ဖိုဘော့စ် (ဂြိုဟ်ရံလ)

ဝီကီပီးဒီးယား မှ
၁၆:၀၀၊ ၃၀ ဇူလိုင် ၂၀၁၈ နေ့က NjsBot (ဆွေးနွေး | ပံ့ပိုး) (ဘော့: အလွတ်ဖြစ်နေသော ကိုးကားချက်များကို မထပ်နေစေရန် ကိုးကားအမည်များ ထည့်ခြင်း။ FAQ ကိုကြည့်ပါ။) တည်းဖြတ်သည့်မူ
Phobos
Enhanced-color image of Phobos from the en:Mars Reconnaissance Orbiter with Stickney crater on the right
ရှာဖွေတွေ့ရှိခြင်း
ရှာဖွေတွေ့ရှိခဲ့သူAsaph Hall
ရှာဖွေတွေ့ရှိသည့် ရက်စွဲ17 August 1877
အခြားအမည်များ
Mars I
ပါဝင်အရာဝတ္ထုများPhobosian
ပတ်လမ်း ဂုဏ်အင်များ
Epoch J2000
Periapsis9234.42 km[၁]
Apoapsis9517.58 km[၁]
ဆီမီး မေဂျာ ဝင်ရိုး
9376 km[၁] (2.76 Mars radii)
ပတ်လမ်း ဗဟိုကျမှု0.0151[၁]
ပတ်လမ်း ကာလ
0.31891023 d
(7 h 39.2 min)
ပျမ်းမျှ ပတ်နှုန်း
2.138 km/s[၁]
ပတ်လမ်း တိမ်းစောင်းမှု1.093° (to Mars's equator)
0.046° (to local Laplace plane)
26.04° (to the ecliptic)
ဂြိုဟ်ရံလများအင်္ဂါဂြိုဟ်
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်အင်များ
ဒိုင်မင်းရှင်း27 × 22 × 18 km[၁]
ပျမ်းမျှ အချင်းဝက်
11.2667 km
(1.76941 mEarths)
မျက်နှာပြင် ဧရိယာ
1548.3 km2[၁]
(3.03545 µEarths)
ထုထည်5783.61 km3
(5.33933 nEarths)
ဒြပ်ထု1.0659×1016 kg[၁]
(1.78477 nEarths)
ပျမ်းမျှ သိပ်သည်းဆ
1.876 g/cm3[၁]
မျက်နှာပြင် ဒြပ်ဆွဲအား
0.0057 m/s2[၁]
(581.4 µ g)
လွတ်မြောက်အလျင်
11.39 m/s
(41 km/h)[၁]
လှည့်ပတ်ကာလ
Synchronous
အီကွေတာ လည်ပတ်မှု အလျင်
၁၁.၀ km/h (၆.၈ mph) (at longest axis)
ဝင်ရိုးတိမ်းစောင်းမှု
Albedo0.071±0.012[၂]
အပူချိန်≈ 233 K
မြင်သာသော ပမာဏ
11.8[၃]

ဖိုဘော့စ် (/ˈfbəs/ FOH-bəs, /-bɒs/ -boss,[၄] သည် အင်္ဂါဂြိုဟ်ဂြိုဟ်ရံလ ၂ စင်းထဲမှ အတွင်းပိုင်းကျသော ဂြိုဟ်ရံလတစ်စင်းဖြစ်သည်။[၅] ဂြိုဟ်ရံလ ၂ စင်းလုံးအား ၁၈၇၇ ခုနှစ်တွင် အမေရိကန် နက္ခတ္တပညာရှင် Asaph Hall ဆိုသူက ရှာဖွေတွေ့ရှိခဲ့သည်။ ဖိုဘော့စ်သည် ပုံစံမမှန်သော လတစ်စင်းဖြစ်ပြီး ပျမ်းမျှအချင်းဝက် ၁၁ ကီလိုမီတာရှိကာ[၁] အပြင်ဘက်ကျသော ဒိုင်မောစ်ထက် ၇ ဆ ပိုကြီးသည်။ ဖိုဘော့စ်သည် အင်္ဂါဂြိုဟ်မျက်နှာပြင်မှ ၆၀၀၀ ကီလိုမီတာ ကွာဝေးပြီး အခြားဂြိုဟ်ရံလများထက် မိခင်ဂြိုဟ်နှင့် အနီးဆုံးအကွာဝေး၌ တည်ရှိသည်။ ယင်းသည် အင်မတန် နီးကပ်လွန်းသဖြင့် အင်္ဂါဂြိုