လော်စစ်ဟန်

ဝီကီပီးဒီးယား မှ
၁၇:၃၇၊ ၂၉ ဒီဇင်ဘာ ၂၀၂၀ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.7) တည်းဖြတ်သည့်မူ

လော်စစ်ဟန် ခေါ် လိုစင်းဟန် ကို ၁၉၃၅ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ၂ဝ၁၃တွင် ကွယ်လွန်သည်။ ဘိန်းကုန်သည် စစ်ဘုရင်ဟောင်း ဖြစ်ပြီး ယခုအခါ မြန်မာနိုင်ငံတွင် ချမ်းသာသော စီးပွားရေး လုပ်ငန်းရှင်ကြီး ဖြစ်သည်။ ကိုးကန့်လူမျိုးဖြစ်သည်။ [၁]

ဘဝဖြစ်စဉ်

ဗမာပြည် ကွန်မြူနစ် တို့ကို တိုက်ရန် ဗိုလ်ချုပ်နေဝင်း ၏ ထောက်ပံ့မှုဖြင့် တည်ထောင်ခဲ့သော [၂] ကကွယ်ရဲ စစ်အုပ်စု၏ ခေါင်းဆောင်အဖြစ်နှင့် ဘိန်းကုန်ကူးမှု လုပ်ငန်းကို စတင်ခဲ့ခြင်း ဖြစ်သည်။ [၃] သူသည် ၁၉၇၀ ပြည့်လွန် များတွင် အာရှမူးယစ်ဈေးကွက် ၌ နာမည်ကြီးသူ တစ်ယောက်ဖြစ်သည်။ ၁၉၇၃ ဩဂုတ် တွင် ထိုင်းတွင် အဖမ်းခံခဲ့ရပြီး နိုင်ငံတော် ပုန်ကန်မှု နှင့် သေဒဏ်ပေးခံရသည်။ သို့သော် ၁၉၈၀ တွင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် နှင့် ပြန်လွတ်လာခဲ့သည်။ [၂]

ပြန်လည်ထူထောင်ခြင်း

ကိုးကန့်နှင့် စစ်သားများ ဗမာပြည် ကွန်မြူနစ်ပါတီ မှ ၁၉၈၉ တွင် ခွဲထွက်လာသော အခါ၊ ဗိုလ်ချုပ်ခင်ညွန့် က လော်စစ်ဟန် ကို အပစ်အခတ် ရပ်စဲရေး လက်နက်ချရေး တို့တွင် အသုံးချခဲ့သည်။ အပြန်အလှန်အားဖြင့် အထူးစီးပွားရေး အခွင့်အရေးများ နှင့် ဘိန်းစိုက်ခွင့် ကိုလည်း တရားမဝင် ခွင့်ပြုခဲ့သည်။ ထို့ကြောင့် ကိုးကန့်နှင့် စပ်ဆက်ဒေသများတွင် တစ်နှစ်အတွင်း ဘိန်းချက်စက်ရုံ ၁၇ ထက်မနည်းပေါ်ပေါက်လာခဲ့သည်။ [၂]

စီးပွားရေးလုပ်ငန်းများ

၁၉၉၂ ဇွန်တွင် အာရှဓန ကုမ္ပဏီ ကို ထူထောင်ကာ ငွေကြေးခဝါချ ခဲ့သည်။ ၎င်း၏ သား စတီဗင်လော ခေါ် ထွန်းမြင့်နိုင် သည် စင်ကာပူမှ စီစီလီယာ အန်း နှင့် ၁၉၉၆ တွင် လက်ထပ်ခဲ့ကာ ဆောက်လုပ်ရေးနှင့် စွမ်းအင် ဆိုင်ရာ အခန်းကဏ္ဍများတွင် အမြတ်အစွန်း အများအပြားရရှိသော ကုမ္ပဏီ ကို ထူထောင်ခဲ့သည်။ [၂][၄] လော်စစ်ဟန် က လည်း ရန်ကုန်ရှိ ထရိတ်ဒါး ဟော်တယ် ၏ ရှယ်ယာ ၁၀% ကို ပိုင်ဆိုင်သည်။ [၁] လော်စစ်ဟန် သည် ၂၀၀၆ ခုနှစ်တွင် ထိုစဉ် က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ သမီး မင်္ဂလာဆောင် ကိုလည်း ကူညီခဲ့သေးသည် ဟု အော့ဇာဗာ သတင်းတစ်ပုဒ်တွင် ပါဝင်ခဲ့သည်။ [၅] ၂၀၀၈ ဖေဖော်ဝါရီ တွင် အမေရိကန် အစိုးရ က လော်စစ်ဟန် ၊ သူ၏သား၊ ချွေးမ တို့နှင့် တကွ ၎င်းတို့ပိုင်ဆိုင်သော ကုမ္ပဏီ များကို ပါ ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းခဲ့သည်။ [၆] နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၏ ပထမဆုံး တရုတ်ပြည် ခရီးစဉ်တွင်လည်း လိုက်ပါခဲ့သည်။ [၇]

