မရမာကြီးလူမျိုး

ဝီကီပီးဒီးယား မှ
၁၅:၁၁၊ ၂၈ ဇွန် ၂၀၁၈ နေ့က NjsBot (ဆွေးနွေး | ပံ့ပိုး) (Bot: Converting bare references, using ref names to avoid duplicates, see FAQ) တည်းဖြတ်သည့်မူ
Marma
မရမာ
Marma Dance
လူဦးရေ စုစုပေါင်း
(၂၁၀,၀၀၀)
အများစု နေထိုင်သည့် နေရာ
 ဘင်္ဂလားဒေ့ရှ်: Bandarban, Khagrachari, Patuakhali District and Barguna Districts၁၅၇,၃၀၁
 မြန်မာ: ရခိုင်ပြည်နယ်မသိရ
 အိန္ဒိယ: သီရိပူရမသိရ
ဘာသာစကား
ရခိုင်ဘာသာစကား
ကိုးကွယ်မှု
ထေရဝါဒ
ဆက်စပ် တိုင်းရင်းသား အုပ်စုများ
ရခိုင်လူမျိုး

မြန်မာနိုင်ငံမှ တရားဝင် အသိမှတ်ပြုထားသည့် ၁၃၅ မျိုးသော တိုင်းရင်းသားတစ်ခုဖြစ်သည်။

မရမာကြီးသည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ တိုင်းရင်းသား ၁၃၅ မျိုးထဲမှ လူမျိုးစုတစ်ခု ဖြစ်သည်။ ရခိုင်ပြည်နယ် မြောက်ပိုင်း တောင်တန်းဒေသများတွင် နေထိုင်သည်။

ဘုရင့်နောင်မင်းတရားကြီးနတ်ရွာစံပြီးနောက် နန်းတက်သည့်သားတော် နန္ဒဘုရင်လက်ထက်တွင် ဒုတိယမြန်မာနိုင်ငံတော်ကြီးသည် ရခိုင်မင်းနှင့် တောင်ငူမင်းတို့ ပူးပေါင်းလုပ်ကြံခဲ့သဖြင့် ပျက်စီးသွားခဲ့ရ၏။ ရခိုင်တို့သည် ဘုရင့်နောင်မင်းတရားကြီးတည်ဆောက်ခဲ့သည့် ကမ္ဘောဇသာဒီနန်းတော်ကြီးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဘုရင့်နောင်မင်းတရားကြီး၏ ဆွေတော်မျိုးတော်မင်းညီမင်းသားများကို ဖမ်းဆီး၍ရခိုင်၊ ထိုမှတဆင့် ထိုအချိန်ကရခိုင်ပိုင် ဘင်္ဂလားနယ်၊ စစ်တကောင်းဒေသသို့ ပို့ဆောင်ခဲ့သည်။ ထိုသူတို့မှဆင်းသက်ပေါက်ဖွားလာကြသူများကို မရမာကြီးဟုခေါ်ဆိုကြပြီး ယခုအခါတွင်ပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အထင်အရှားနေထိုင်လျှက်ပင်ရှိကြသေးသည်။[၁]

ကိုးကား

  1. Myanmar People