ဘင်္ဂလားဒေ့ရှ်နိုင်ငံ
![]() | ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
ကိုဩဒိနိတ်: 23°48′N 90°18′E / 23.8°N 90.3°E
People's Republic of Bangladesh
| |
---|---|
![]() | |
![]() | |
မြို့တော် | ဒါကာ 23°45′50″N 90°23′20″E / 23.76389°N 90.38889°E |
အကြီးဆုံးမြို့ | Dhaka |
Official language and national language | Bengali[၂] |
လူမျိုးစု (2011[၃]) | |
ကိုးကွယ်မှု |
|
လူမျိုး | Bangladeshi |
အဖွဲ့ဝင် | UN, WTO, SAARC, BIMSTEC, IMCTC, OIC, Commonwealth of Nations |
အစိုးရ | Unitary parliamentary constitutional republic |
အဘဒူ ဟာမစ် | |
ရှိတ် ဟာဆီနာ | |
Shirin Chaudhury | |
Syed Mahmud Hossain | |
ဥပဒေပြုလွှတ်တော် | Jatiya Sangsad |
• Declared | 26 March 1971 |
• V-Day | 16 December 1971 |
16 December 1972 | |
ဧရိယာ | |
• စုစုပေါင်း | ၁၄၇,၆၁၀[၄] km2 (၅၆,၉၉၀ sq mi) (အဆင့်: 93nd) |
• ရေထု (%) | 6.4 |
လူဦးရေ | |
• ၂၀၁၆ ခန့်မှန်း | ![]() |
• 2011 သန်းခေါင်စာရင်း | 149,772,364[၆] (အဆင့် - 8th) |
• သိပ်သည်းမှု | ၁,၁၀၆/km2 (၂,၈၆၄.၅/sq mi) (အဆင့် - 10th) |
GDP (PPP) | 2020 ခန့်မှန်း |
• စုစုပေါင်း | ![]() (အဆင့် - 29th) |
• Per capita | ![]() (အဆင့် - 136th) |
GDP (nominal) | 2020 ခန့်မှန်း |
• စုစုပေါင်း | ![]() (အဆင့် - 39th) |
• Per capita | ![]() (အဆင့် - 143th) |
Gini (2016) | 32.4[၈] အလယ် |
HDI (2018) | ![]() အလယ် · 136th |
ငွေကြေး | Bangladeshi taka (৳) (BDT) |
အချိန်ဇုန် | BST (UTC+6) |
ရက်စွဲပုံစံ | |
ယာဉ်ကြောစနစ် | ဘယ်မောင်း |
တယ်လီဖုန်းကုဒ် | +880 |
Internet TLD | .bd .বাংলা |
ဝက်ဘ်ဆိုဒ် bangladesh.gov.bd |
ဘင်္ဂလားဒေ့ရှ် (ဘင်္ဂါလီ: বাংলাদেশ, ရောမအက္ခရာ: বাংলাদেশ၊ ဘင်္ဂလားနိုင်ငံ ဟု အဓိပ္ပါယ်ရ) သည် တရားဝင်အမည် ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ (ဘင်္ဂါလီ: গণপ্রজাতন্ত্রী বাংলাদেশ) နှင့် တောင်အာရှရှိ နိုင်ငံတခု ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများတွင် မြေအကျယ် စဉ်ရင် နံပါတ် ၉၂ ချိတ်သော်လည်း လူဦးရေ ၁၆၃ သန်းခန့် ရှိသဖြင့် ကမ္ဘာပေါ်တွင် အဋ္ဌမမြောက် လူအများဆုံးနိုင်ငံ ဖြစ်နေသည်။ လူနေထူသော နိုင်ငံများအနက် တခုဖြစ်သည်။ အနောက်ဘက်နှင့် မြောက်ဘက်တွင် အိန္ဒိယ၊ အရှေ့တွင် မြန်မာတို့နှင့် ထိစပ်နေပြီး ကျန်အပိုင်းများမှာ ဘင်္ဂလားပင်လယ်အော်၏ ကမ်းခြေအဖြစ် ရှိသည်။
အကြီးဆုံးမြို့မှာ ဒါကာဖြစ်ပြီး ဒုတိယအကြီးဆုံးမှာ ဆိပ်ကမ်းမြို့ စစ်တကောင်း ဖြစ်သည်။
