လက်ကိုင်အိတ်ဆောင် မှန်ဘီလူး

ဝီကီပီးဒီးယား မှ
လက်ကိုင်အိတ်ဆောင် မှန်ဘီလူး (10x lens)

လက်ကိုင်အိတ်ဆောင် မှန်ဘီလူး (Hand len) သည် ကျောက်မျက် ရတနာတို့၏ အရည်အသွေးကို စစ်ဆေးရာတွင် အခြေခံကျပြီး အလွန်ပင်ထိရောက်၊ အလွန်ပင်အသုံးဝင်သည့် ကိရိယာဖြစ်ပါသည်။ ၎င်းကိရိယာကို မှန်ဘီလူး တစ်ချပ် (သို့) တစ်ချပ်ထက်ပိုသော မှန်ဘီလူးတွဲများဖြင့် ပြုလုပ်ထားပါသည်။ ဆယ်ဆချဲ့မှန်ဘီလူးကို ရွေးချယ်ဝယ်ယူရာတွင် အဓိကအားဖြင့် စစ်ဆေးသင့်သည်များမှာ-

  1. အရောင်သွေဖီမှု (no chromatic aberration)
  2. မှန်ဘီလူးခုံး၏ မျက်နှာပြင်ညီညာမှု (no spherical distortion) တို့ဖြစ်ကြသည်။