ဗယ်လ်ကာမော်နီကာရှိ ကျောက်ထွင်းပန်းချီများ

ဝီကီပီးဒီးယား မှ
ဗယ်လ်ကာမော်နီကာရှိ ကျောက်ထွင်းပန်းချီများ*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  အီတလီ
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း iii, vi
ကိုးကား ၉၄
ဒေသ** ဥရောပနှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၇၉  (တတိယအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ကာမိုနီကာ တောင်ကြား သို့ ဗယ်လ်ကာမိုနီကာရှိ ကျောက်ထွင်းပန်းချီများ သည် အီတလီနိုင်ငံ ဘရက်ရှာ ခရိုင်တွင် တည်ရှိပြီး ကမ္ဘာပေါ်တွင် သမိုင်းမတင်မီခေတ်က ကျောက်ထွင်းပန်းချီများ အများဆုံး စုစည်းနေရာ နေရာ တစ်ခု ဖြစ်သည်။[၁] ထိုစုစည်းမှုကို ယူနက်စကိုမှ ၁၉၇၉ ခုနှစ်တွင် အသိအမှတ်ပြုခဲ့ပြီး အီတလီနိုင်ငံတွင် ပထမဆုံး ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ခြင်း ခံရသည်။ ယူနက်စကိုမှ ရုပ်ပုံနှင့် သင်္ကေတ ၁၄၀,၀၀၀ ကျော်ကို အသိအမှတ်ပြုခဲ့သော်လည်း[၁] ထပ်မံတွေ့ရှိမှုများ အရ ကက်တလောက် အတွင်း ပါဝင်သော ပန်းချီများမှာ ၂၀၀,၀၀၀ [၂] နှင့် ၃၀၀,၀၀၀ [၃] ကြား အထိ ရှိသည်။ ကျောက်ထွင်းပန်းချီများသည် တောင်ကြား၏ မျက်နှာပြင် အားလုံးတွင် ပြန့်ကျဲတည်ရှိနေသော်လည်း ဒါဖို ဘွာရီယို တယ်ရမီ ဒေသ၊ ကာပို ဒီ ပွန်တယ် ဒေသ၊ နက်ဒရိုဒေသ၊ ချင်ဗယ်ဂိုဒေသ နှင့် ပတ်စ်ပါးဒို ဒေသတို့တွင် အများဆုံး စုစည်းတည်ရှိလျှက် ရှိသည်။


ကိုးကား

  1. ၁.၀ ၁.၁ Rock Drawings in Valcamonica - UNESCO World Heritage Centre။ 29 June 2010 တွင် ပြန်စစ်ပြီး။
  2. Piero Adorno, Mesolitico e Neolitico, p. 16.
  3. Introduzione all'arte rupestre della Valcamonica (in Italian)။ Archeocamuni.it။ 11 May 2009 တွင် ပြန်စစ်ပြီး။