လူဦးရေ၏ ၉၈ ရာခိုင်နှုန်းမှာ ဘင်္ဂလားလူမျိုးများ ဖြစ်သည်။ ဘင်္ဂါလီမွတ်ဆလင်များသည် နိုင်ငံရေးအရ လွှမ်းမိုးထားနိုင်သဖြင့် ကမ္ဘာပေါ်တွင် စတုတ္ထအကြီးဆုံး မွတ်ဆလင်အင်အားစု ဖြစ်လျက် ရှိသည်။ အစ္စလာမ်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ထားသော်လည်း မွတ်ဆလင်မဟုတ်ကလည်း လွတ်လပ်စွာ ကိုးကွယ်နိုင်ခွင့် ရှိသည်။ တပါတီ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဝက်မင်စတာထုံးစံ အခြေခံဥပဒေသုံး သမ္မတစနစ်ကို ယူသည်။
နိုင်ငံကို ပြည်နယ် ၈ ခု၊ ခရိုင် ၆၄ ခု ဖွဲ့ထားသည်။ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး တဦးချင်းဝင်ငွေ တရိပ်ရိပ်တက်နေသဖြင့် ကမ္ဘာ့ဘဏ်က လက်ညှိုးထိုးပြစရာ နမူနာကောင်း ဖြစ်လျက်ရှိသည်။
အရှင်မွေးနှုန်း တိုးခြင်း၊ လူဦးရေ ထိန်းခြင်း၊ သဘာဝဘေး ကယ်ဆယ်ခြင်း၊ အထည်အလိပ်မှ နိုင်ငံခြားငွေ ရှာခြင်း၊ အမျိုးသမီးကဏ္ဍ တိုးတက်စေခြင်း၊ အသေးစားချေးငွေလုပ်ငန်းဖြင့် ဆင်းရဲမှုလျော့ချခြင်းတို့ကို မှတ်ကျောက်တင်စဖွယ် အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့သည်။
ရေရှည်ရင်ဆိုင်နေရသည့် ပြဿနာများမှာ ရိုဟင်ဂျာဒုက္ခသည်အရေး၊ အကြမ်းဖက်မှု၊ အဂတိလိုက်စားမှု၊ ဥတုဖောက်ပြန်ခြင်းကြောင့် ဖြစ်သော ဘေးများ ဖြစ်သည်။
အမည်ရင်းမြစ်
ဘင်္ဂလား ဟူသည့် ဝေါဟာရ၏ မူရင်းဇစ်မြစ်ကို မသိရသော်လည်း "ဝင်္ဂ" ဟူသော အမည်မှ ဆင်းသက်လာသည်ဟု ယူဆရသည်။ ဝင်္ဂ ဟူသည်မှာ ဂင်္ဂါမြစ်ဝကျွန်းပေါ်ဒေသတွင် တည်ရှိခဲ့ဖူးသော ရှေးဟောင်းနိုင်ငံ တစ်ခု၏ အမည်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် ဟူသည့် အမည်မှ ဒေ့ရှ် ဟူသည့် စကားလုံးမှာ နိုင်ငံ၊နယ်မြေဟု အဓိပ္ပါယ်ရသည့် သက္ကတစကားလုံး deśa (ဒေၐ) မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ် ဟူသည်မှာ ဘင်္ဂလားနိုင်ငံဟု အနက်အဓိပ္ပါယ် ထွက်ရှိလေသည်။
သမိုင်း
နိုင်ငံရေးနှင့် အစိုးရ
နိုင်ငံခြားဆက်ဆံရေး
- Main articles: Foreign relations of Bangladesh and Bangladesh Armed Forces
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နိုင်ငံအသီးသီးနှင့် အထူးသဖြင့် ကုလသမဂ္ဂ၌ ကောင်းမွန်သောနိုင်ငံခြားရေးမူဝါဒကို ကြိုးပမ်းသည်။ ၁၉၇၄ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် Commonwealth of Nations နှင့်ကုလသမဂ္ဂ တို့၌ အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပြီး နှစ်ကြိမ်တိုင် ၁၉၇၈-၁၉၇၉ နှင့် ၂၀၀၀-၂၀၀၁ ခုနှစ်များတွင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခံခဲ့ရသည်။ ၁၉၈၀ ခုနှစ်ဝန်းကျင်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တောင်အာရှနိုင်ငံများ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသော South Asian Association for Regional Cooperation (SAARC) တွင်အဓိကတည်ထောင်ဦးဆောင်သော နိုင်ငံဖြစ်ခဲ့သည်။ ပြီးခဲ့သော ခုနှစ်ပိုင်းများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံခြားရေးမှုဝါဒသည် တောင်အာရှတွင်း ဒေသများနှင့်သာမက အခြားအိမ်နီးချင်းနိုင်ငံများနှင့်ပါစီးပွားရေး ပူးပေါင်းမှု လုပ်ကိုင်ရန် မျှော်မှန်းခဲ့သည်။
