မြင့်ဆွေ (ဒုတိယဗိုလ်ချုပ်ကြီး)

ဝီကီပီးဒီးယား မှ
ဦးမြင့်ဆွေ
မြန်မာနိုင်ငံ၏ သမ္မတ (ယာယီ)
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ဖေဖော်ဝါရီ ၂၀၂၁
ယခင်လူဦးဝင်းမြင့်
တတိယမြောက် ဒုတိယသမ္မတ ၁
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၀ မတ် ၂၀၁၆
သမ္မတဦးထင်ကျော်
ဦးဝင်းမြင့်
ယခင်လူဒေါက်တာစိုင်းမောက်ခမ်း
မြန်မာနိုင်ငံ၏ ယာယီသမ္မတ
တာဝန်သက်တမ်း
၂၁ မတ်လ ၂၀၁၈ – ၃၀ မတ်လ ၂၀၁၈
ယခင်လူဦးထင်ကျော်
ဆက်ခံသူဦးဝင်းမြင့်
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆
ယခင်လူရာထူးစတင်
ဆက်ခံသူဦးဖြိုးမင်းသိန်း
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1951-06-24) ၂၄ ဇွန်၊ ၁၉၅၁ (အသက် ၇၂)
မန္တလေးမြို့မြန်မာနိုင်ငံ
နိုင်ငံသားမြန်မာ
လူမျိုးမွန်
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ကြင်ဖော်(များ)ဒေါ်ခင်သက်ဌေး
သားသမီးခင်သက်ထားဆွေ
ကျော်ဘုန်းမြင့်
မိခင်ကျောင်းစစ်တက္ကသိုလ်
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ
စစ်မှုထမ်းခြင်း
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
ရာထူးဒုတိယ ဗိုလ်ချုပ်ကြီး

ဦးမြင့်ဆွေ (၂၄ ဇွန် ၁၉၅၁ မွေးဖွား[၁]) သည် မြန်မာနိုင်ငံသား မွန်လူမျိုး တပ်မတော်အရာရှိဟောင်း တစ်ဦးဖြစ်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံရသူ ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ၂၀၁၁ မတ်လ ၃၀ ရက်မှ ၂၀၁၆ မတ်လ ၃၀ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၆ မတ်လ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ဒုတိယသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။[၂][၃]၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် သမ္မတဦးထင်ကျော် နုတ်ထွက်ပြီးနောက် ယာယီသမ္မတအဖြစ် မတ်လ ၂၁ ရက်နေ့မှ မတ်လ ၃၀ ရက်နေ့အထိ ထမ်းဆောင်ခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ နိုင်ငံတော်အာဏာသိမ်းခဲ့ပြီးနောက် ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးအာဏာတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ လွှဲအပ်ခဲ့သည်။[၄]

ငယ်ဘဝနှင့် စစ်မှုထမ်းခြင်း

ဦးမြင့်​ဆွေကို ဦးကြီးမောင်၊ ဒေါ်ကြည်တို့မှ ၁၉၅၁ ခုနှစ် ဇွန်လ ၂၄ ရက်တွင် မန္တလေးမြို့၌ ဖွားမြင်သည်။[၅] ၁၉၇၁ ခုနှစ်တွင် စစ်တက္ကသိုလ်မှ အပတ်စဉ် ၁၅ ဖြင့် ဘွဲ့ရရှိခဲ့သည်။[၆] ၁၉၉၇ ခုနှစ်တွင် ဗိုလ်မှူးချုပ်နှင့် အမှတ်(၁၁)ခြေမြန်တပ်မ ဌာနချုပ် တပ်မမှူး ဖြစ်လာခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အဖွဲ့ဝင်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးအဖြစ် ခန့်အပ်ခြင်း ခံရသည်။ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်ချုပ်ရာထူးဖြင့် တိုးမြှင့်ခန့်အပ်ခြင်း ခံရသည်။ သူသည် ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့သည်။

