကိုတည်တံ့အောင် ပြုလုပ်ပေးခဲ့သူဖြစ်သော်ကြောင့် ကျေးဇူးရှိ၍ မကွပ်မျက်နိုင်။ တဖက်တွင်လည်း စစ်အတွင်းကာလဖြစ်၍ ရန်သူဘုရင် ဟံသာဝတီပြည့်ရှင်ထံပြန်မလွှတ်နိုင်သောကြောင့်အင်းဝတွင် အနေမြဲစေလို၏။ အဂ္ဂမလေသီ မိဖုရားကြီးနှင့်တိုင်ပင်၍ သမီးတော် ရာဇဓိတာအားမြင်လျှင် ပိတိသောမနုဿချင်ခြင်းအာရုံနှင့် ငြိတွယ်ပေမည်ဟု အကြံဉာဏ်ပေးသည်။

နောင်တနေ့မနက်တွင် ဘုရင်မင်းခေါင်းသည် သမိန်ဗရမ်းနှင့် နံနက်စာသုံးဆောင်နေစဉ် သမီးတော်အား ကွမ်းတည်ခိုင်း၏။ မင်းသမီးသည်လည်း တခါမျှ တပါးသောယောင်္ကျားတို့အား ကွမ်းမတည်စဖူး၊ မျက်နှာမပြစဖူးရှိလေရာ ရှက်သောစိတ်နှင့် တင်းတိမ်အကွယ်မှ မထွက်လာပေ။ ဘုရင်မင်းခေါင်းက ခေါ်သောအခါမှ ကွမ်းခွက်ကိုထုတ်လာ၏။ ရှက်အမ်းအမ်းနှင့် မျက်လွှာချကာ ခပ်ဝေးဝေးမှ သမိန်ဗရမ်းအားကြည့်သည်။ ထို့နောက် ရွှေကွမ်းခွက်ကို လာချပြီးသည်နှင့် ခပ်သုတ်သုတ်ပင် အတွင်းဆောင်သို့ပြန်ဝင်လေ၏။ သမိန်ဗရမ်းလည်း ရှုချင်ဖွယ်ကောင်းသော၊ ကျက်သရေမင်္ဂလာ ကောင်းခြည်းမင်္ဂလာအဖြာဖြာနှင့်ပြည်စုံသော မင်းသမီးကိုငေးကြည့်မိသည်မှာ ဝင်လာသည်မှာ ပြန်ထွက်သွားသည်ထိပင်။

ဘုရင်မင်းခေါင်းလဲသဘောကျကာ တဖန်ပြန်လည်မေးသောအခါ သမိန်းဗရမ်းအနေနှင့် ငါးအားပြန်လွှတ်တော့မည်မဟုတ်။ ငါ့အနေနှင့် ကုသိုလ်ကံရှိသော် ဟံသာဝတီသို့ပြန်ရပေမည်ဟုတွေးတောပြီး မိမိအနေနှင့် ဥပရာဇာကိုမခံယူသည်မှာ သားတော်ကြီးရှိ၍ဖြစ်ကြောင်း၊ မင်းကြီးအနေနှင့် ခြွင်းချက်နှစ်ခုကိုလိုက်နာပါက သမီးတော်နှင့်လက်ဆက်ကာ အမှုထမ်းမည်ဖြစ်ကြောင်းလျှောက်ထားသည်။ (၁) ဟံသာဝတီနှင့် အင်းဝစစ်ဖြစ်ပါက မည်သည်ဘက်ကမျှမကူပဲ ကြားနေအဖြစ်နေရန်၊ (၂) ကျွန်ဟူသော အသုံးကိုမသုံးရန်၊ ကျွန်ဟူသော အသုံးကို ကြားပါက ဟံသာဝတီသို့ ပြန်မည်ဖြစ်ကြောင်းကို တောင်းဆိုခဲ့သည်။ ဘုရင်မင်းခေါင်းက လက်ခံ၍ သမိန်ဗရမ်းအား အိမ်ရှေ့ဥပရာဇ ပေးအပ်ကာ သမီးတော်နှင့်လက်ဆက်စေ၏။

သုံးလလွန်သော် သမီးတော်တွင်ကိုယ်ဝန်ရှိလာ၍ ဆယ်လပြည့်သောအခါ သားယောင်္ကျားမွေးဖွားလေ၏။ ထိုမြေးကို ဘုရင်မင်းခေါင်က ချစ်တော်မှု၍ လမ်းလျှောက်သင်စအရွယ် တနှစ်သားမြေးကို ညီလာခံတွင် ရင်ခွင်ပိုက်၍ တိုင်းပြည်ရေးရာဆွေးနွေးတော်၏။ တနေ့သော ဘုရင်မင်းခေါင်၏ ဆံပင်ကိုဆွဲချ၍ ခက်ထန်သော သည်ကျွန်သားတော့ ကြာလျှင် မင်းရဲကျော်စွာဖြစ်ပေးအုံးမည်ဟု မိန့်လေ၏။ ထိုနေ့ညတွင် သမိန်ဗရမ်းသည် ဟံသာဝတီသို့ပြန်လေ၏။ ဘုရင်မင်းခေါင်ကသိ၍ မြင်းတပ်နှင့်လိုက်စေသော် မြင်းတပ်ဗိုလ်မှူးအား ခါးကြားမှ ဘုရင်မင်းခေါင်အတွက် ရေးထားသော စာကိုပေးကာ မြင်းတပ်လဲပြန်လေ၏။ ဘုရင်မင်းခေါင်လဲ စာကိုဖတ်ကာ မိမိနှုတ်မှအမှတ်မထင် ထွက်သွားသောအမှားအတွက် လွန်စွာစိတ်ထိခိုက်လေ၏။ မနက်မိုးလင်းသော် သမီးတော် ရာဇဓိတာလဲ ခေါင်းအုံးအောက်မှ သူ့အတွက်ထားခဲ့သောစာကိုဖတ်၍ သည်းထန်စွာငိုသည်။