အိန္ဒိယ
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အရေးကြီးဆုံးနှင့် ရှုပ်ထွေးသောသံတမန်အဆက်အဆံရှိသူမှာ အိန္ဒိယနိုင်ငံ၊ India ဖြစ်သည်။ သမိုင်းများအရသော်လည်းကောင်း ယဉ်ကျေးမှုအရသော်လည်းကောင်း အဆက်အဆံ ရှိခဲ့ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို ပါကစ္စတန်မှလွတ်မြောက်အောင် အိန္ဒိယ၏ ပါဝင်ခဲ့မှုကြောင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာလာခဲ့သည်။ ပြည်တွင်းနိုင်ငံရေးဆွေးနွေးမှု များတွင်လည်းအရေးပါလာစေခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံကြားဆက်ဆံရေးသည် (relationship with India) လွတ်လက်ရေးတိုက်ပွဲ (Independence War) နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အိန္ဒိယနိုင်ငံ၏ ကူညီမှုများကြောင့်အကောင်းမြင်မှုများဖြင့် စတင်ခဲ့သည်။ နှစ်ကာလအတန်ကြာသောအခါ နှစ်နိုင်ငံဆက်ဆံရေးသည် ကိစ္စအမျိုးမျိုးကြောင့် မတည်ငြိမ်ခဲ့ပေ။ အဓိကနှစ်နိုင်ငံ တင်းမာမှုဖြစ်သည်မှာ ဖရဖ်ခ ဆည် Farakka Dam ကြောင့်ဖြစ်သည်။ ၁၉၇၅ တွင် အိန္ဒိယနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နမိတ်နှင့် ၁၀.၃ မိုင်(၁၆.၆ ကီလိုမီတာ)အကွာ ဂန်းဂျီဇ် မြစ် Ganges River ပေါ်တွင် ဆည် ဆောက်လုပ်ခဲ့သည်။ဆည်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လိုအပ်သောရေပမာဏ တို့ကို လမ်းလွဲသွားစေပြီး နိုင်ငံမှခံစားနေရသောသဘာ၀ဘေးအန္တရယ်ကိုသာမက လူလုပ်
ဘေးအန္တရယ်ကိုတိုးလာစေသည်ဟုဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထောက်ပြခဲ့သည်။
သို့ဖြစ်ပင်စေကာမူ၊ နှစ်နိုင်ငံဒေသတွင်း လုံခြုံရေး၊ ၊ တောင်အာရှစီးပွားရေး ပှုပေါင်းလုပ်ကိုင်မှုများ အတွက် ကောင်းမွန်သောဆက်ဆံရေး ဖြစ်ပေါ်ရန် အရေးကြီးကြောင်း ရိပ်စားမိကြသည်။ ၂၀၀၉ တွင်၊ဘင်္ဂလားဒေ့ရှ်လုံခြုံရေး တပ်ဖွဲ့များသည် နိုင်ငံနယ်နမိတ် ဒေသများတွင် ပုန်းအောင်းနေသော အိန္ဒိယနိုင်ငံသား သောင်းကျန်းသူများကို ပြင်းပြင်းထန်ထန်နှိပ်ကွပ်ခဲ့ပြီး ခေါင်းဆောင်များကို
ဖမ်းဆီးကာနိုင်ငံမှနှင်လွှတ်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံ သည် နီပေါ ၊ ဘူတန် တို့နှင့်အတူ ဒေသတွင်းအဆက်အဆံရှိရေးနှင့် စီးပွားရေးပူပေါင်းလုပ်ဆောင်မှုများ ဖွံဖြိုးလာရန်
သဘောတူထားခဲ့ကြသည်။အိန္ဒိယအေ့ရှပိုင်း ပြည်နယ်များ သာမက နီပေါ (Nepal) နှင့် ဘူတန် (Bhutan) တို့ကလည်းပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ချီတဂုံ Chittagong နှင့် မွန်ဂ်လ Mongla ဆိပ်ကမ်းတို့ကို ဝင်ရောက် လိုကြသည်။
မြန်မာ
