မောင်မောင်တာ (ရုပ်ရှင်သရုပ်ဆောင်)

ဝီကီပီးဒီးယား မှ
ရုပ်ရှင်မင်းသားကြီး မောင်မောင်တာ

မောင်မောင်တာ (ရုပ်ရှင်သရုပ်ဆောင်)

Dr. မောင်မောင်တာ Haj (Ph.D) M.A., FDMU (Dublin),DJ (Ygn)]

  • ဥက္ကဋ္ဌ၊မြန်မာနိုင်ငံလုံးဆိုင်ရာ ရှီအာမွတ်စလင်အဖွဲ့ချုပ်
  • မန်နေဂျင်း ထရပ်စတီ၊ (မဂိုရှီအာ ဂျာမေမဇ်ဂျိဒ် )
  • ဗမာ့တပ်မတော် (ကြည်း) ဗိုလ်ကြီး (ငြိမ်း)
  • ရုပ်ရှင်မင်းသားကြီး၊ ဒါရိုက်တာ၊ဘာသာပေါင်းစုံငြိမ်းချမ်းရေးသံတမန်


မောင်မောင်တာ (Mohammed Shafi Ata Sherazee haj)ကို ၁၉၂၆-ခုနှစ်၊ ဇန်နဝါရီလ ၉ရက်နေ့၌ မန္တလေးမြို့တွင် မွေးဖွားခဲ့သည်။ သူ၏အဘမှာ (Khan Bahadur Hajee Gulam Hussain Sherazee)ဖြစ်ပြီး၊ သူ့အဖိုးမှာ Khan Bahadur Aga Ali Akbar Sherazee (၁၉၁၀-၁၉၂၉) ဖြစ်သကဲ့သို့ မြန်မာပြည်အတွက် ပါရှားကောင်စစ်ဝန်(၁၉၂၉-၁၉၄၄)အထိ တာဝန်ထမ်းဆောင်ခဲ့ပေသည်။

၁၉၄၁ ခုနှစ်တွင် မောင်မောင်တာသည် အလယ်တန်းပညာရေးကို အောင်မြင်ခဲ့ပြီးနောက် မန္တလေးမြို့ အ.ထ.က(၉) ယခင်(စိန့်ပီတာကျောင်း)တွင် အထက်တန်းပညာဆက်လက် သင်ကြားခဲ့သည်။

ဦးမောင်မောင်တာ ဟာ မြန်မာ့တပ်မတော် ဗိုလ်ကြီး ဘဝကနေ ရုပ်ရှင်နယ်ဘက်ကို ကူးလာသူ ဖြစ်ပြီး၊ (ဦး) သုခဗိုလ်ဗကို စတဲ့ ထင်ရှားတဲ့ သရုပ်ဆောင်တွေနဲ့အတူ မြန်မာပြည်မှာ ဟောလီးဝုဒ် က ပထမဆုံး လာပြီး ရိုက်ကူးခဲ့တဲ့ ပထမဆုံး မြင်ကွင်းကျယ် လူထုအောင်သံဇာတ်ကားမှာ ထင်ရှားလာခဲ့ပါတယ်။

ဤလူ့ဘောင်တွင်၊ ဒေါက်တာ အောင်ကျော်ဦး၊ ဖြေလျော့ခွေ၊ မျှော်တလင့်လင့် စတဲ့ ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး မြန်မာ-ရှီအာမွတ်ဆလင် အဖွဲ့ချုပ် ဥက္ကဋ္ဌ တာဝန်ကို ကွယ်လွန်ချိန်ထိ ယူသွားခဲ့ပါတယ်။

ဘဝနိဂုံး

မြန်မာနိုင်ငံလုံးဆိုင်ရာ မဂို(ရှီယာ) မွတ်စလင် ဥက္ကဋ္ဌ၊ ရုပ်ရှင်မင်းသားကြီး ဦးမောင်မောင်တာ အသက် (၉၀နှစ်) သည်၊ ၂၆.၃.၂၀၁၅ ည ၉ နာရီခန့်တွင်၊ နေအိမ်၌ အလ္လာသျှင်မြတ်အမိန့်တော်ခံယူ (ကွယ်လွန်) သွားပါသည်။

ကိုးကား