လားရှိုးသိန်းအောင်

ဝီကီပီးဒီးယား မှ

လားရှိုးသိန်းအောင် သည် မြန်မာအမျိုးသား အဆိုတော် တစ်ဦး ဖြစ်ပြီး တစ်ချို့က ဂျင်မီဂျက်ဟုလည်း ခေါ်ကြသည်။ လားရှိုးသိန်းအောင်ကို ၁၉၄၆-ခုနှစ်၊ လားရှိုးမြို့၌ မွေးဖွားခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် တောခိုသွားခဲ့ပြီး အမေရိကန်နိုင်ငံသို့ ရောက်ရှိခဲ့သည်။ အမေရိကန်နိုင်ငံတွင် ဂီတလုပ်ငန်း အပါအဝင် ပရဟိတ လုပ်ငန်းများ လုပ်ကိုင်ရင်း အမေရိကန်နိုင်ငံသူ တစ်ဦးနှင့် အိမ်ထောင်ကျကာ သမီးတစ်ယောက်၊ သား နှစ်ယောက်ရှိသည်။

သီဆိုခဲ့သောသီချင်းများ

2

ဘဝနိဂုံး

၂၀၁၈-ခု၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၊ အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ ဟူစတန်မြို့တွင် ဒေသစံတော်ချိန် ည ၂ နာရီခွဲ အချိန်၌ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၇၂-နှစ် ရှိပြီ ဖြစ်သည်။

ကိုးကား

[၁]