ဘင်္ဂလားသားတို့ နိုင်ငံခွဲသည့်အခါ ပထမဆုံး အသိအမှတ်ပြုသည့် နိုင်ငံများတွင် မြန်မာ ပါသည်။ ဒေသတွင်း အကျိုးအမြတ်များ၊ ရိုဟင်ဂျာ ဒုက္ခသည်အရေး၊ စစ်အစိုးရအုပ်ချုပ်စဉ် သီးသန့်နေဝါဒများကြောင့် ဆက်ဆံရေး အေးသွားသည်။
၂၀၁၂ ခုတွင် ဘင်္ဂလားပင်လယ်အော်ရှိ ကျွန်းကိစ္စနှင့် ပတ်သက်၍ ရေပိုင်နက်ကိစ္စ ဝိဝါဒဖြစ်ရပြီး နိုင်ငံတကာပင်လယ်ပြင်ဆိုင်ရာ အဆုံးအဖြတ်ခုံရုံးသို့ နှစ်ဖက်ဆိုင် ဖြေရှင်းရသည်။
၂၀၁၆-၁၇ ကာလများတွင် ရခိုင်ရှိ ရိုဟင်ဂျာ ၄၀၀၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်သို့ ဝင်လာရာ ကုလသမဂ္ဂသို့ အကြောင်းကြားရသည်။ ထိုအရေးကို ကုလသမဂ္ဂက တိုင်းရင်းသားဖျောက်ခြင်းဟု ခေါင်းစဉ်တပ်ထားသည်။
တရုတ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (People's Republic of China) နှင့် အလွန်နွေးထွေးသောဆက်ဆံရေးကို နှစ်သက်ခဲ့သည်။ အထူးသဖြင့် လွန်ခဲ့ပြီးသော ဆယ်စုနှစ်များတွင် စီးပွားရေးပူပေါင်းဆောင်ရွက်မှုများ နှစ်နိင်ငံကြား တိုးမြင့်ခဲ့သည်။၂၀၀၆-၂၀၀၇ ခုနှစ်များတွင် နှစ်နိင်ငံကြားကုန်သွယ်မှုသည် ၂၈.၅ % ထိတိုးတက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတို့၏ အမျိုးမျိုးသော ကုန်ပစ္စည်းတို့သည် တရုတ်ဈေးကွက်တွင်အခွန်ကင်းလွတ်ခွင့် သဘောတူညီမှု ရရှိခဲ့သည်။ ဘင်္ဂလားဒေ့ရှ်စစ်တပ် (Military of Bangladesh) နှင့် လွတ်မြောက်ရေး တပ်မတော် (People's Liberation Army) ပူးပေါင်းမှုမှာ စစ်တပ်ပှုးပေါင်းမှု သဘောတူညီမှု လက်မှတ်ရေးထိုးခြင်းနှင့် အတူ မြင့်တက်ခဲ့သည်၊ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တရုတ်နိုင်ငံမှ လက်နက်ငယ်သာမက တရုတ်နိုင်ငံလုပ် သေးငယ် မြန်ဆန်သော ဒုံးပစ်ရေယဉ် Type 053H1 ကဲ့သို့ ကြီးမားသော တိုက်ရေယဉ်များအထိ ဝယ်ယူခဲ့သည်။
အမေရိကန်

အမေရိကန်နိုင်ငံ(United States) သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဖွဲ့ဖြိုးတိုးတက်မှု အဓိက မိတ်ဖက်နိုင်ငံဖြစ်ပြီး ၁၉၇၂ ခုနှစ်ကတည်းက ယနေ့အထိ သန်း ၆၀၀၀ ကျော်ညီမျှသော ထောက်ပံ့မှုများ ပေးခဲ့သည်။ အမေရိကန်ကုမ္မဏီ များသည် ရှပ်ဖ်ဖရွမ် Chevron နှင့် ကိုနိုကိုဖီးလစ် ConocoPhilips တို့၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သဘာ၀ဓာတ်ငွေ့လုပ်ငန်းများတွင် အဓိက ရင်းနှီးမြုပ်နှံမှုများနှင့်အတူ အကြီးမားဆုံး နိုင်ငံခြားရင်းနှီးမြုပ်နှံသူများ ဖြစ်ကြသည်။ အမေရိကန်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ထွက်ကုန်များအတွက်လည်း အကြီးမားဆုံး ဈေးကွက်တစ်ခု ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အမေရိကန် ဦးဆောင်သော (US-led coalition) ၁၉၉၁ အတောအတွင်း ကူဝိတ် (Kuwait) လွတ်မြောက်ရေး တိုက်ပွဲ၊ ဂန္တာရ မုန်တိုင်း စစ်ဆင်ရေး 1991 Gulf War တွင်ပါဝင်ပူးပေါင်းခဲ့ပြီး အမေရိကန် ဦးဆောင်သော အာဖန်နစ်စတန် (Afghanistan) ၏ ပြန်လည်ထူထောင်ရေးတွင်ထောင်ပံ့ပေးခဲ့သည်။ အမေရိကန် စစ်တပ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၁၉၉၁ ဘင်္ဂလားဒေ့ရှ် ဆိုင်ဂလုံး 1991 Bangladesh cyclone နှင့် ဆိုင်ဂလုံး ဆီဒါ Cyclone Sidr ဝင်ရောက်မှုတို့အပါအဝင် လွန်စွာဆိုးရွားခဲ့သော အမျိုးမျိူးသော ရေလွှမ်းမှုများ နှင့် ဆိုင်းဂလုန်း ဝင်ရောက်ခဲ့မှုများ အတွက် ဘေးအန္တရာယ် ထိန်းချုပ်မှု နှင့် ဆေးဝါး နှင့် အစားသောက် ထောက်ပံ့မှုများတွင်လည်း ပါဝင်ခဲ့ကြသည်။
စစ်အင်အား
၂၀၁၂ နှစ်တွင်၊ စစ်တပ်တောင့်တင်းမှုမှာ ကျည်းတပ် ၃၀၀,၀၀၀ နီးပါး၊ လေတပ် ၂၂,၀၀၀ နှင့် ရေတပ် ၁၉,၀၀၀ ရှိသည်။ ထို့အပြင် စစ်တပ်သည် ဖြစ်ရိုးဖြစ်စဉ် ကာကွယ်မှုအပိုင်းများအရ မြို့ပြအုပ်ချုပ်သူများကို ဘေးအန္တရာယ်မှကင်းလွတ်ရေး၊ နိုင်ငံ ဆူပူအုံကြွမှုတွင် ပြည်ထဲရေး လုံခြုံရေး အတွက် တာဝန်ယူပေးရသည်။ ယခုအချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဆင်နွဲနေသော စစ်ပွဲမရှိပေ။သို့သော် ၁၉၉၁ခုနှစ် ဂန္တာရ မုန်တိုင်း စစ်ဆင်ရေး Operation Desert Storm တွင် စစ်သား ၂,၃၀၀ ပါဝင်ပူးပေါင်းခဲ့ပြီး ကုလသမ္မဂ ငြိမ်းချမ်းရေးမှု ထိမ်းသိမ်းရေး အင်အားစု UN peacekeeping forces တွင် စစ်သား ၁၀,၇၃၆ ပါဝင် ထောက်ပံ့ခဲ့ပြီး ကမ္ဘာ့ပေါ်တွင် အရေအတွက် အများဆုံးပူးပေါင်းပါဝင်သူ ဖြစ်သည်။ မေလ၊ ၂၀၀၇ ခုနှစ်တွင် အဓိက စစ်တပ် ရွေ့ပြောင်းမှုများသည် ကွန်ဂို(Democratic Republic of Congo) ၊ လိုင်ဘီးရီးယား ၊ စူတန် (Sudan) ၊ တီမော-လပ်စ်တီ (Timor-Leste) နှင့် ကုတ်တဘွား (Côte d'Ivoire) တို့တွင်ရှိခဲ့သည်။
ပြည်နယ်များ
ဘာရီဆယ်
စစ်တကောင်း
ဒါကာ
ခူနာ
မိုင်မန်ဆင်း
ရာရှာဟီ
ရန်ပူရ်
ဆေးဟက်
ပထဝီနှင့် ရာသီဥတု
သိပ္ပံနှင့် နည်းပညာ
ယခင်ကရှိသော ဒါကာ (၁၉၅၅)၊ ရာရှာဟီ (၁၉၆၅) နှင့် စစ်တကောင်း (၁၉၆၇) တို့ရှိ အရှေ့ပါကစ္စတန် ဒေသဆိုင်ရာလက်တွေ့ခန်း ၃ ခုကို စုစည်းကာ ဘင်္ဂလားဒေ့ရှ် သိပ္ပံနည်းနာနှင့် စက်မှုဆိုင်ရာ သုတေသနကောင်စီ ဟူ၍ ၁၉၇၃ ခုတွင် ထောင်သည်။
ဘင်္ဂလားဒေ့ရှ်၏ အာကာသအေဂျင်စီ ဆပါဆို (SPARRSO) ကို ၁၉၈၃ တွင် အမေရိကန်အကူအညီနှင့် စနိုင်ခဲ့သည်။ ပထမဆုံး ဆက်သွယ်ရေးဂြိုဟ်တု ဘင်္ဂဘန္ဒူ-၁ ကို အမေရိကန်ရှိ ဂြိုဟ်တုလွှင့်ရပ်မှတဆင့် အာကာသသို့ ပို့သည်။
ဘင်္ဂလားဒေ့ရှ် အနုမြူစွမ်းအင် ကော်မရှင် သည် ဆဗာ (ဒါကာပြည်နယ်မှ မြို့တမြို့) ၌ သုတေသနရီရတ္တာတခုကို ထိန်းကျောင်းနေသည်။ ၂၀၁၅ ခုတွင် အိုင်တီလုပ်ငန်းများ အလုပ်ပို့ အခံရဆုံး နိုင်ငံစာရင်းတွင် ကမ္ဘာ့အဆင့် ၂၆ ချိတ်သည်။
စီးပွားရေး
လူဦးရေပြန့်နှံ့ နေထိုင်မှု
အယူဘာသာများ