အာရှဓန ကုမ္ပဏီ သည် တရုတ် မြန်မာ ဓာတ်ငွေ့ပိုက်လိုင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ မြစ်ဆုံဆည်၊ တာဆန်းဆည်နှင့် ရေအားလျှပ်စစ် စသည့် စီမံကိန်း အကြီးကြီးများ ကို ဆောက်လုပ်ရာတွင် ပါဝင်သည်။ တရုတ်အစိုးရ ကုမ္ပဏီများကလည်း ထိုစီမံကိန်းများတွင် ရင်းနှီး မြုပ်နှံထားကြသည်။ လော်စစ်ဟန် ၏ အခြားသား တစ်ဦးသည်လည်း စင်ကာပူ၊ ထိုင်း၊ ထိုင်ဝမ် တို့တွင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်သေးသည်။

စစ်အစိုရလွန်၂ဝ၁၁နောက်ပိုင်း

စစ်အစိုးရခေတ်တွင် စစ်ဗိုလ်ချုပ်ကြီးများနှင့် ရင်းနှီးခင်မင်သော လောစစ်ဟန်သည်၊ သူသားသမီး၊ ဆွေမျိုးများဖြင့် အေရှားဝေါ ကုမဏီကြီကို အောင်မြင်စွာ တည်ထောင်ခဲ့သည်။ မြစ်ဆုံစီမံကိန်း တွင်လည်း ပါဝင်ခဲ့သည်။ သူတို့နောက်ကွယ်မှပါဝင်လုပ်ဆောင်ခဲ့သည် ဧရာဝတီမြစ်ဆုံစီမံကိန်းသည် သမ္မတသစ် ဦးသိန်းစိန်လက်ထက် ၂ဝ၁၁တွင် ရပ်နားခြင်းခံရသည်။ ဘိန်းဘုရင် လော်စစ်ဟန်ကို အမေရိကန်အစိုးရက သေဒဏ်ပေးထားသော်လည်း သူသည် မြန်မာပြည်တွင် အဓိကစီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်နေသည်။ ဇွန်လ ၂ဝ၁၃တွင် ရန်ကုန်မြို့တွင်ကွယ်လွန်သည်။

ကိုးကား

  1. ၁.၀ ၁.၁ Anthony Davis and Bruce Hawke။ Business is BloomingAsiaweek, January 23, 1997 Vol.24 No.3။ 2009-01-11 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ Bertil Lintner။ The Golden Triangle Opium Trade: An Overview။ Asia Pacific Media Services, March 2000။ 2009-01-06 တွင် ပြန်စစ်ပြီး။
  3. Ka Kwe Ye means "defence" in Burmese, and is used as the name for regional defence forces. Smith, Martin (1991) Burma - Insurgency and the Politics of Ethnicity Zed Books, London, p. 221
  4. Tracking the TycoonsThe Irrawaddy, September, 2008 - Vol.16 No.9။ 2009-01-10 တွင် ပြန်စစ်ပြီး။
  5. Peter Beaumont and Alex Duval Smith။ "Drugs and astrology: how 'Bulldog' wields power"၊ London: Guardian.co.uk, October 11, 2007၊ 2007-10-07။ 2007-10-11 တွင် ပြန်စစ်ပြီး 
  6. Wai Moe။ "More Junta Cronies Hit By US Sanctions"၊ The Irrawaddy, February 26, 2008။ 2009-01-10 တွင် ပြန်စစ်ပြီး 
  7. http://www.irrawaddy.org/article.php?art_id=21748

ပြင်ပလင့်ခ်များ