ဝါရမိတ္တု

ဝီကီပီးဒီးယား မှ
၁၃:၁၈၊ ၂၇ ဧပြီ ၂၀၁၈ နေ့က Dr Lotus Black (ဆွေးနွေး | ပံ့ပိုး) တည်းဖြတ်သည့်မူ
(ကွဲပြားမှု) ← မူဟောင်း | နောက်ဆုံး မူ (ကွဲပြားမှု) | ပိုသစ်သော တည်းဖြတ်မူ → (ကွဲပြားမှု)

ဝါရမိတ္တုသည် ဝေဒကျမ်းဂန်များမှ ဆင်းသက်လာသော ဗေဒင်ဝေါဟာရ ဖြစ်ပြီး၊ ဝါရမိတ္တုကြီးနှင့် ဝါရမိတ္တုငယ်ဟု နှစ်မျိုးရှိသည်။ ရက်ရာဇာပြဿဒါး ရွေးချယ်ရသကဲ့သို့ ဝါရမိတ္တုရက်များကို ရှောင်ကြဉ်ရပြီး၊ မကောင်းသော နေ့များ ဖြစ်သည့်အလျောက် ထိုရက်များတွင် အရေးကြီးသော အမှုကိစ္စများကို မဆောင်ရွက်ကြချေ။ မြန်မာလူမျိုးများသည် ယနေ့ထက်တိုင် လက်ခံ ယုံကြည်နေဆဲ ဖြစ်သည်။