လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန

ဝီကီပီးဒီးယား မှ
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
အဖွဲ့အစည်းအမျိုးအစားဝန်ကြီးဌာန
ဌာနချုပ်နေပြည်တော်
ဝက်ဘ်ဆိုက်mip.gov.mm

မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထားရှိခဲ့ပြီး ၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော် လက်ထက်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

ယခင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ လက်အောက်ရှိ ဦးစီးဌာနများမှာ

  1. လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန
  2. ပြည်သူ့အင်အား ဦးစီးဌာန တို့ ဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန

လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်မှာ ဦးမောင်မောင်သန်း ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန လက်အောက်တွင်

  1. စီမံနှင့်ဘဏ္ဍာဌာနခွဲ
  2. အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဌာနခွဲ၊
  3. တာဝန်နှင့် လုပ်ငန်းစစ်ဌာနခွဲ၊
  4. လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားပြုဌာနခွဲ၊

ပြည်သူ့အင်အားဦးစီးဌာန

ပြည်သူ့အင်အားဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်မှာ ဦးမြင့်ကြိုင် ဖြစ်ပါသည်။