သမိန်ဗရမ်းသည် ဟံသာဝတီသို့ပြန်ရောက်သော် ရာဇဓိရာဇ်ထံဖြစ်ကြောင်းကုန်စင်လျှောက်လေသော် ရာဇဓိရာဇ်လဲ သမိန်ဗရမ်းကို ဒုန်ဝန်ကိုစားစေ၏။

တနေ့သော် သမိန်ဗရမ်းသည် ဟံသာဝတီမှအပြန် လမ်းခရီးတွင် သရဲ၊ တစ္ဆေတို့ခြောက်လှန့်သော သူခိုးခေါင်းပြတ်သည်မှ ဒူးခေါင်းကိုကိုက်မိသော သွားသုံးချောင်းမှ အဆိပ်သက်ကာ သမိန်ဗရမ်း အနိစ္စရောက်၏။

စာကြွင်း။ ။ သမိန်ဗရမ်းနှင့် ရာဇဓိတာ တို့မှဖွားမြင်သော ရာမရာဇဝံသမင်းသည် သက္ကရာဇ် ၇၈၇ တွင် တွင်အင်းဝထီးနန်းကိုရသော်မူသည်ဟု မွန်မူတွင်ပြသသည်။

သမိန်ဗရမ်း

သမိန်ဗရမ်း ဟူသည်မှာမွန်ဘုရင် ကချီးမြှင့်ထားသော ဘွဲ့အမည်ဖြစ်သည်။သမိန်ဗရမ်း ဟူသောဘွဲ့ဖြင့် ရာဇဝင်တွင် ထင်ရှားသူနှစ်ဦး ရှိသည်။တစ်ဦးမှာဟံသာဝတီပြည့်ရှင် ဘုရင်ရာဇာဓိရာဇ် လက်ထက်ပေါ်ပေါက်၍ကျန်တစ်ဦးမှာ ဘုရင်မကြီးရှင်စောပုနှင့် သမက်တော် ဓမ္မစေတီမင်းတို့လက်ထက် ပေါ်သော သူရဲကောင်းဖြစ်သည်။ပထမသမိန်ဗရမ်းသည် ရာဇာဓိရာဇ်၏သမက်တော်ဖြစ်သည်။လူမျိုးထက်တိုင်းပြည် ်ကိုပို၍ချစ်သောသူရဲကောင်းဖြစ်သဖြင့် ရာဇဝင်တွင် ကျော်ကြားသည်။ သမိန်ဗရမ်းသည်လက်ဖျံရိုးတစ်လုံးတည်းရှိ၍ အလွန်သန်စွမ်းပြီးလျှင်အတိုက်အခိုက်ကျင်လျင် ်သည်။ အမည်ရင်းမှာ ဥပါကောင်းဟုလည်းခေါ်သည်။ ထို့ကြောင့်ကဝိလက္ခဏာသတ်ပုံကျမ်း၌ဥပါကောင်းခံ၊ ရဲအား သံ၊လက်ဖျံရိုးမကွဲ'ဟု စပ်ဆိုထားခြင်းဖြစ်သည်။

သက္ကရာဇ် ရရ၃ ခုနှစ်တွင် မြန်မာဘုရင်မင်းခေါင်၏ သားတော်အိမ်ရှေ့မင်း မင်းရဲကျော်စွာသည်မွန်နိုင်ငံသို့ ကြည်းတပ်ရေတပ်အလုံးအရင်းနှင့်ချီ၍ လုပ်ကြံလေသည်။ ထိုနှစ်တပို့တွဲလတွင် ခဲပေါင်မြို့ကိုရလေသော် မွန်တပ် ်များသည်ပန်းကိုမြို့မှကြည်းရေနှစ်ဘက်ခံရာတွင် မင်းရဲကျော်စွာကလည်း ကြည်း ရေနှစ်ဘက်ညှပ်၍တိုက်သည်။ မွန်ဘုရင့်သမက်တော်သမိန်ဗရမ်း လှေနံကိုတစောင်းတိုက်မိ၏။ သမိန်ဗရမ်းလည်း လှေပေါ်မှမဆင်းဘဲထိုးပစ် ်၏။ နောက်မှ ကူမည့်သူမရှိသော်လည်းသမိန်ဗရမ်းသည်မပြေး၊ အသေခံ၍တိုက်၏။ လှေစီးများသည်အားလုံးသေချေ၏။ သရက် မြို့စားကပင်သမိန်ဗရမ်းအား'စစ်ပျက်ချေပြီ။ လူသူလည်းကုန်ခဲ့ချေပြီ။ သို့ကိုလည်းခံ၍တိုက် ်သေးသည်။ ရူးသလော' ဟုဆို၏။ ယင်းသို့သောအခါမှကြည်းက တပ်မပျက်သောကြောင့် သမိန်ဗရမ်းရေသို့ဆင်းကူး၍ကြည်း သို့တက်၏။ ဗကမတ်ဆင်ကိုစီး၍ သူရဲသုံးထောင်နှင့်တကွ တပ်ကထွက်၍ တောသို့သွား၏။