၂၀၀၄ ခုနှစ်တွင် ဦးခင်ညွန့်အား ဖယ်ရှားပြီးနောက် သူသည် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဖြစ်လာခဲ့သည်။[၇] ၂၀၀၆ ခုနှစ် ဇန်နဝါရီလတွင် အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ အရာရှိချုပ် ဖြစ်လာခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ဦးမြင့်ဆွေသည် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်သို့ တိုးမြှင့်ခြင်း ခံရသော ပထမဆုံး မွန်လူမျိုး ဖြစ်သည်။[၁] ၂၀၀၉ ခုနှစ်တွင် စစ်ထောက်ချုပ်အဖြစ် ရာထူးတိုးမြှင့်ခြင်း ခံရသည်။[၆][၈]၂၀၁၀ခုနှစ်တွင် စစ်ဖက်ဆိုင်ရာရာထူးမှ အနားယူခဲ့သည်။

နိုင်ငံရေး

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်

ဦးမြင့်ဆွေအား ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ ပြီးနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် သမ္မတ ဦးသိန်းစိန်က အဆိုပြုခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ဦးတင်အောင်မြင့်ဦးသည် ဒုတိယသမ္မတအဖြစ်မှ နုတ်ထွက်ခဲ့ရာ ဒုတိယသမ္မတအဖြစ် ဦးမြင့်ဆွေအား အဆိုပြုခဲ့သော်လည်း သားဖြစ်သူတစ်ဦးမှာ ဩစတြေးလျနိုင်ငံသား ခံယူထားသဖြင့် မြန်မာ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတအရည်အချင်းနှင့် မပြည့်မှီသောကြောင့် မအောင်မြင်ခဲ့ပေ။[၉]

ဒုတိယသမ္မတ

၂၀၁၆ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် တပ်မတော်သား ကိုယ်စားလှယ်များက ဒုတိယသမ္မတလောင်းအဖြစ် အဆိုပြု တင်မြှောက်ခဲ့သည်။ ၂၀၁၆ မတ်လ ၁၅ ရက်နေ့တွင် ၂၁၃ မဲဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ (၁) ဖြစ်လာခဲ့သည်။[၁၀]

ကိုးကား

  1. ၁.၀ ၁.၁ Lt Gen Myint Swe။ Alternative Asean Network on Burma။ 24 June 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-07-02 တွင် ပြန်စစ်ပြီး။
  2. 12.3.16.pdf ဒုသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူတို့၏ ကိုယ်ရေးအချက်အလက် အကျဉ်း (12 March 2016)။ 12 March 2016 တွင် ပြန်စစ်ပြီး။
  3. CONSOLIDATED LIST OF FINANCIAL SANCTIONS TARGETS IN THE UKHer Majesty's Treasury။ UK Government (20 April 2011)။ 24 July 2011 တွင် ပြန်စစ်ပြီး။
  4. Myanmar gov't declares 1-year state of emergency: President's Office
  5. "ဒုတိယသမ္မတဦးမြင့်ဆွေ၏ ကိုယ်ရေးအကျဉ်း"၊ နိုင်ငံ​​တော်သမ္မတရုံး 
  6. ၆.၀ ၆.၁ Lwin၊ Min။ "Lt-Gen Myint Swe: Future No 2?"၊ The Irrawaddy၊ 2008-06-27။ 2008-07-02 တွင် ပြန်စစ်ပြီး 
  7. MYINT SWE။ 24 June 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 July 2014 တွင် ပြန်စစ်ပြီး။
  8. Myint Swe Nominated as New Vice-President (10 July 2012)။ 14 July 2014 တွင် ပြန်စစ်ပြီး။
  9. "Myint Swe’s VP Bid Postponed"၊ The Irrawaddy၊ 17 July 2012။ 29 October 2012 တွင် ပြန်စစ်ပြီး 
  10. Myanmar military picks hardliner Myint Swe to work with Suu Kyi’s proxy presidentSouth China Morning Post (11 March 2016)။


နိုင်ငံရေးဆိုင်ရာ ရုံးများ
ရုံးအသစ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်
၂၀၁၁–၂၀၁၆
ဆက်ခံသူ
ဦးဖြိုးမင်းသိန်း
ယခင်က
ဒေါက်တာစိုင်းမောက်ခမ်း
မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ (၁)
၂၀၁၆–လက်ရှိ
တာဝန်ထမ်းဆောင်ဆဲ
ယခင်က
ဦးထင်ကျော်
မြန်မာနိုင်ငံ၏ သမ္မတ
၂၀၁၈
ယာယီ
ဆက်ခံသူ
ဦးဝင်းမြင့်