မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်

ဝီကီပီးဒီးယား မှ
၁၆:၀၉၊ ၂၉ ဇန်နဝါရီ ၂၀၂၁ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8) တည်းဖြတ်သည့်မူ
မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်
အမျိုးအစားအများနှင့်သက်ဆိုင်သော
တည်ထောင်၁၅ ဖေဖော်ဝါရီ ၂၀၀၂[၁]
ပါမောက္ခချုပ်ဒေါက်တာ ကြည်သွင်
သင်တန်းသား၂၇၉ (၂၀၀၅)[၂]
တည်နေရာမိတ္ထီလာမြို့မန္တလေးတိုင်းဒေသကြီး
20°53′41″N 95°53′41″E / 20.894721°N 95.8948061°E / 20.894721; 95.8948061ကိုဩဒိနိတ်: 20°53′41″N 95°53′41″E / 20.894721°N 95.8948061°E / 20.894721; 95.8948061
ဝဘ်ဆိုဒ်maeu.moe-st.gov.mm

မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတ္ကသိုလ် (အင်္ဂလိပ်: Myanmar Aerospace Engineering University) သည်  မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် တည်ရှိပြီး လေကြောင်း နှင့် အာကာသ ဆိုင်ရာ အင်ဂျင်နီယာ ပညာရပ်များကို ပို့ချပေးနေသော တက္ကသိုလ် တစ်ခု ဖြစ်ပါသည်။ လေကြောင်း နည်းပညာ များနှင့်ပတ်သတ်သော ဘွဲ့ကြိုသင်တန်း ဘွဲ့လွန်သင်တန်းများကို တက်ရောက်သင်ယူနိုင်သည်။[၁]

သမိုင်း

မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် မတည်တောင်သေးခင် အချိန်က ရန်ကုန်နည်းပညာတက္ကသိုလ် (RIT)သည် လေကြောင်းအင်ဂျင်နီယာပညာရပ်များကို သင်ကြားနိုင်သော မြန်မာနိုင်ငံရှိ တစ်ခုတည်းသော တက္ကသိုလ်ဖြစ်သည်။ လေကြောင်းအင်ဂျင်နီယာသင်တန်းကို ၁၉၉၁ တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၇ တွင် လေကြောင်းအာကာသအင်ဂျင်နီယာ  သင်တန်းအဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။[၃] ၂၀၀၂ တွင် စစ်အစိုးရသည် တရုတ်နှင့်ရုရှား ထံမှ အကူအညီ ရယူ၍ မြန်မာလေတပ် ဌာနချုပ် တည်ရှိရာ မိတ္ထီလာမြို့တွင် တည်ဆောက်ခဲ့သည်။[၄] မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသ ပညာတက္ကသိုလ်(မိတ္ထီလာ)အား ၂၀၀၂ ခုနှစ် ဩဂုတ် ၁ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။[၅]

ပရိဝုဏ်

တက္ကသိုလ် ပရိဝုဏ်မှာ ၁၁၅.၈၄ ဧက ကျယ်ဝန်းသည်။ ရန်ကုန်-မန္တလေး ကားလမ်းဘေး မြေပြင်အတတ်သင်လေတပ်စခန်း အနီးတွင် တည်ရှိသည်။ [၅]

သင်တန်းများ

ခြောက်နှစ် သင်ယူရမည် လေကြောင်းအင်ဂျင်နီယာ သင်တန်း များ (BE) တစ်နှစ် သင်ယူရမည် ဘွဲ့လွန်သင်တန်းများ တက်ရောက်နိုင်သည်။[၁]

ဘွဲ့

  • စက်နှင့်ပျံသန်းယာဉ် အင်ဂျင်နီယာသင်တန်း (BE.Aerospace-Propulsion and Flight Vehicles)
  • လေကြောင်းအီလတ်ထရောနစ် အင်ဂျင်နီယာသင်တန်း (BE.Aerospace-Avionics)
  • လျှပ်စစ် နှင့် တိုင်းတာပစ္စည်း အင်ဂျင်နီယာသင်တန်း (BE.Aerospace-Electrical Systems and Instrumentation)
  • လောင်စာ နှင့် တွန်းကန်ပစ္စည်း အင်ဂျင်နီယာသင်တန်း (BE.Aerospace-Fuel and Propellant Engineering)
  • အာကာသစနစ် အင်ဂျင်နီယာ သင်တန်း (BE.Aerospace-Space Systems Engineering)

ဘွဲ့လွန်ဒီပလိုမာ

  • လေဆိပ် စီမံခန့်ခွဲမှု နည်းပညာ (Dip.A.M.)
  • Aerospace Materials Technology (Dip.A.M.Tech.)
  • Airport Engineering (Dip.A.Engg.)
  • Space Technology (Dip.S.Tech.)

ဒီပလိုမာ

  • Avionic Technology (Dip.A.Tech.)
  • Electrical & Instrumentation Technology (Dip.E.I.Tech.)
  • Engine and Airframe Technology (Dip.E.A.Tech.)

အဓိကဌာနများ

  • စက်နှင့်ပျံသန်းယာဉ် ဌာန
  • လေကြောင်းအီလတ်ထရောနစ် ဌာန
  • လျှပ်စစ်နှင့်တိုင်းတာပစ္စည်း ဌာန
  • လောင်စာနှင့်တွန်းကန်ပစ္စည်း ဌာန
  • အာကာသစနစ် အင်ဂျင်နီယာ ဌာန

ကိုးကား

  1. ၁.၀ ၁.၁ ၁.၂ Dr. Sayne Lei Shwe. "Technology and State Development". Ministry of Science and Technology. Retrieved on 2008-12-06.  Archived 10 June 2011 at the Wayback Machine.
  2. Dr. Zaw Min Aung (2008-10-12). "Aerospace Education in Myanmar". Asia-Pacific Regional Space Agency Forum-12. Retrieved on 2008-12-06.  Archived 24 October 2007 at the Wayback Machine. မော်ကွန်းတင်ပြီးမိတ္တူ။ 24 October 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 September 2015 တွင် ပြန်စစ်ပြီး။
  3. Dr. Kyi Thwin။ Space Education in Myanmar။ MAEU။ 20 October 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-12-07 တွင် ပြန်စစ်ပြီး။
  4. Clive Parker။ "Inside Myanmar's secret capital"၊ Asia Times Online၊ 2006-10-26။ 
  5. ၅.၀ ၅.၁ Background History။ MAEU။ 11 February 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၄ စက်တင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။