သဘာဝဘေးအန္တရာယ်

ဝီကီပီးဒီးယား မှ

သဘာဝဘေးအန္တရာယ်ဆိုသည်မှာ လူတို့၏ အားထုတ်မှုကြောင့် မဟုတ်ပဲ သဘာဝတရားကြောင့် ဖြစ်ပွားသော ဘေးအန္တရာယ်များကို ဆိုလိုသည်။ ဥပမာ- မုန်တိုင်းတိုက်ခြင်း၊ ငလျင်လှုပ်ခြင်း၊ ဆူနာမီ များဖြစ်ပေါ်ခြင်းတို့ ဖြစ်သည်။

သဘာဝဘေးအန္တရာယ်များသည် ဘေးဒဏ်ခံရသော ဒေသ၊ ခိုလှုံရန် အကာအကွယ်ရနိုင်မှုအခြေအနေ၊ ဘေးအန္တရာယ်၏ ပြင်းအားစသော အချက်များပေါ်မူတည်၍ ဘေးအန္တရာယ်ခံရသော ဒေသသို့မဟုတ် နိုင်ငံ၏ စီးပွားရေး၊ ဒေသခံတို့၏ အသက်အိုးအိမ်စည်းစိမ်နှင့် ထိုဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အကျိုးသက်ရောက်မှုများစွာကို ဖန်တီးပေး၏။