ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဝီကီပီးဒီးယား မှ
၁၄:၅၇၊ ၁၅ ဇန်နဝါရီ ၂၀၂၁ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 0 ခုကို ကယ်ဆယ်ပြီး 1 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8) တည်းဖြတ်သည့်မူ
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
Yezin Agricultural University
YAU
စိုက်ပျိုးပညာ ပြည်ရွာဖွံ့ဖြိုး
Uplift the Nation through Agriculture
{{{အမည်}}}
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ အမှတ်တံဆိပ်
တည်ထောင်ခုနှစ် ၂၂ ဒီဇင်ဘာ ၁၉၂၄
ပါမောက္ခချုပ် နန်းဆိုင်ဟွမ်၊ ဒေါက်တာ
တည်နေရာ ရေဆင်း၊ ပျဉ်းမနားမြို့နယ်၊ နေပြည်တော်
အမျိုးအစား အများနှင့်သက်ဆိုင်သော
အဖွဲ့အစည်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ဝဘ်ဆိုတ် http://www.yau.edu.mm


ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သည် နေပြည်တော်ပျဉ်းမနားမြို့ မြောက်ဖက်၊ ၁၁ မိုင်ခန့်အကွာ ရေဆင်းဒေသတွင် တည်ရှိသည်။ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော စိုက်ပျိုးရေးတက္ကသိုလ်ဖြစ်သည်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုအောက်ရှိ တက္ကသိုလ်တစ်ခုလည်းဖြစ်ပြီး နှစ်စဉ် စိုက်ပျိုးရေးသိပ္ပံဘွဲ့ရ(Bachelor of Agricultural Science - BAgrSc) ဦးရေ ၂၀၀ ခန့်မွေးထုတ်ပေးလျက် ရှိသည်။ မဟာဘွဲ့သင်တန်းကို ၁၉၇၈ ခုနှစ်တွင် စတင်ခဲ့ပြီး ပါရဂူဘွဲ့သင်တန်းကို ၂၀၀၁ တွင် စတင်ဖွင့်လှစ်ခဲ့သည်။

သမိုင်းကြောင်း

၁၉၂၄ ခုနှစ်တွင် စိုက်ပျိုးရေးကောလိပ်နှင့် သုတေသနသိပ္ပံအဖြစ် မန္တလေးမြို့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၏ တွဲဖက်ကောလိပ် ဖြစ်လာခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် စိုက်ပျိုးရေးပညာ မဟာဌာနအဖြစ် ရန်ကုန်တက္ကသိုလ်၏ အုပ်ချုပ်မှုအောက်တွင် ရှိခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် မန္တလေးတက္ကသိုလ်အောက်သို့ ရောက်ရှိခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် စိုက်ပျိုးရေးသိပ္ပံကျောင်းအဖြစ် ပညာရေး ဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်သို့ ပြောင်းရွှေ့ခဲ့ပြီး ၁၉၇၃ ခုနှစ်တွင် မန္တလေးမှ ရေဆင်းဒေသသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်သို့ လွှဲပြောင်းရောက်ရှိပြီး ၁၉၉၈ ခုနှစ်တွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။[၁]


ပေးအပ်သောဘွဲ့များ

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ပေးအပ်သောဘွဲ့များမှာ စိုက်ပျိုးရေးသိပ္ပံဘွဲ့၊ စိုက်ပျိုးရေးသိပ္ပံမဟာဘွဲ့ နှင့် စိုက်ပျိုးရေးသိပ္ပံပါရဂူဘွဲ့များ ဖြစ်ကြသည်။

ကိုးကား

  1. History of YAU။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန။ ၂၀၁၄-၁၁-၁၂ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]