မန္တလေးနည်းပညာတက္ကသိုလ်

ဝီကီပီးဒီးယား မှ
၁၄:၅၂၊ ၂၉ ဇန်နဝါရီ ၂၀၂၁ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8) တည်းဖြတ်သည့်မူ
နည်းပညာတက္ကသိုလ်(မန္တလေး) နှင့် မရောထွေးပါနှင့်။
မန္တလေးနည်းပညာတက္ကသိုလ်
ဆောင်ပုဒ်စက်မှုစွမ်းအား ခေတ်ကျော်လွှား)
အမျိုးအစားအများဆိုင်
တည်ထောင်၁ အောက်တိုဘာ ၁၉၉၁
သင်တန်းသား၂၀၀၀ (၂၀၁၉)
ဘွဲ့ကြိုဦးရေ၁၅၀၀
ဘွဲ့လွန်ဦးရေ၅၀၀
တည်နေရာပုသိမ်ကြီးမန္တလေးတိုင်းဒေသကြီး
ကိုဩဒိနိတ်: 21°58′21″N 96°11′10″E / 21.97250°N 96.18611°E / 21.97250; 96.18611
နှီးနွယ်အဖွဲ့အစည်းများပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့် နည်းပညာ)
ဝဘ်ဆိုဒ်mtu.moe-st.gov.mm

မန္တလေးနည်းပညာတက္ကသိုလ် (MTU) သည် မန္တလေးစက်မှုတက္ကသိုလ် (MIT) အဖြစ် လူသိများခဲ့ပြီး မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်၌ တည်ရှိသည်။ ၎င်းသည် မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်များထဲမှ ထင်ရှားသော တက္ကသိုလ်တစ်ခုလည်း ဖြစ်သည်။ တက္ကသိုလ်မှ အထက်မြန်မာပြည် ဘွဲ့ကြို၊ ဘွဲ့ရနှင့် ဘွဲ့လွန် ကျောင်းသားများအတွက် အင်ဂျင်နီယာ နည်းပညာရပ် အသီးသီးအား သင်ကြားမှုပုံစံ အမျိုးမျိုး ချမှတ် သင်ကြားနိုင်ရန် စီစဉ်ထားရှိပါသည်။ တက္ကသိုလ်မှ နှစ်စဉ်နှစ်တိုင်း သင်တန်းအပတ်စဉ် တစ်ခုစီအတွက် ကျောင်းသား ၃၀၀ ခန့် လက်ခံသင်ကြားပေးနေသည်။[၁]

မန္တလေးနည်းပညာတက္ကသိုလ်တွင် ဒေါက်တာဘွဲ့နှင့် ဘွဲ့လွန်သင်တန်းများအား လက်ခံသင်ကြားမှု နည်းပါးသောကြောင့် အဆိုပါဘွဲ့များ တက်ရောက်ရန် ဆန္ဒရှိသော ကျောင်းသားများမှာ ရန်ကုန်နည်းပညာတက္ကသိုလ် သို့တည်းမဟုတ် နိုင်ငံရပ်ခြားသို့ သွားရောက်၍ သင်ယူကြရသည်။

ပင်မ​ဆောင်

သမိုင်းကြောင်း

နိုင်ငံတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုမှာ သိပ္ပံနှင့် အင်ဂျင်နီယာ နည်းပညာနယ်ပယ်၌ လုံးလုံးလျားလျား အခြေခံသည် ဆိုသည်အား သိရှိထားသော ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် နိုင်ငံအဆင့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ် သင်ကြားရေးဌာနများအား နိုင်ငံ၏အကျိုးအတွက် တိုးချဲ့ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းခဲ့ရာ မန္တလေးနည်းပညာတက္ကသိုလ်ကို အမှတ်(၁)စက်မှုဝန်ကြီးဌာန (ယခု စက်မှု ဝန်ကြီးဌာန)၊ စက်မှုသင်တန်းကျောင်းအမှတ်(၂)မှ ပညာရေးဝန်ကြီးဌာန၊ မန္တလေးစက်မှုတက္ကသိုလ်အဖြစ် ၁၉၉၁ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၉၇ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှစ၍ ပညာရေးဝန်ကြီးဌာနမှ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနသို့ လက်ရှိဖွဲ့စည်းပုံအတိုင်း လွှဲပြောင်းပေးအပ်ခဲ့သည်။ ၁၉၉၈ ခုနှစ် ဇူလိုင် (၁)ရက်နေ့တွင် မန္တလေးစက်မှုတက္ကသိုလ် (Mandalay Institute of Technology) အစား မန္တလေးနည်းပညာတက္ကသိုလ် (Mandalay Technological University) ဟုအမည်ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပြီး သိပ္ပံနှင့်နည်းပညာဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီစေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခဲ့သည်။[၂]

