မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေး

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံတွင် သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် ဖွဲ့စည်းထားသော ဝန်ကြီးဌာနနှစ်ခုရှိပြီး ယင်းတို့မှာ -

  1. ရထားပို့ဆောင်ရေး ဝန်ကြီးဌာန နှင့်
  2. ပို့ဆောင်ရေး ဝန်ကြီးဌာန တို့ဖြစ်ကြသည်။

ရထားပို့ဆောင်ရေး

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မြန်မာနိုင်ငံ၏ ရထားပို့ဆောင်ရေး

၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံရှိ မီးရထားလမ်းမိုင်စုစုပေါင်းမှာ ၃၁၈၆.၈၆ မိုင် နှင့် မီးရထားဘူတာရုံပေါင်း ၈၁၂ ခုရှိသည်။[၁]

ကုန်းလမ်းပို့ဆောင်ရေး

၂၀၀၆ ခုနှစ်အထိ စာရင်းများအရ -

  • စုစုပေါင်းခရီးလမ်း - ၁၆,၇၇၇ မိုင် (၂၇,၀၀၀ ကီလိုမီတာ)
  • လမ်းခင်းပြီး - ၁,၉၈၈ မိုင် (၃,၂၀၀ ကီလိုမီတာ)
  • မခင်းရသေးသောလမ်း - ၁၄,၇၈၉ မိုင် (၂၃,၈၀၀ ကီလိုမီတာ)

အဓိက အဝေးပြေးလမ်းများ

မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အမြန်လမ်းမကြီးမှာ ရန်ကုန်-မန္တလေး အမြန်လမ်း ဖြစ်ပြီး ၃၆၄.၆ မိုင် (၅၈၆.၇ ကီလိုမီတာ) အရှည်ရှိကာ ဖြူးမြို့ တောင်ငူမြို့နေပြည်တော်နှင့် မိတ္ထီလာမြို့များကို ဖြတ်သန်းသွားသည်။ ယာဉ်မောင်းလိုင်း လေးလိုင်းရှိ အမြန်လမ်းမကြီးအမျိုးအစား ဖြစ်သည်။

ရေကြောင်းပို့ဆောင်ရေး

၂၀၀၈ ခုနှစ် စာရင်းများအရ မြန်မာနိုင်ငံတွင်း သွားလာနိုင်သည့် ရေလမ်းခရီးအရှည် စုစုပေါင်းမှာ ၇,၉၅၄ မိုင် (၁၂,၈၀၀ ကီလိုမီတာ) ဖြစ်ပြီး သင်္ဘောကြီးများ သွားလာနိုင်သည့် ခရီးလမ်းအရှည်မှာ ၁,၉၈၈ မိုင် (၃,၂၀၀ ကီလိုမီတာ) ဖြစ်သည်။

ဆိပ်ကမ်းများ

ပင်လယ်ဆိပ်ကမ်းများ

မြစ်ဆိပ်ကမ်းများ

လေကြောင်းပို့ဆောင်ရေး

လေဆိပ်များ

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မြန်မာနိုင်ငံရှိ လေဆိပ်များစာရင်း

၂၀၁၀ ခုနှစ် ဇူလိုင်လ စာရင်းများအရ မြန်မာနိုင်ငံတွင် လေဆိပ်စုစုပေါင်း ၆၉ ခုရှိကာ လေယာဉ်ပြေးလမ်း ပေ တစ်သောင်းအထက်ရှိ လေဆိပ်မှာ ၁၁ ခုဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ လေဆိပ်များမှာ -

လေကြောင်းလိုင်းများ

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မြန်မာနိုင်ငံအခြေစိုက် လေကြောင်းလိုင်းများ

မြန်မာနိုင်ငံအခြေစိုက် လက်ရှိပြေးဆွဲနေသော လေကြောင်းလိုင်းများ ၁၁ ခုရှိသည်။ နိုင်ငံတော်အလံတင် လေကြောင်းလိုင်းမှာ မြန်မာအမျိုးသား လေကြောင်းလိုင်း ဖြစ်ပြီး ပြည်ပသို့ ပျံသန်းလျက်ရှိသော လေကြောင်းလိုင်းများမှာ မြန်မာအမျိုးသား လေကြောင်းလိုင်းအပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း နှင့် အဲကေဘီဇက် လေကြောင်းလိုင်း တို့ ဖြစ်ကြသည်။

ကိုးကား

  1. မြန်မာ့မီးရထားရထားပို့ဆောင်ရေး ဝန်ကြီးဌာန။ ၂၈ ဒီဇင်ဘာ ၂၀၁၄ တွင် ပြန်စစ်ပြီး။