မင်းရဲကျော်စွာလည်းမြင်းနတ်ပေးကိုစီး၍ ဆင်မြင်းဗိုလ်ပါ နှင့်အပြင်းလိုက်တော်မူ၏။မွန်အမှူးအမတ်များ စစ်ပျက်ချေ သောကြောင့် ကိုယ်လွတ်ခွာ၍ သွားကြသည်။ မြန်မာတို့လည်း တစ်ပါးသူနောက်သို့မလိုက်၊ဗကမတ်နှင့်သမိန်ဗရမ်းကိုသာ လိုက်သည်။ ဗကမတ်ဆင်မုန်ပြင်းလှသောကြောင့် မြန်မာတို ို့မချဉ်းဝံ့။ မြင်းသည်တို့သာဝန်းရံဆီးဆို့၍ ထိုးပစ်ကြသည်။ သမိန်ဗရမ်းတွင်လှံကုန်လျှင်ဗကမတ်ဦးစီးငပျံကိုမြင်းသည်တို့ လှံနှင့်ထိုးမိ၍ကျချေသည်။

နောက်ပဲ့ချိတ်ငယ်လည်း ဆင်း၍ပြေးချေသည်။ သမိန်ဗရမ်းနှင့်အတူပါသည့်သူရဲသုံးရာကျော်တို့လည်း မြင်းသည်တို့လက်တွင်သေချေ၏။ ဗကမတ်ဆင်မူ ကားအင်းတွင်ဆင်း၍မတက်နိုင်ရှိသည်ကို မင်းရဲကျော်စွာမြင်၍ သူရဲတို့ဝန်းရံထိုးပစ်သည်ကို မသေစေနှင့်ဟုဟစ်၍ဆို၏။ သမိန်ဗရမ်းကို ဗကမတ်နှင့်တကွရလေသည်။

သမိန်ဗရမ်းအားဖမ်းဆီး၍ အင်းဝမြို့သို့ခေါ်ဆောင်သွားကြသည်။ သူရဲကောင်းကိုချစ်မြတ်နိုးတတ်သောဘုရင်မင်းခေါင်သည် သမိန်ဗရမ်းကမိမိ်၏သစ္စာတော်ကိုခံယူကာမိမိ၏ လက်အောက်၌အမှုထမ်းမည်ဆိုလျှင် ကြီးစွာ သောချီးမြှောက်ခြင်းဖြင့် သူကောင်းပြုထားလို၏။ သို့ရာတွင်သူရဲကောင်းတို့မည်သည် အလွယ်တကူသစ္စာခံရိုးမ ရှိသည့်အတိုင်းသုံ့ပန်းအဖြစ်ထောင်သွင်းထားရလေသည်။

ထိုအခိုက် ရှေးအထက်ကမြေဒူးမြို့ကို လာရောက်ထိပါး သဖြင့်မင်းရဲကျော်စွာတိ်ုက်၍ရှုံးကာထွက်ပြေးရသောမော်တုံ မော်ကယ်စားတို့သည် တရုတ်မင်း ဥတည်ဘွားထံသို့ သွား၍တိုင်ကြားသဖြင့်ဥတည်ဘွားသည်မစူးစမ်းမဆင်ခြင် ်ဘဲဲစစ်သည်ရဲမက်တို့ကိုစေလွှတ်ကာ အင်းဝနေပြည်တော် ကိုဝန်းရံစေသည်။ အင်းဝဘုရင်မင်းခေါင်လည်း အင်းဝမြို့တော်ပတ်ဝန်းကျင်ကို အခိုင်အလုံစီီရင်ပြီးနောက် ထွက်မတိုက်ဘဲမြို့တံခါး ကိုသာပိတ်၍ ခံနေလေသည်။ တစ်လခန့် ကြာသော် ဥတည်ဘွား၏စစ်သည်တို့တွင် စားရေရိက္ခာ နည်းပါး လာလေသည်။ ထိုအခါဥတည်ဘွား၏စစ်သူကြီးက မြန်မာမင်းထံ'ရွှေနန်းသခင်ထံမှသူရဲကောင်းတစ်ဦးထွက်ပါစေ၊ ကျွန်တော်တို့၏သူရဲကောင်း ကာမဏိက မြင်းစီးချင်း တိုက်ပါမည်။ရွှေနန်းသခင်၏သူရဲကောင်းရှုံးလျှင် မော်တုံမော်ကယ်စားတို့၏သားမယားကိုပြန်ပေးပါ။ ကျွန်တော် တို့၏သူရဲကောင်း ရှုံးလျှင်ကျွန်တော်တို့ပြန်ပါမည်' ဟုစကားဆိုလာလေသည်။ ဆိုလာသောစကားသည် အရေးပင်သင့် သော်လည်း ဘုရင်မင်းခေါင်အဖို့အခက် ်တွေ့နေသည်။ ဆင်စီးမြင်းစီးသူရဲကောင်းတို့သည် သားတော်မင်းရဲကျော်စွာ နှင့်မွန်တို့ပြည်မှာချည်း ရှိလေသောကြောင့်တရုပ်သူရဲကောင်းနှင့် ထွက် ်တိုက်မည့်သူမရှိဖြစ်နေလေသည်။ ထိုအခါ အမတ်တစ်ဦးကအင်းဝတွင် စစ်သုံ့ပန်းအဖြစ်ရောက်နေသော မွန်သူရဲကောင်း သမိန်ဗရမ်းရှိသည်မဟုတ်လော၊ သမိန် ဗရမ်းကိုစုံစမ်းသော်သင့်၏ဟုလျှောက်ရာ သမိန်ဗရမ်းကိုစုံ ုံစမ်းလေသည်။