သင်ရိုး

မန္တလေးနည်းပညာတက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့အတွက် ခြောက်နှစ်တာသက်တမ်း၊ မဟာအင်ဂျင်နီယာဘွဲ့အတွက် နှစ်နှစ်တာသက်တမ်း နှင့် ဒေါက်တာဘွဲ့အတွက် သုံးနှစ်တာသက်တမ်း စီစဉ်ထားရှိသည်။ ၁၉၉၇ ခုနှစ်နှင့် ၂၀၀၄ ခုနှစ်ကြားတွင် ကျောင်းသားပေါင်း ၇၅၀၀ မှ သုံးပုံနှစ်ပုံမှာ အင်ဂျင်နီယာဘွဲ့ နှင့် ၇.၃ % မှာ မဟာအင်ဂျင်နီယာဘွဲ့များ အသီးသီးရရှိခဲ့ကြသည်။[၃]

အင်ဂျင်နီယာ ဘာသာရပ်များ

အောက်ဖော်ပြပါ ဘာသာရပ်များအား ဒီပလိုမာဘွဲ့အတွက် တစ်နှစ်၊ မဟာဘွဲ့အတွက် နှစ်နှစ်နှင့် အသုံးချသိပ္ပံ ဘာသာရပ်အတွက် ဒေါက်တာဘွဲ့များပါ လက်ခံသင်ကြား ပေးနေသည်။[၃]

သင်ရိုး ဘွဲ့ကြို ဒီပလိုမာ မဟာဘွဲ့ ဒေါက်တာဘွဲ့
အင်ဂျင်နီယာ ဓာတုဗေဒ ဘာသာရပ် မရှိ ရှိ ရှိ
အင်ဂျင်နီယာ သင်္ချာ ဘာသာရပ် မရှိ ရှိ ရှိ
အင်ဂျင်နီယာ ရူပဗေဒ ဘာသာရပ် (အီလက်ထရောနစ်) မရှိ ရှိ ရှိ

ဌာနများ

မန္တလေးနည်းပညာတက္ကသိုလ်အား ပင်မဌာနကြီး ( ၄ ) ခုဖြင့် ဖွဲ့စည်းထားပြီး ၎င်းတို့၏အောက်၌ ကဏ္ဍလိုက် သီးခြားဌာနခွဲများ ခွဲဝေထားရှိသည်။[၄]

  • အင်ဂျင်နီယာဌာနများ (၁၅) ခု
  • သင်ကြားရေးဌာနများ (၂) ခု
  • သုတေသနဌာနများ (၅) ခု
  • ထောက်ပံ့ရေးဌာနများ (၅) ခု

အင်ဂျင်နီယာဌာနများ

မန္တလေးနည်းပညာတက္ကသိုလ်ရှိ အင်ဂျင်နီယာဌာနများမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည်။[၅]

