မြန်မာ အက္ခရာ

ဝီကီပီးဒီးယား မှ

မွန်တို့ထံမှ ဆင်းသက်သည့် မြန်မာတို့ ရေးသားသတ်မှတ်အပ်သော အက္ခရာအရေအတွက်မှာ ရှေးရဟန်းရှင်လူပညာရှိတို့ အလိုအားဖြင့် ၄၁-လုံးရှိ၏။ ခေတ်သစ်မြန်မာသဒ္ဒါတို့အလိုအားဖြင့် အ အာ ဣ ဤ ဥ ဦ ဧ ဩ ကိုထည့်သွင်းရေတွက်ခြင်း မပြုဘဲ ၃၃-လုံးဟု သတ်မှတ်သည်။

အက္ခရာ ၄၁-လုံးတို့ု့မှာ -

အာ
က

မြန်မာ

မြန်မာ အက္ခရာ နှင့် မြန်မာစာ အရေးအသားပေါ်ပေါက်ဖြစ်ထွန်းလာပုံ ကို စူးစမ်းလေ့လာကြသော သုတေသီ အားလုံးက မြန်မာ အက္ခရာ များသည် ခရစ်တော် မပေါ်မှီ BC – 500 မှ AD- 300 ကျော်အထိ India မှာ ထွန်းကားခဲ့သော ဗြာဟ္မီ အရေးအသား ကနေမြစ်ဖျားခံခဲ့သည်ဟု လက်ခံကြသည်။ အစောဆုံးမြန်မာစာ အရေးအသားကို ပုဂံခေတ် AD-11-12 ရာစု မှာတွေ့ရှိရပြီး ရာဇကုမာ ကျောက်စာ ရေးထိုးခဲ့ချိန် ဖြစ်သည်။

ရာဇကုမာ ကျောက်စာမျှ သိပ်မထင်ရှားသော ကျန်စစ်သားမင်း၏ မြကန် မွန်ကျောက်စာမှာ ရေကန်အမည် ကို မဟာနိဗ္ဗာန် လက်ဆုယ်ခိရိယ် ( မူရင်းကိုက ဒီအတိုင်း ) လို့တွေ့ရသည်မှာ အစောဆုံး မြန်မာ အက္ခရာလို့ ပြောလို့ရပါသည်။ ဒီထက် နှစ်ပေါင်း ၅၀ လောက်စောသည့် ကျောက်စာတွေမှာလဲ မြန်မာ အက္ခရာတွေကို တွေ့ရသည့်အတွက် မြန်မာစာသည် AD -11 ရာစုတွင် ပေါ်ပေါက်သည်ဟု အခိုင်အမာပြောနိုင်ပါသည်။ ပျူစာ ထွန်းကားမှု ၊ မွန်မြို့ပြ နိုင်ငံများ ထွန်းကားခြင်းတို့သည်လဲ ပုဂံနိုင်ငံထွန်းကားမှုနှင့် စပ်ဆက်နေပါသည်။ ပုဂံနိုင်ငံ ထွန်းကား သလို မြန်မာစာသည်လဲ မွန်စာနှင့် အတူ ထွန်းကားခဲ့ပါသည်။ သို့သော် မွန်စာ ကတစ်ဆင့် တိုးတက်ဖြစ်ထွန်းလာတာကို တချို့ကလက်မခံကြပါ။ ဗြာဟ္မီ အရေးအသား မှနေ ပျူ အက္ခရာ ၊ မွန် အက္ခရာ ၊ မြန်မာအက္ခရာ တွေပါ ဆင်းသက်လာတာဖြစ်သည့်အတွက် တော်တော်များများသည် ဆင်တူပါသည်။

မြန်မာစာကို တီထွင်ခဲ့သူတွေဟာ သက္ကတ အရေးအသား၊ ပါဠိ အရေးအသား ၊ ပျူ အရေးအသား တို့ကနေ မြန်မာအက္ခရာ နှင့် အရေးအသားအတွက် လိုတာကို ယူပြီး မလိုတာကို ပယ်ခဲ့ကြပါတယ်။ ဋ ၊ ဌ ၊ ဍ တို့ကိုတော့ မြန်မာစာ အတွက် အသုံးမဝင် စေသော်လည်း ပါဠိ စာပေ သင်ကြားဖို့ အခက်အခဲ မရှိစေရန် ထိုစာလုံးများ ကိုတော့ ထိမ်းထားခဲ့ပါတယ်။ ဒီတော့ မြန်မာစာ ၊ မြန်မာအက္ခရာ စာလုံးတွေဟာ ဗြာဟ္မီ အရေးအသား ကိုမြစ်ဖျားခံပြီး မွန် အက္ခရာ နှင့် ပုံစံတူကာ ပါဠိ ၊ သက္ကတ စာလုံးတို့နှင့် နှီးနွယ်ပြီး ဖြစ်ပေါ်လာတယ်လို့ ပြောနိုင်ပါတယ်။

  • ( ၁၂ ရာစု နောက်ပိုင်းမှာ မွန်စာတိမ်ကော သွားပြီး မြန်မာပြည်အောက်ပိုင်းမှာတော့ဆက်လက် ရှင်သန်တယ်လို့ ဆိုပါတယ် ။ ဒါကို.. မြန်မာပြည် အောက်ပိုင်းမှာ ရှိတဲ့ မြို့အမည်တွေကိုကြည့်ရင်သိနိုင်ပါတယ် …. ဥပမာ- မှော်ဘီ …မွန်ဘာသာဖြင့် မြစ်ကွေ့၊ အင်းစိန် = အစ္စိန = မွန်ဘာသာဖြင့် ဆင်အိုင် … တော်တော်လေးများပါတယ် ကျွန်တော် ဒီလောက်ပဲ မှတ်မိတယ် … ဒေါက်တာသန်းထွန်းစာအုပ်ထဲမှာ ဖတ်ဖူးတာ စာအုပ်လဲရှာမတွေ့တော့ဘူး စာအုပ်နာမည်လဲမမှတ်မိတော့လို့ပါ )