မြန်မာမင်း၏ စစ်သုံ့ပန်းဖြစ်နေသော သမိန်ဗရမ်းသည် ငါကားမွန်၊ ယခုအရေးကား ဗမာအရေးဟူ၍သဘောမထား ဘဲတစ်တိုင်းပြည်လုံး၏ အရေးအဖြစ်မြင်သည်။ ယင်းသို့သော အမြင်မှန်ကြောင့် ရွှေနန်းသခင်၊ ဓားတစ်စင်း၊ လွှားတစ်ချပ်၊ဆင်စီးချင်း၊ မြင်းစီးချင်း၊ တစ်ယောက် ချင်းတွေ့သောဇဗ္ဗူဒိပ်မြေအပြင်ဝယ် ကျွန်တော့်ကို ခံနိုင်မည်လော၊ ကြောက်သည်မရှိဟုဆိုရာ၊ ဘုရင်မင်းခေါင်သည်အားရတော်မူ၍သမိန်ဗရမ်းကို ခေါင်းဆေးစေ၏။ စားကောင်းသောက်ဖွယ်တို့ကို ကျွေးမွေးစေ၏။ ဥတည်ဘွား၏သူရဲကောင်းကာ မဏိကိုငါ့သားမြင်းစီးချင်းနိုင်လျှင်ငါသူကောင်းပြု တော်မူမည်ဟုလည်းမိန့်တော်မူလေသည်။

သမိန်ဗရမ်းလည်းဝန်ခံ၍ အင်းဝတွင်ရှိသမျှမြင်းတို့ကို ကြည့်ရာမကြိုက်သဖြင့်လိုက်ရှာလျှင်ကျုံးနားတွင် အစာစားနေသောမကျည်းစေ့ရောင်တစီးကိုမြင် ်မှကြိုက်၍ယူပြီးလျှင်အကျိုးအကြောင်းသိအောင် ခုနစ်ရက်စီးနင်းပြီ်းသော်ယောကျာ်းကောင်းချင်း တွေ့စေမည်ဟုစေလေ၏။

တရုတ်သူရဲကောင်းကာမဏိသည် မြင်းနီကြီးကိုရွှေက ထိုး၍ရွှေကုန်းနှီးတင်၍စီးသည်။ သံချပ်ဝတ်သည်။ မျက်နှာမည်းဓားကို ပတ္တမြားအပြည့်စီ၍ဆွဲွဲသည်။ ရွှေလှံအောင်းခုနစ်ဆင့်နှင့်ကိုင်သည်။ နတ်မြင်းသည် နှင့်အတူတင့်တယ်၏။ဘုရင်မင်းခေါင်ကလည်း သမိန်ဗရမ်း စီးမည့်မြင်းတွင်မိ်မိကိုယ်တိုင်သုံးသည့်ပတ္တမြားကုန်းနှီးကို ဆင်ယင်စေ၍လက်သုံးတော်ပတ္တမြားစီဓားကို ိုလည်းပေးအပ်တော်မူပြီးလျှင်'ငါ့သားသည်တစ်ခါ ငါ၏အမှုတော်ကိုကြိုး၍ထမ်း ပါ'ဟုဆိုကာကျောကိုသပ်၍ အားပေးတော်မူသည်။ သမိန်ဗရမ်းကလည်း'နိုင်ပါစေမည်၊ ကျွန်ု်ပ်ထိုး၍ကျလျှင်ခေါင်းကိုချွန်းနှင့်ချိတ်ငင်ဖြတ်ယူ ူပြီးသော်ခြင်းတွင်ထည့်ယူလာပါမည်။ ချိတ်စရာချွန်း နှင့်ထည့်စရာခြင်းကိုပေးတော်မူပါ' ဟု လျှောက်၏။ ကြားရသူအချို့က 'ယုန်မရခင် သံပုရာရှာသည်'ဟု ပြက်ရယ်ပြုကြသည်ဆိုသည်။

အခါရောက်သော် သမိန်ဗရမ်းသည် ရှေးဦ်းစွာမိ်မိကိုယ် ကိုချုံ့၍ မြင်းကိုလျင်နိုင်သမျှလျင်စွာစီးပြသည်။ ကာမဏိလည်းတု၍စီး၏။ ထိုနောက်သမိ်န်ဗရမ်းသည် မြင်းပေါ်၌မတ်ရပ်ထ၍စီးပြပြန်သည်။ ကာမဏိလည်းတု၍စီးပြန် ်၏။ထိုနောက်သမိန်ဗရမ်းသည် လက်နှစ်ဘက်ဆန့်၍ စီးပြပြန်သည်။ကာမဏိလည်းတု၍စီးပြန်သည်။ ကာမဏိထိုသို့စီး သောအခါကာမဏိလက် ်အောက်၌ချပ်ကြိုးပြတ်၍ နံစပ်အသားလက်လေးသစ်ခန့် လပ်နေသည်ကို သမိန်ဗရမ်းမြင်လေသည်။ ထိုအခါမြင်းရေး ကိုကားပြပြီးကြပေပြီ။ ထိုးကြအံ့ဟုဆိုလေသည်။

