ရှစ်ပါးသီလ

ဝီကီပီးဒီးယား မှ
၀၃:၀၈၊ ၁၆ မေ ၂၀၁၉ နေ့က NjsBot (ဆွေးနွေး | ပံ့ပိုး) (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း  (-ဥ် +ဉ်)) တည်းဖြတ်သည့်မူ
ဗုဒ္ဓဘာသာ သင်္ကေတ

(အကျယ်ဖွင့်ဆို ရေးသားကြပါရန်)

ရှစ်ပါးသီလ (ဝါ) အဋ္ဌင်္ဂသီလ

(၁) ပါဏာတိပါတာ ဝေရမဏိ၊

(သူတစ်ပါး၏ အသက်ကို သတ်ဖြတ်ခြင်းအမှုကိစ္စတို့အားမပြုလုပ်ပဲရှောင်ကြဉ်မည်ဟူသော သိက္ခာပုဒ်အားထိန်းသိမ်းစောင့်ရှောက်ခြင်း)

(၂) အဒိန္နာဒါနာ ဝေရမဏိ၊

(သူတစ်ပါးမပေးသောပစ္စည်းဥစ္စာတို့ကိုယူငင်ခြင်း "ခိုးယူခြင်း"စသောအမှုကိစ္စတို့အား မကျူးလွန်ပဲ ရှောင်ကြဉ်စောင့်ထိန်းခြင်း)

(၃) အဗြဟ္မစရိယာ ဝေရမဏိ၊

(မကောင်းသော မြင့်မြတ်မှုမရှိသော ကာမဂုဏ်သားတို့၏ အလေ့အထ အကျင့်များမပြုကျင့်ပဲ စောင့်ထိန်းခြင်း)

(၄) မုသာဝါဒါဝေရမဏိ၊

(မဟုတ်မမှန်သောစကားပြောခြင်း၊ လိမ်လည်လှည့်ဖျားပြောဆိုခြင်းတို့မှ ရှောင်ကြဉ်ခြင်း)

(၅) သုရာမေရယ မဇ္ဇ ပမာဒဋ္ဌာနာ ဝေရမဏိ၊

(မူးယစ်မေ့လျော့စေသော အရက်သေစာ ဘိန်းဘင်းကစော် လှော်စာ စသည့် မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သောဆေးဝါးများ သုံးစွဲခြင်းမပြုပဲရှောင်ကြဉ်ခြင်း)

(၆) ဝိကာလဘောဇနာ ဝေရမဏိ၊

(အချိန်ကာလမဟုတ်သော အဟာရကိုမသုံးဆောင်ပဲ၊ နေ့လွဲ ညစာ မစားသုံးပဲရှောင်ကြဉ်စောင့်ထိန်းခြင်း)

(၇) နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာဂန္ဓ ဝိလေပန ဓါရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိ၊

(ဂီတ၌ပျော်ရွှင်နေခြင်း၊ ပန်းရနံ့များအပေါ်သာယာနေမိခြင်း၊ သီဆို ကခုန်ခြင်း စသောအမှုများတို့ကိုပြုမူချိုးဖေါက်မိခြင်းမရှိရန်စောင့်ထိန်းခြင်း)

(၈) ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

(တန်ဘိုးကြီးလွန်းသောအသုံးအဆောင်များသုံးစွဲခြင်း၊ မြင့်လွန်းမြတ်လွန်းသော အိပ်ယာနေရာထိုင်ခင်းစသည်ဖြင့် သုံးစွဲခြင်း တစ်တောင်အတိုင်းအတာထက်မြင့်သော ကုတင်တွင် အိပ်စက်ခြင်းစသည်တို့ မပြုပဲ ရှောင်ကြဉ်စောင့်ထိန်းခြင်း)

အင်္ဂုတ္တရပါဠိတော် ၇၉။ ဋ္ဌ။ ၂၃၃-၌အကျယ်ရှုရန်။

ကိုးကား