လေးလုံးစပ်လင်္ကာ

ဝီကီပီးဒီးယား မှ
၁၃:၀၀၊ ၂ ဧပြီ ၂၀၁၈ နေ့က NjsBot (ဆွေးနွေး | ပံ့ပိုး) (ရိုဘော့က ပေါင်းထည့်နေသည် - {{မြန်မာဘာသာစကား}}) တည်းဖြတ်သည့်မူ

လေးလုံးစပ်လင်္ကာ

လေးလုံးလျှင် တစ်ပါဒစပ်ဆိုရသော ကဗျာအဖွဲ့ ဖြစ်သည်။ လင်္ကာ ဆိုသည်မှာ အလင်္ကာရမှ ဆင်းသက်လာသော စကားဖြစ်သည်။ တန်ဆာ ဆင်ခြင်းဟု အဓိပ္ပာယ်ရသည်။ မြန်မာကဗျာတွင် အသုံးများသော ကဗျာ အဖွဲ့ဖြစ်သည်။ ပုဂံခေတ်မှ ယနေ့ခေတ်အထိ လေးလုံးစပ် လင်္ကာနည်းကို သုံးလေ့ရှိသည်။

စပ်နည်း

သံပေါက်စပ်နည်းကို နားလည်လျှင် လင်္ကာစပ်နည်းကို အလိုလို နားလည်နိုင်သည်။ လေးလုံးလျှင် တစ်ကြိမ်ဖြတ်တောက်၍ စည်းဝါးမှန်မှန် ဖွဲ့ရသည်။ ဖွဲ့သောအခါ အောက်ပါပုံစံအတိုင်း ကာရန်ယူ၍ ဖွဲ့ဆိုရသည်။ (၁) ၄ - ၃ - ၂ နည်း
(၂) ၄ - ၃ - ၁ နည်း
(၃) ၄ - ၁ နည်း
(၄) ၄ - ၂ နည်း
(၅) ၃ - ၁ နည်း
(၆) ၃ - ၂ နည်း ဟူ၍ စပ်ဆိုနိုင်သည်။
အထူးမှတ်ရန်မှာ လေးလုံးစပ်လင်္ကာတွင် ၄ - ၃ - ၂ စပ်နည်းသည် အခြေခံဖြစ်သည်။ ထိုမှဆင့်ပွား၍အမျိုးမျိုးဖြာထွက်လာခြင်း ဖြစ်သည်။[၁]

ကိုးကား

  1. မိုးမခ မီဒီယာ စာနယ်ဇင်းအဖွဲ့မွ ထုတ်ဝေသော ကဗျာဆရာ တင်မိုး၏ မြန်မာကဗျာဖွဲ့နည်း၊(၂၀၁၁၊ ဩဂုတ်)