ယူကျူ့ဘ်
![]() | |
အမျိုးအစား | ကုမ္ပဏီခွဲ |
---|---|
တည်ထောင်ခြင်း | ဖေဖော်ဝါရီ ၁၄၊ ၂၀၀၅ |
ဌာနချုပ် | ၉၀၁ ချယ်ရီရိပ်သာလမ်း၊ ဆန်ဘရူနိုမြို့၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အမေရိကန်ပြည်ထောင်စု |
ကိုဩဒိနိတ် | 37°37′41″N 122°25′35″W / 37.628101°N 122.426424°W |
ဝန်ဆောင်မှု ဧရိယာ | ကမ္ဘာတစ်ဝှမ်း (ပိတ်ဆို့တားမြစ်ထားသည့် နိုင်ငံများမှလွဲ၍) |
တည်ထောင်သူ(များ) |
|
အရေးပါ ပုဂ္ဂိုလ် | Susan Wojcicki (စီအီးအို) Chad Hurley (အကြံပေး) |
လုပ်ငန်း | အင်တာနက် ဗွီဒီယိုလွှင့်တင်နိုင်သည့် ဝန်ဆောင်မှု |
မိခင်ကုမ္ပဏီ | အမှီအခိုကင်း (၂၀၀၅-၂၀၀၆) ဂူဂယ် (၂၀၀၆-လက်ရှိ) |
ဆောင်ပုဒ် | Broadcast Yourself (၂၀၀၅-၂၀၁၂) |
ဝက်ဘ်ဆိုဒ် | YouTube.com |
ပရိုဂရမ်းမင်း ဘာသာစကား | Python[၁] နှင့် JavaScript |
Alexa အဆင့် | ၃ (ဇူလိုင် ၂၀၁၅)[၂] |
ကြော်ငြာ | Google AdSense |
မှတ်ပုံတင်ခြင်း | Optional (ဗွီဒီယိုအများစုကြည့်ရှုရန်အတွက် မှတ်ပုံတင်ရန်မလို။ ဗွီဒီယိုလွှင့်တင်ခြင်း၊ ၁၈နှစ်အထက် ဗွီဒီယိုများကြည့်ရှုခြင်း၊ playlist ဖန်တီးခြင်းနှင့် မှတ်ချက်များပေးရန် စသည်တို့အတွက် မှတ်ပုံတင်ရန်လိုအပ်) |
ရရှိနိုင်သည့် ဘာသာစကား | ဘာသာစကား ၇၆ မျိုး[၃] |
လွှင့်တင်သည့်နှစ် | ဖေဖော်ဝါရီ ၁၄၊ ၂၀၀၅ |
လက်ရှိ အခြေအနေ | သက်ဝင်နေဆဲ |
ယူကျု(ဘ်) (အင်္ဂလိပ်: Youtube) သည် ဗွီဒီယိုဖိုင်အတိုများအား အင်တာနက်ပေါ်သို့ လွင့်တင်ထားသော ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်ပြီး အခမဲ့ကြည့်ရှုနိုင်သည်။ ၎င်းဝက်ဘ်ဆိုဒ်ပေါ်တွင် နည်းပညာဆိုင်ရာများ၊ ဒေသန္တရဗဟုသုတများ၊ သီချင်း၊ ရုပ်ရှင်များအား အများဆုံးတွေ့နိုင်ပြီး လူငယ်များအား ဗဟုသုတများစွာကို ပေးနိုင်သော ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်သည်။ လတ်တလောအခြေအနေတွင် ယူကျု(ဘ်)အား ဂူဂယ် က ပိုင်ဆိုင်ထားသည်။ ထို့အပြင် ယူကျု(ဘ်)အား ပေးပယ်(လ်)၏ မူလအလုပ်သမား သုံးယောက်မှ ဖေဖော်ဝါရီလ၊ ၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကြသည်။ ၂၀၀၆ ခုနှစ် နိုဝင်ဘာလတွင် ဂူဂယ်က အမေရိကန်ဒေါ်လာ ၁.၆၅ ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။[၄] ယူကျု(ဘ်)ဝက်ဘ်ဆိုဒ်တွင် အမျိုးမျိုးသော ဗွီဒီယိုဖိုင်များအား လွင့်တင်နိုင်သည့်အပြင်၊ ၎င်းဗွီဒီယိုဖိုင်များအား အခြားသူများအား ဝေမျှနိုင်ခြင်း၊ အမှတ်ပေးခြင်း၊ ကြည့်ရှု့သည်အရေအတွက်ပေါင်းအား မှတ်တမ်းတင်ထားခြင်း၊ ဗွီဒီယိုဖိုင်တွင် ထင်မြင်ချက်များ ချမှတ်နိုင်ခြင်း စသည့် နည်းပညာများကြောင့် ယူကျု(ဘ်)သည် လူကြိုက်များ ကျော်ကြားလှသည်။
ပယ်ဖျက်ခြင်း
ယူကျုဘ်အား ကမ္ဘာပေါ်ရှိ စာသင်ကျောင်းအတော်များများနှင့် အချို့သော နိုင်ငံများက မသင့်လျော်သော ဝက်ဘ်ဆိုဒ်တစ်ခု အဖြစ် ထင်မြင်၍ ပယ်ချခြင်းများ ပြုလုပ်ထားကြသည်။
ဝန်ဆောင်မှုအဖွဲ့အစည်း
ကိုးကား
- ↑ Lextrait၊ Vincent (July 2010)။ YouTube runs on Python။ 30 May 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 5, 2010 တွင် ပြန်စစ်ပြီး။
- ↑ Youtube.com Site Info။ Alexa Internet။ July 26, 2015 တွင် ပြန်စစ်ပြီး။
- ↑ YouTube language versions။ June 2, 2015 တွင် ပြန်စစ်ပြီး။
- ↑ Hopkins, Jim။ "Surprise! There's a third YouTube co-founder"၊ USA Today၊ October 11, 2006။ November 29, 2008 တွင် ပြန်စစ်ပြီး။
![]() | ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |