မုတ္တမစဉ့်အိုး

ဝီကီပီးဒီးယား မှ
၀၄:၃၁၊ ၂၉ နိုဝင်ဘာ ၂၀၂၀ နေ့က NjsBot (ဆွေးနွေး | ပံ့ပိုး) (ရိုဘော့ - မြန်မာ့ သမိုင်း ကို မြန်မာနိုင်ငံ၏ သမိုင်း ဖြင့် အစားထိုးနေသည်) တည်းဖြတ်သည့်မူ

မုတ္တမစဉ့်အိုး

ဘုရင့်နောင်မင်းတရားကြီး လက်ထပ်တော်မတိုင်မှီနှင့် ဘုရင့်နောင်မင်းတရားကြီး လက်ထက်တော်တွင် မုတ္တမဆိပ်ကမ်းမှာ ပင်လယ်ကူးရွက်သင်္ဘောကြီးများ ဆိုက်ကပ်ရာ ဆိပ်ကမ်းမြို့ဖြစ်ခဲ့သည်။ ယင်းမုတ္တမဆိပ်ကမ်းတွင် ဟံသာဝတီနေပြည်တော်လက်အောက်ခံ နယ်ပယ်တို့မှထွက်ရှိသော စဉ့်အိုးကြီးငယ်များကို ရောင်းချခဲ့သည်။ ပင်လယ်ကူးသင်္ဘောများတွင် ရေချိုနှင့် စားနပ်ရိက္ခာထည့်ရန် များစွာအသုံးဝင်သည့်အတွက် အရောင်းရ တွင်ကျယ်ခဲ့သည်။ မုတ္တမစဉ့်အိုးကြီးများမှာ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းနှင့် ဆူမတြားကျွန်းတို့အထိ ပျံ့နှံ့ရောက်ရှိခဲ့သည်။ ထိုနိုင်ငံတို့ရှိ အမျိုးသားပြတိုက်တို့တွင် မုတ္တမစဉ့်အိုးများကို ပြသထားရှိကြသည်။

အကိုးအကား

ပဲခူးမြို့ ကမ္ဘောဇသာဒီ နန်းတော်ပြတိုက်မှ ရှင်းလင်းချက်များ