  • ဗိသုကာအင်ဂျင်နီယာဌာန
  • လေကြောင်းအင်ဂျင်နီယာဌာန
  • ဇီဝနည်းပညာအင်ဂျင်နီယာဌာန
  • ဓာတုအင်ဂျင်နီယာဌာန
  • မြို့ပြအင်ဂျင်နီယာဌာန
  • လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန
  • အီလက်ထရောနစ်အင်ဂျင်နီယာဌာန
  • သတင်းအချက်အလက်နည်းပညာအင်ဂျင်နီယာဌာန
  • စက်မှုအင်ဂျင်နီယာဌာန
  • စက်မှုအီလက်ထရောနစ်အင်ဂျင်နီယာဌာန
  • သတ္ထုဗေဒအင်ဂျင်နီယာဌာန
  • ဓာတ်သတ္ထုရှာဖွေရေးအင်ဂျင်နီယာဌာန
  • ရေနံအင်ဂျင်နီယာဌာန
  • ထိန်းချုပ်လေ့လာမှုအင်ဂျင်နီယာဌာန
  • ချည်မျှင်နှင့်အထည်အလိပ်အင်ဂျင်နီယာဌာန

သင်ကြားရေးဌာနများ

မန္တလေးနည်းပညာတက္ကသိုလ်ရှိ သင်ကြားရေးဌာနများမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည်။[၆]

  • အင်ဂျင်နီယာဓာတုဗေဒဌာန
  • အင်ဂျင်နီယာအင်္ဂလိပ်စာဌာန
  • အင်ဂျင်နီယာသင်္ချာဌာန
  • အင်ဂျင်နီယာရူပဗေဒဌာန
  • မြန်မာစာဌာန

သုတေသနဌာနများ

မန္တလေးနည်းပညာတက္ကသိုလ်ရှိ သုတေသနဌာနများမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည်။[၇]

  • ဓာတုဗေဒသုတေသနစင်တာ
  • လျှပ်စစ်၊ ဆက်သွယ်ရေးနှင့် လျှပ်စစ်စွမ်းအားသုတေသနစင်တာ

ထောက်ပံ့ရေးဌာနများ

မန္တလေးနည်းပညာတက္ကသိုလ်ရှိ ထောက်ပံ့ရေးဌာနများမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည်။[၈]

  • အုပ်ချုပ်ရေးဌာန
  • ငွေစာရင်းဌာန
  • ဘဏ္ဍရေး
  • ကျောင်းသားရေးရာ
  • အလုပ်ရုံ

ဘွဲ့ကြိုဒီပလိုမာ

အောက်ဖော်ပြပါ ဘာသာရပ်များအား နည်းပညာဒီပလိုမာဘွဲ့အတွက် တစ်နှစ်တာ သင်တန်းအဖြစ် လက်ခံသင်ကြား ပေးနေသည်။[၃]

  • မြို့ပြ
  • လျှပ်စစ်စွမ်းအား
  • အီလက်ထရောနစ်
  • စက်မှု

ဆက်စပ်ကြည့်ရှုရန်

ကိုးကားကျမ်း

  1. "Mandalay Tech University Relocates Ph.D. Scholars"၊ Mizzima News၊ 2008-03-20။ 
  2. MTU. "ဖွဲ့စည်းဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းကြောင်းများ". Ministry of Science and Technology. Retrieved on 2014-10-20. [လင့်ခ်သေ]
  3. ၃.၀ ၃.၁ ၃.၂ Sayne Le Shwe (2004). "Technology and State Development". Ministry of Science and Technology. Retrieved on 2008-09-13.  Archived 10 June 2011 at the Wayback Machine.
  4. "Mandalay Technological University"၊ MTU၊ 2009။ 2 February 2011 တွင် ပြန်စစ်ပြီး။ Archived from the original on 5 October 2011။ 
  5. "Mandalay Technological University"၊ MTU၊ 2009။ 2 February 2011 တွင် ပြန်စစ်ပြီး။ Archived from the original on 19 August 2011။ 
  6. "Mandalay Technological University"၊ MTU၊ 2009။ 2 February 2011 တွင် ပြန်စစ်ပြီး။ Archived from the original on 19 August 2011။ 
  7. "Mandalay Technological University"၊ MTU၊ 2009။ 2 February 2011 တွင် ပြန်စစ်ပြီး။ Archived from the original on 5 October 2011။ 
  8. "Mandalay Technological University"၊ MTU၊ 2009။ 2 February 2011 တွင် ပြန်စစ်ပြီး။ Archived from the original on 5 October 2011။