ဘင်္ဂလားဒေရှ့်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည်။ နိုင်ငံတော်ဘာသာမှာ အစ္စလာမ်ဘာသာဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၉၀ရာခိုင်နှုန်းခန့်က ကိုးကွယ်ကြသည်။ အစ္စလာမ်ဘာသာ ကိုးကွယ်သူအများစုမှာ ဘင်္ဂါလီလူမျိုးများ ဖြစ်ကြသည်။ ဒုတိယကိုးကွယ်မှု အများဆုံးဘာသာမှာ ဟိန္ဒူဘာသာ ဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၈.၅ ရာခိုင်နှုန်းက ကိုးကွယ်ကြသည်။ တတိယကိုးကွယ်မှု အများဆုံးမှာ ဗုဒ္ဓဘာသာ ဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၀.၇ ရာခိုင်နှုန်းသာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ အများစုမှာ ချက္ကမ၊ မရမာ၊ တန်ချန်းယာ၊ ရခိုင်၊ ဘရူဝါ စသော လူနည်းစု တိုင်းရင်းသားများ ဖြစ်ကြပြီး စစ်တကောင်းတိုင်းဒေသကြီးတွင် နေထိုင်ကြသည်။ ခရစ်ယာန်ဘာသာမှာ ကိုးကွယ်မှုအနည်းဆုံးဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၀.၄ ရာခိုင်နှုန်းသာ ခရစ်ယာန်များ ဖြစ်ကြသည်။
ယဉ်ကျေးမှု
အားကစား
ဆက်စပ်ကြည့်ရှုရန်
ရည်ညှန်းချက်များ
- ↑ National Symbols→National march။ Ministry of Civil Aviation & Tourism။ 25 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 November 2019 တွင် ပြန်စစ်ပြီး။ “In 13 January 1972, the ministry of Bangladesh has adopted this song as a national marching song on its first meeting after the country's independence.”
- ↑ "Article 3. The state language"။ The Constitution of the People's Republic of Bangladesh။ bdlaws.minlaw.gov.bd။ Ministry of Law, The People's Republic of Bangladesh။ 1 February 2017 တွင် ပြန်စစ်ပြီး။
- ↑ Archived copy (in bn)။ National Web Portal of Bangladesh။ 16 February 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 February 2015 တွင် ပြန်စစ်ပြီး။
- ↑ Health Bulletin 2016။ 13 June 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 September 2017 တွင် ပြန်စစ်ပြီး။
- ↑ World Population Prospects: The 2017 Revision။ United Nations Department of Economic and Social Affairs, Population Division။ 10 September 2017 တွင် ပြန်စစ်ပြီး။
- ↑ Data Archived 4 September 2011 at the Wayback Machine.. Census – Bangladesh Bureau of Statistics.
- ↑ ၇.၀ ၇.၁ ၇.၂ ၇.၃ World Economic Outlook Database, April 2019။ 16 April 2019 တွင် ပြန်စစ်ပြီး။
- ↑ Gini Index။ Knoema။ 7 September 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 October 2018 တွင် ပြန်စစ်ပြီး။
- ↑ Human Development Report 2018 – "Human Development Indices and Indicators"။ HDRO (Human Development Report Office) United Nations Development Programme။ 22 March 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 September 2018 တွင် ပြန်စစ်ပြီး။