မာလီနိုင်ငံ၏ အလံတော်

ဝီကီပီးဒီးယား မှ
၁၅:၀၂၊ ၂၈ ဇွန် ၂၀၁၈ နေ့က NjsBot (ဆွေးနွေး | ပံ့ပိုး) (Bot: Converting bare references, using ref names to avoid duplicates, see FAQ) တည်းဖြတ်သည့်မူ
မာလီနိုင်ငံ၏ အလံတော်

မာလီနိုင်ငံ၏ အလံတော် (ပြင်သစ်: Drapeau du Mali) သည် တူညီအလျားလိုက် သုံးရောင်ခြယ်အလံ ဖြစ်သည်။ အစိမ်းရောင်၊ ရွှေရောင် နှင့် အနီရောင်တို့ကို အလျားလိုက် ရွယ်တူ အစင်းသုံးခု အဖြစ် ပိုင်းခြားထားသည်။ အလံသည် ဂီနီနိုင်ငံ၏ အလံတော်နှင့် ဆင်တူကာ အရောင်များသည် ပြောင်းပြန်အစဉ်အတိုင်း ဖြစ်သည်။

အဓိပ္ပာယ်

အလံ၏ အရောင်အဓိပ္ပာယ်ကို အမျိုးမျိုးဖွင့်ဆိုကြသည်။ အစိမ်းရောင်သည် နိုင်ငံ၏ မြေဩဇာကောင်းမွန်ခြင်းကို ကိုယ်စားပြုသည်။ ရွှေရောင်သည် တွင်းထွက်ပစ္စည်းများ ပေါကြွယ်ဝခြင်းနှင့် စင်ကြယ်ခြင်းကို ဖော်ဆောင်ပြီး အနီရောင်သည် ပြင်သစ်တို့လက်အောက်မှ လွတ်လပ်ခြင်းကို ကိုယ်စားပြုသည်။

သမိုင်းကြောင်း

၁၉၅၉ မှ ၁၉၆၁ အထိ အသုံးပြုခဲ့သော အလံတော်

လက်ရှိအလံတော်ကို မတ် ၁၊ ၁၉၆၁ တွင် စတင်အသုံးပြုခဲ့သည်။ မူရင်းအလံတော်ကို မာလီဖက်ဒရေးရှင်းကို ဝင်ရောက်ခဲ့သည့်အချိန် ဧပြီ ၄၊ ၁၉၅၉ တွင် အသုံးပြုခဲ့သည်။ အလံတော်မှာ တူညီပြီး အလယ်ရွှေရောင်အစင်းထဲတွင် ကောင်းကင်သို့ လက်မြှောက်တင်ထားသော လူပုံသဏ္ဌာန် ပါဝင်ခြင်းသာ ကွဲလွဲသည်။ ထိုပုံသဏ္ဌာန်သည် အစ္စလာမ်ဘာသာရေး အယူအဆနှင့် ဆန့်ကျင်နေသောကြောင့် ဖယ်ရှားခဲ့သည်။[၁]

ကိုးကား