ရောမအင်ပါယာ

ဝီကီပီးဒီးယား မှ
ရောမအင်ပါယာ (အေဒီ ၁၁၇)

ရောမအင်ပါယာသည် ဧကရာဇ်ဘုရင် အုပ်ချုပ်သည့် အလွန် ကြီးမားသည့် ဒေသကြီး ဖြစ်သည်။ ရောမအင်ပါယာ၏ ပထမဆုံး ဧကရာဇ်မှာ အောက်တေးဗီးယန်း ဖြစ်ပြီး ဘီစီ ၂၇ မှစ၍ အုပ်စိုးခဲ့သည်။ ထိုကာလမတိုင်ခင်က ရောမအင်ပါယာမှာ ဆီးနိတ်ဟု ခေါ်သည့် ကောင်စီမှ အုပ်စိုးသည့် သမ္မတ နိုင်ငံတစ်ခု ဖြစ်သည်။

ရောမအင်ပါယာ၏ အမည်အပြည့်စုံမှာ Senātus Populusque Rōmānus (SPQR) ဖြစ်ပြီး "ရောမ၏ ဆီးနိတ်နှင့်ပြည်သူများ" ဟုအဓိပ္ပာယ်ရသည်။