မြောက်ဘက်ရှင်မ

ဝီကီပီးဒီးယား မှ
မြောက်ဘက်ရှင်မ နတ်

မြောက်ဘက်ရှင်မနတ်သည် မြန်မာ့ရိုးရာနတ်တစ်ပါး ဖြစ်သည်။[၁]

သမိုင်း

မြောက်ဘက်ရှင်မနတ်သည် မင်းရဲသိင်္ခသူ၏ ဇနီးတော်စပ်သူ ဖြစ်သည်။ မင်းရဲသိင်္ခသူမှာ ဘုရင်၏ ထီးတော်မိုး ဖြစ်သည်။

မြောက်ဘက်ရှင်မသည် စစ်ကိုင်းအနီးတွင် မီးဖွားရာတွင် ကွယ်လွန်ခဲ့ပြီး ၃၇ မင်းဝင် နတ်တစ်းပါး ဖြစ်လာခဲ့သည်။ သူ၏ သားတော်ဖြစ်သူကို တောင်ငူ၌ ပြုစုကြီးပြင်းလာရာ “တောင်ငူမင်းခေါင်” ဟု ထင်ရှားခဲ့သည်။ [၁]

ရုပ်တုပြုလုပ်ခြင်း

မြောက်ဘက်ရှင်မ၏ ရုပ်တုပုံစံသည် မိန်းမငယ်ရွယ်ပုံစံထုလုပ်ကြသည်။ သို့သော် တစ်ခါတရံတွင် အဘွားကြီးအရွယ် ထုလုပ်ကြသည်လည်း ရှိသည်။ နန်းတွင်းအဝတ်အစားကို ဝတ်ဆင်ထားပြီး ဒူးတုပ်ကာ ခစားနေဟန် (သို့မဟုတ်) ပလ္လင်ထက်တွင် စံမြန်းနေဟန် ထုလုပ်ကြသည်။[၁]

ကိုးကား

  1. ၁.၀ ၁.၁ ၁.၂ ဦးထွေးဟန် (၁၉၉၁ ခုနှစ်၊ ဇူလိုင်လ၊ ၁၇ ရက်)။ မြန်မာ့မိရိုးဖလာဓလေ့ နတ်သမိုင်း။ အမှတ် - ၅၊ တင့်ဆန်းလမ်း၊ ဗဟန်း၊ ရန်ကုန်မြို့: ရွှေပုရပိုက်စာပေ။ pp. ၁၀၂။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)