ပိဋကတ်တော်စာများကို မြန်မာများ လွယ်ကူစွာ ဖတ်ရှု့နိုင်ဖို့ အတွက် ရှင်အရဟံ နှင့် သီဟိုဠ် ရဟန်းတော်များ၏ နည်းပေးလမ်းပြ ကူညီမှုဖြင့် မြန်မာအက္ခရာ စာလုံးများဖြစ်ပေါ်လာအောင် တီထွင်ခဲ့ပြီး မြန်မာစာဟာရှေးယခင်က ကျောက်စာများအရ ဆိုရင် လေးထောင့်ပုံစံရေးသားခဲ့တယ်လို့ လဲ ဆိုကြပါတယ်။ ရာဇကုမာ ကျောက်စာ ကို အောက်မှာကြည့်ပါ။ မွန် မြန်မာအက္ခရာ သမိုင်း ပြောင်းလဲပုံ ကိုလဲ တွေ့နိုင်ပါတယ် ။

နောက်ပိုင်း ပေစာများရေးတဲ့ ခေတ်ရောက်တော့ ပေစာပေါ်မှာ လေးထောင့်စာလုံးနဲ့ ရေးတဲ့ အခါ ပေစာများ ကွဲထွက်တာကြောင့် အဝန်း အဝိုင်း ပုံရေးဆွဲရင်း မြန်မာစာဟာ ခရာဝန်း ပုံစံပြောင်းလဲလာတယ်လို့ ဆိုကြပါတယ်။ တစ်ချို့ ကလဲ နေဝန်းလဝန်းပုံ ကိုကြည့်ပြီးတီထွင် လာတာကြောင့် မြန်မာအက္ခရာ တွေဟာ အဝန်း အဝိုင်းပုံ ဖြစ်ရတယ်လို့ ဆိုပါတယ်။ မြန်မာစာလုံးတွေကို အဖို အမ ဆိုပြီးခွဲခြားထားပြီး ပ ဆင့် ( ပတ်ဆင့်) စာလုံးတွေမှာ အဖိုစာလုံးပေါ်အဖို စာလုံးမဆင့်ရတာ မထပ်ရတာ၊ အမ စာလုံးအပေါ်မှာ အမစာလုံး မဆင့်ရတာမထပ်ရတာ တွေလဲရှိပါတယ်။

  • ( ဘယ်လို စာလုံးတွေ မှ ထပ်လို့ရလဲ ၊ ဆင့်လို့ ရသလဲ ကတော့ ကိုယ့်ဘာသာကိုယ်သာစဉ်းစားကြပါတော့ )

မြန်မာစာလုံး စနစ်တကျ ရေးဆွဲပုံ


A letter from BURMA စာအုပ် မှ မြန်မာအက္ခရာ အသံထွက်ပုံ

မြန်မာ အက္ခရာ အဆင့်ဆင့် ပြောင်းလဲလာပုံအား အက္ခရာ နှိုင်းယှဉ်ပြပုံ


ပထမဆုံး မြန်မာအက္ခရာ သင်ပုန်းကြီးကျမ်း ကိုတော့ မြန်မာသက္ကရာဇ် ၁၂၃၅-၄၉ (AD-13) ရာစုအလယ် မှာ ဦးကျည်ပွေ့ ( ခေါ် ) ရှင်ဒိသာပါမောက် က ရေးသားပြုစုခဲ့ပါတယ်။ ၁၇၇၄ ခုနှစ် မှာတော့ သံလျင်မြို့ မှ ဗရင်ဂျီ ဖုန်းတော်ကြီး ပါကိုတိုး(Percoto) က ဗရင်ဂျီ ကျမ်းစာမှုများကို ရောမ မြို့သို့ ကူးယူသွားခဲ့ရာ ရောမမြို့ က ဗရင်ဂျီ သာသနာပြု အဖွဲ့ ကမြန်မာအက္ခရာများကို တွေ့ရှိကာ သဘောကျခဲ့တဲ့အတွက် မြန်မာအက္ခရာကို မူတည်ပြီး ဂိတ်စပီလီ ( Guiseppe Expilly ) ဆိုသူ က ခဲစာလုံး တီထွင်ပြီး အဲဒီ ခဲစာလုံးတွေနဲ့ ပထမဆုံးသောမြန်မာ သင်ပုန်းကြီး စာအုပ်ကို ရိုက်နှိပ်ခဲ့ပါတယ်။

၁၇၇၆ ခုနှစ် မှာရိုက်နှိပ်ခဲ့တဲ့ မြန်မာ သင်ပုန်းကြီး စာအုပ်မှာ မှားယွင်းတာတွေရှိတဲ့ အတွက် ၁၇၈၇ မှာ ဘုန်းတော်ကြီး မင်တေအာဇာ ( Mantey Azza ) ဒုတိယအကြိမ်မြန်မာ သင်ပုန်းကြီး စာအုပ်ကို ရိုက်နှိပ်ခဲ့ပြန်ပါတယ်။

ကိုးကား

  • မြန်မာအက္ခရာရေးသားနည်းစနစ် ( ဦးမြတ်ကျော် )
  • ပေစာနှင့် ပေစာထုတ်ကြိုးပေါ်မှ ဆုတောင်းများ ( ရွှေဘို မိမိကြီး )
  • မွန်မြန်မာ အက္ခရာ သမိုင်း ( ဦးသာမြတ်)
  • မြန်မာအဘိဓာန် ( မြန်မာစာ အဖွဲ့ )