သမိန်ဗရမ်းသည်လှံကိုနောက်ထား၍ လက်တစ်ဘက်ကို ဆန့်၍စီးလေသည်။ ကာမဏိလည်းလက်ကိုဆန့်၍ လိုက်လေ၏။မိမိ၏အနီးသို့ကာမဏိ၏မြင်းရောက်လာသည်ကို သိသောအခါသမိန်ဗရမ်းသည်မိမိ၏မြင်းကိုလက် ယာဘက်သို့ရုတ်တရက်လှည့်လိုက်၏။ ထိုအခါကာမဏိ ိသည်သမိန်ဗရမ်းကိုခုတ်အံ့ဟုဓားကိုမြှောက်လိုက်ရာ သမိန် ဗရမ်း သည်ကာမဏိ၏ချပ်ကြိုးပြတ်နေသည့်နေရာ၌ နံစပ်အသားလက်လေးသစ်ခန့် လပ်သည်ကိုလှံဖြင့် တအားထိုးလိုက်ရာ လက်ဝဲကသည်လက်ယာသို့ပေါက်၍ ကာမဏိမြင်းပေါ်မှကျလေသည်။

သမိန်ဗရမ်းလည်းအကောင်ကို ချွန်းနှင့်ချိတ်ယူ ကာ ခေါင်းကိုဖြတ်၍ခြင်းတွင်ထည့်ယူခဲ့၏။ဘုရင်မင်းခေါင်လည်း အလွန်အားရတော်မူကာသမိန်ဗရမ်းအား တူမတော်နှင့် စုလျားရစ်ပတ်လက်ထပ်ပေး၍မင်းညီမင်းသားတို့၏ အဆောင်အယောင်ကိုပေးတော်မူ၏။ဆုလာဘ် များစွာလည်းပေး တော်မူ၏။

လယ်ကိုင်းမြို့ကိုလည်းပေးတော်မူသည်။ မင်းကသာမက ပြည်သူအပေါင်း တို့ကလည်း ဝမ်းမြောက်လှသဖြင့် ဆုလာဘ်များစွာပေးကြလေသည်။ ဥတည်ဘွား၏ စစ်သည်တို့လည်းအထက်ကတိစကားအတိုင်း ပြန်ကြရလေသည်။ဤကားရာဇဝင်၌ ထင်ရှားသည့် ပထမသမိန်ဗရမ်းအကြောင်းတည်း။အခြားထင်ရှားသော သမိန်ဗရမ်းတစ်ဦးကားအင်းဝဘုရင် မဟာသီရိသူရနှင့် မွန်ဘုရင်မကြီးရှင်စောပုသမက်တော် ဓမ္မစေတီတို့လက်ထက် ပေါ်ပေါက်ခဲ့ သည်။ ပထမသမိန်ဗရမ်းနည်းတူပင် တရုတ်သူရဲကောင်းအမတ်စလုံကျော်ခေါင်နှင့်စီးချင်းယှဉ်၍ တိုက်ရသူဖြစ်သည်။

သမိန်ဗရမ်းနှစ်ဦးတိုက်ပွဲမှာ ၆၃ နှစ်ခြားသည်။ ပထမသမိန်ဗရမ်းသည်ရရ၆ ခုနှစ်တွင်စီးချင်းယှဉ်တိုက်ကာ အောင်ပွဲရ၍ဒုတိယသမိန်ဗရမ်းသည်၈၃၉ခုနှစ် ်တွင် စီးချင်းယှဉ်၍အောင်ပွဲရသည်။ဒုတိယသမိန်ဗရမ်းကား နရက်(နရွဲ) အရပ်အနီးမာလာရွာနှင့်မောညပ်နှစ်ရွာကို အုပ်ချုပ်သောသူကြီးလောက်ကပိုက်၏သားဖြစ်၍ ငယ်မည်မင်းညီတုံးဖြစ်သည်။ လက်ဖျံတစ်လုံးတည်းရှိ၍အ လွန်သန်မာသည်။ ဓားခုတ်၊ လှံထိုး၊လေးပစ်၊ မြင်းစီး၊ နပန်းလုံး၊ သိုင်းစသောအတတ်တို့တွင်အလွန်ကျွမ်းကျင်၏။ အုန်းသီးကိုလူ၏ဦးခေါင်းထက်တင်၍ခွဲခုတ်ချလိုက်လျှင် အုန်းသီးထက်ခြမ်းကွဲပြတ်ကျ၏။အသားကိုဓားမထိ ိပေ။လူ၏ဦးခေါင်းကို ဓားနှင့်လျှပ်၍ခုတ် လိုက်လျှင် ကတ်ကျေးနှင့် ညီညီညာညာကိုက်သကဲ့သို့ ဆံပင်တို့ပြတ်ကျ၏။ အသားကိုမထိလေ။ ယင်းသို့သော အရည် အသွေးတို့ကြောင့် ဘုရင်မကြီးရှင်စောပု သဘောကျ၍ စက္ကဝါဒေဟူသောဘွဲ့နှင့်လဂွန်းဘိုင်မြို့ကိုသနား တော်မူခြင်းဖြစ်သည်။နောက်နှစ်လခန့်အကြာတွင်'ဗရမ်း' ဟူသောဘွဲ့နှင့် ကျပ်ပေါမြို့ကိုပေးတော်မူသည်။ အထူးကားမင်းညီတုံးသည် အားနည်းသူတို့ကို အမြဲညှာတာကာကူညချီးမြှောက်တတ်၏။ သို့ရာတွင်အား ကောင်းသူဖြစ်ရကားကျား•မကြီးငယ်မဟူရန်ဖြစ်နေသည် ကိုတွေ့သော် နှစ်ဦးလုံးကိုကျုံး၍ရိုက်ပစ်တတ်၏။ အယုတ် သဖြင့်ခွေးချင်းကိုက်နေသည်ကိုပင် နှစ်ကောင်လုံးကို ရိုက်၍ဖျဉ်တတ်၏။

