သတ္တသတ္တာဟ မဟာဗောဓိစေတီတော်

ဝီကီပီးဒီးယား မှ
သတ္တသတ္တာဟ မဟာဗောဓိစေတီတော်
သတ္တသတ္တာဟ မဟာဗောဓိစေတီတော်
အချက်အလက်များ
ကိုဩဒိနိတ်19°58′00″N 96°09′01″E / 19.966611°N 96.150353°E / 19.966611; 96.150353ကိုဩဒိနိတ်: 19°58′00″N 96°09′01″E / 19.966611°N 96.150353°E / 19.966611; 96.150353
ဘာသာရေး နှီးနွယ်မှုထေရဝါဒဗုဒ္ဓဘာသာ
နိုင်ငံပုဗ္ဗသီရိမြို့နယ်နေပြည်တော်မြို့မြန်မာနိုင်ငံ
ဗိသုကာ
တည်ထောင်သူNaypyidaw Development Committee
ပြီးစီး၂၀၁၅; ၉ နှစ် အကြာက (၂၀၁၅)

သတ္တသတ္တာဟ မဟာဗောဓိစေတီတော် သည် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥဒယရံသီကုန်းတော်တွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။ အိန္ဒိယနိုင်ငံ၊ ဗီဟာပြည်နယ်၊ ဗုဒ္ဓဂါယာရှိ မဟာဗောဓိစေတီကို ပုံတူယူကာ တည်ထားသည်။[၁] စေတီတော်၏ ဉာဏ်တော်မှာ ၁၆၂ ပေ( ၄၉ မီတာ) မြင့်သည်။

ဘုရား၏ အဓိကရုပ်ပွားတော်၏ အနေကဇာတင်ပွဲကို ၂၀၁၄ ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။[၂]

ဘုရားဝင်းတွင် ဂေါတမဗုဒ္ဓဖွားမြင်ရာနေရာ၊ ဘုရားအဖြစ်သို့ ရောက်ရှိရာနေရာ၊ တရားဦးဟောရာနေရာနှင့် ပရိနိဗ္ဗာန်ပြုရာနေရာ စသည့် သံဝေဇနိယလေးဌာန ကို အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂါယာသို့ သွားရောက်ဖူးမြော်ရန် အခက်အခဲရှိသူများအတွက် တည်ထားခဲ့သည်။[၃]

ကိုးကား