လမိုင်းဝန်

ဝီကီပီးဒီးယား မှ

ရွှေနန်းရိုး လမိုင်းဝန် သည် ထီးနန်းစဉ်ဆက် ဧကရာဇ်မင်းမြတ်တို့ သီးခြားပိုင်ဆိုင်တော်မူမြဲ အရာတော်လယ်မြေ၊ နန်းမတက်မီ မင်းသားအစဉ်က အမွေတော်ရ လယ်ယာမြေများကို အလစ်အလပ် မရှိစေရ။ နေရာချထား လုပ်သားပြည်သူတို့ကို ဆင့်ဆိုလုပ်ကိုင်စေရန် အသီးအနှံများကို သိမ်းရုံးဆက်သွင်းရခြင်းကြောင့် ရွှေနန်းရိုး လမိုင်းလယ်၊ အောင်ပင်လယ် လမိုင်းလယ် နှစ်ရပ်ကို ဝန်စုသီးခြား ခန့်အပ်တော်မူသည်။ ရွှေနန်းရိုး လမိုင်းဝန်က ထိန်းအုပ်နှိုးဆော် စီမံရသည်။ [၁]

ကိုးကား

  1. သမိုင်းပါမောက္ခ ဒေါက်တာကျော်ဝင်း(ငြိမ်း) ရေး၊ ညောင်ရမ်းမင်းသား၏ နောက်ဆုံးနေ့ရက်များနှင့် အခြားစာတမ်းများ၊ စာ-၁၃၊ ၂၀၁၅၊ ဒီဇင်ဘာ