ထို့ကြောင့်လည်း မင်းညီတုံးရွာထဲသို့လျှောက်လာလျှင် မီးကိုရေနှင့်သတ်သကဲ့သို့ အလွန်ငြိမ်ဆိမ်နေတတ်ကြ၏။ တစ်ခါသော် ကုလားတို့သည် သင်္ဘော ခုနစ်စင်းနှင့် တိဂုံမြို့သို့ရောက်လာကြ၏။ မွန်ပြည်သည် ဝပြောသည်။ မင်းဘုန်းကြီးသည်။ သူရဲကောင်းပေါသည်ကြား၍ လာပါသည်။သူရဲကောင်းချင်း တိုက်လိုပါသည်။ ကျွန်တော် ်တို့ရှုံးလျှင်ကုန်အပြည့်နှင့် သင်္ဘောခုနစ်စင်းကို သိမ်းတော်မူပါ။ကျွန်တော်တို့နိုင်လျှင် သင်္ဘောနှင့်ကုန်တန်ဖိုးကို ပေးတော်မူပါဟုလျှောက်ကြ၏။

ထိုစကားကိုကြားလျှင် ဗရမ်းသည်ဘုရင်မကြီးထံ တိုက်ခွင့်တောင်း၏။ ရလျှင်ဝတ်စားဆင်ယင်ဓား လွှားကာစွဲ၍ထွက်လာ၏။ ကုလားတို့ကလည်း ဝက်ဝံကိုသံကြိုးနှင့်ယူလာသည်ကို မင်းစစ်သူကြီး စသည်တို့မြင်ကြလေ သော်လူချင်းသာတိုက်ရမည်၊ တိရစ္ဆာန်နှင့်မည်သို့ တိုက်မည်နည်းဟု ဆီးတားဟန့်ဆိုကြသည်။ ဗရမ်းကမူတိရစ္ဆာန်ပင် ဖြစ်စေကျွန်တော်တိုက်ပါမည်ဟု လျှောက်၍ထွက်၏။ ကုလားတို့ကလည်း သူတို့သူရဲမှာ လက်နက်မပါသဖြင့် ဗရမ်းလည်းလက်နက်စွဲကိုင်ခြင်း မပြုရန်တောင်းဆိုပြန်သဖြင့် ဗရမ်းလည်းလက်နက်ကို ပစ်ချ၍ဝင်လေ၏။ အနီးသို့ချဉ်းကပ်လာ သော ဝက်ဝံအားလက်ကို လှမ်းပေးလိုက်၏။ ဝက်ဝံကား ပါးစပ်ဟ၍ကိုက်မည်အလုပ် လက်ယာလက်ဖြင့် အောက်မေးစေ့ ကိုဆွဲငင်လွှဲပစ်လိုက်သည်။ ဝက်ဝံအလဲတွင်ရင်ပတ်ကြားကိုခြေနှင့်တအား ကျောက်ကန်လိုက်ရာ ဝက်ဝံသေလေသည်။ ထိုအခါ ကုလားတို့လည်း ကတိအတိုင်း သင်္ဘောနှင့်ကုန် ်များကိုမွန်တို့အားပေးခဲ့ရသည်။

ထို့ကြောင့်ကဝိလက္ခဏာသတ်ပုံကျမ်း၌ 'လက်ဖျံတစ်လုံး၊' မင်းညီတုံး၊ရှုံးလေလူဝံကျွန်း'။'သမိန်ဗရမ်း၊စစ်မှုထမ်း၊ မီးယမ်းမကူးနိုင်'ဟုစပ်ဆိုခဲ့ခြင်းဖြစ်သည်။ ဘုရင်မရှင်စောပုနောက် သမက်တော် ဓမ္မစေတီ နန်းတက်သောအခါ ဗရမ်းအားရှေး ပထမသမိန်ဗရမ်းနှင့် ့အလားတူစွာ စွမ်းရည်ထက်မြက်သဖြင့် သမိန်ဟူသော ဘွဲ့ကိုထိုး၍ သမိန်ဟူသောဘွဲ့တွင်စေကာစစ်တောင်းမြို့ကိုပေး၍ ခြီးမြှင့်၏။ ထိုပြင်မင်းဆွေမင်းမျိုးဖြစ်သောအမတ်ကြီး ဗညားလော၏သမီးလေးယောက်အနက် တတိယသမီး စောနှင်းညိုနှင့်ဆောင်နှင်းလေသည်။

တစ်ခါသော်သမိန်ဗရမ်းသည် တရုတ်ပြည်စပ် ခန္တီးမြို့ မြေခြား၌သံတိုင်သွားရောက်စိုက်လိုကြောင်း ဓမ္မစေတီမင်း ထံခွင့်တောင်းလေသည်။ ဘုရင်၏အခွင့်ရလေလျှင ်အရပ်ခုနစ်တောင်ရှိဆင်တော် (ချစ်နောင်ရင်း) ကိုစီး၍ ၈၃၉ ခုတွင်ခန္တီးမြို့သို့ချီတက်လေသည်။ သမိန်ဗရမ်းခန္တီးမြို့ မှအပြန်တွင်အင်းဝဘုရင်မဟာသီဟသူရက ရမည်းသင်းမှဆီး၍ ဖမ်းလေ၏။သမိန်ဗရမ်းလည်းမခံနိုင်၍ ဆင်တော်နှင့်ပြေးရာ အင်းတစ်ခုအလယ်သို့ဆင်း၍ဆင်တော်ပင်ပန်းသည်နှင့် ရေစိမ်နေလေသည်။မြန်မာမင်းကား သူရဲကောင်းဖြစ်၍မပစ်မခတ် ်ဘဲ လှေဖြင့်လွှတ်၍ဆောင်ခဲ့စေ၏။ မြို့တွင်းသို့မူ သံလျှင်းဖြင့်ဝင်လေသည်။တရုတ်တို့လည်း နယ်ခြားသံတိုင် စိုက်ကြောင်းကြားသဖြင့် လာရောက်နှုတ် ်ပစ်သည့်အပြင် မြန်မာတို့စိုက်သည်ထင်မှား၍ အင်းဝသို့လာရောက် ပဏ္ဏာတောင်းလေသည်။

မရမှစီးချင်းတိုက်ရန်စကားဆို၍ မြန်မာဘက်မှ သုံ့ပန်းသမိန်ဗရမ်း၊နှင့်တရုတ်ဘက်မှ တရုတ်သူရဲကောင်း စလုံကျော်ခေါင်တို့ တိုက်ကြရ၏။တရုတ်သူရဲ ဲကောင်းကျလေသည်။အင်းဝဘုရင်လည်းအလွန် ဝမ်းမြောက်အားရတော်မူသဖြင့်အင်းဝတွင်နေလိုက ဓမ္မစေတီမင်းက ခြီးမြှောက် သည်နှင့်အမျှငါချီးမြှောက် ်တော်မူမည်။ ဟံသာဝတီသို့ပြန်လိုက ပို့ပေးမည်ဟုမိန့်တော်မူ၏။ သမိန်ဗရမ်းကလည်း မိမိ ရပ်ဌာန်သားမယားများရှိရာ ပြန်လိုကြောင်းလျှောက်သည်နှင့် အဝတ်အစားရတနာရွှေငွေ၊ ဆုလာဘ်များစွာပေးကာ လှော်ကားလက်ပြည့်နှင့်ဟံသာဝတ ီအရောက်ကောင်းစွာ ပို့တော်မူသည်။

သမိန်ဗရမ်းသည် လက်ရုံးရည်သာမဟုတ် နှလုံးရည်လည်း ကောင်းသည်။တစ်ခါသော်ဓမ္မစေတီမင်းသည် သမိန်ဗရမ်းအားမင်းတမန်အဖြစ်ဖြင့် သီီဟိုဠ်မင်းသို့စေလိုက်၏။ သီဟိ်ုဠ်မင်းကသိင်္ဂုတ္တရကုန်း၌ ဘုရာလေးဆူ၏ ဓာတ်တော်ဆံတော်များတည်နေပုံကိုမေးရာ သမိန်ဗရမ်းသည ်စေ့စေ့စပ်စပ်တိတိ ကျကျဖြေဆိုနိုင်လေသည်။ ထိုနောက် သီဟိုဠ်မင်းကဓမ္မစေတီမင်း၏ အလုံးအရပ်အရောင် အဆင်းအနေအထိုင်အသွား အလာအကြည့်အရှုတို့ကို ိုမေးရာ သမိန်ဗရမ်းကဤတွင်တူသူမရှိ၍မပြနိုင်ပါ' ဟုဆိုလေသည်။

သီဟိုဠ်မင်းက'ငါ့ဘိုးတော် ကဲ့သို့လော'ဟု မေး၏။ ဘိုးတော်မြင့်လွန်းပါသည်ငါ့နောင်တော်ကဲ့သို့လော နိမ့်လွန်းပါသည်ငါ့ဦးရီးတော်ကဲ့သို့လော' 'ဦးရီးတော်ဝလွန်းပါသည်ငါ့ဘထွေးတော်ကဲ့သို့လော ဘထွေးတော်ကြုံလွန်းပါသည်ငါ့အမတ်လေးပါးကဲ့သို့လော တစ်ယောက်ကားကြီးသည်။ တစ်ယောက်ကားခွင်သည်။ တစ်ယောက်ကားကုန်းသည်။ တစ်ယောက်ကားငုံ့လျှိုးပါသည ်ဤသို့ဖြစ်လျှင်ငါနှင့်တူသလောယခုထိုင်နေတော်မူ၍ မလျှောက်သာပါ၊ ရပ်၍ပြတော်မူပါ'ထိုအခါသီဟိုဠ်မင်း ရပ်၍ပြသည်။

အရှင်မင်းကြီး၊ အရှင်မင်းကြီး၏အဆင်းအသွင်တော်သည် လပြည့်ဝန်းကဲ့သို့ရှိပါသည်။ အဆွေတော်ဟံသာဝတီမင်းမှာ ဆန်းသစ်သောလကဲ့သို့ရှိပါသည်။ထို့ပြင်အရှင်မင်းကြီးကား နေမင်းကဲ့သို့အဆွေတော်ကား လမင်းကဲ့သို့ ရှိပါသည်ဟု' လျှောက်ကြားလေသည်။သီဟိုဠ်မင်းက သူ့အား လပြည့်ဝန်းနေမင်းတို့နှင့်နှိုင်း၍လျှောက်သဖြင့်ဝမ်းမြောက် တော်မူကာဆုလာဘ်များစွာ ပေးတော်မူသည်။ သို့ရာတွင်လပြည့်ဝန်းဟူသည်မှာ ပြည့်ဖြိုး ၍တင့်တယ်သော် လည်းရှေ့သို့တိုးတတ်ရန် မရှိတော့ပြီ။ တဖြည်းဖြည်းသာ ဆုတ်ရလေတော့မည်။ ဆန်းသစ်သောလ ဟူသည်မှာ တစ်နေ့တစ်ခြား ပြည့်ဖြိုးတင့်တယ်ဖို့သာရှိသည် ဟူသောအဓိပ္ပာယ်ဖြင့် နှိုင်းခိုင်းခြင်းဖြစ်သဖြင့်မိမိဘုရင်အားလည်း ခြီးမြှင့်ပြောရာရောက်လေသည်။နေမင်းသည်အခြံ အရံမရှိ။ လမင်းသည်ကြယ်တာရာအပေါင်းဖြင့်တင့်တယ်သဖြင့် မိ်မိဘုရင်အား ပညာရှိမှူးမတ် အခြံအရံ ပြည့်စုံတင့် တယ်သည်ဟူသော အဓိပ္ပါယ်ဖြင့်လျှောက်ထားခြင်း လည်းဖြစ်သည်။ သီဟိုဠ်မင်းကလည်း နေမင်းနှင့်အ နှိုင်းခံရ၍အားရတော် မူသည်။

ဤသို့လျှင် နှုတ်ရည်၌လိမ်မာပါးနပ်သော မင်းတမန် သမိန်ဗရမ်းကြောင့် နှစ်ပြည်ထောင်ချစ်ကြည်လေးစားမှုပိုမို ခိုင်မြဲလာလေသည်။အဘက်ဘက်၌အစွမ်းထက်သော သူရဲကောင်းကြီးသမိန်ဗရမ်းသည် တစ်ခါသော် မိမိစားရ သည့်စစ်တောင်းမြို့သို့အပြန်လမ်း၌ နာမည်ကြီးသူခိုးကြီးမောင်မဲ အားဖမ်း၍ တံကျင်လျှိူကာသတ်ထားလေသည်။ နောက်တစ်နေ့တစ်ဖန်ဟံသာဝတီမှ စစ်တောင်းအပြန် သူခိုးကြီးအားသတ်ထားသောအနီးမှ ဖြတ်အသွားသူ ကောင်က 'ဟဲ့လူ ပြန်ခဲ့ဦး' ဟု ခေါ်သဖြင့် ဒေါသဖြစ်ဖြစ်နှင့် ခေါင်းကို ဓားနှင့်ဖြတ်ကာ မြင်းနံဘေးတွင် ဆွဲချိတ်လျက် မြင်းကိုစိုင်းခဲ့လေသည်။

လမ်းတွင် ထိုလူသေခေါင်းက သမိန်ဗရမ်း၏တင်ပါး ကိုတစပ်စပ်ဟတ်၍လိုက်၏။ အိမ်ရောက်မှခေါင်းကိုခွဲ ပစ်သော်လည်း သွားတို့ကား မကျွတ်ဘဲ ရှိနေသဖြင့် အနာအားကြီးလေရကား သမိန်ဗရမ်း အနိစ္စရောက်ရလေသည်။ ဓမ္မစေတီမင်းလည်း အလွန်နှမြောရှာ၏။သမိန်ဗရမ်းကို ကြီးကျယ်ကောင်းမွန်စွာ သဂြိုဟ်ပြီးနောက် ကျန်ရစ်သ ူဇနီးစောနှင်းညိုအား ရေပွက် ဟူသောအရပ်နှင့်တကွ စားကျေးမြို့ရွာကိုလည်းကောင်း၊သားမင်းရဲကျော်စော အားအဖစားရသော စစ်တောင်းနှင့်ဗရမ်းအရာကိုလည်း ကောင်းပေးတော်မူလေသည်။ မှူးကြီးမတ်ကြီး မင်းညီမင်းသားသူဌေးသူကြွယ်တို့လည်း သမိန်ဗရမ်း၏ ဂုဏ်ကျေးဇူးကို သိမြင်စွာ သမိန်ဗရမ်းအတွက် လှူဒါန်းရန်ဟု ပစ္စည်းဥစ္စာစုဆောင်းကြ၍ ရသော ပုဆိုးတစ်ထောင်နှင့် ့ရွှေလေးပိသာကို မင်းအားဆက်ကြ၏။ ဓမ္မစေတီမင်းလည်း အလွန်ဝမ်းမြောက်လျက်ပုဆိုးတို့ကို သံဃာတို့အားလှူ၏။ ရွှေနှစ်ပိသာကို မြို့အနောက်၌ ဇရပ်တစ်ဆောင် ်ဆောက်၏။ကျန်နှစ်ပိသာကို ယခုဘုရားကလေး ဟုခေါ်သောရွာ၌ သိမ်သမုတ်၏။ [၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)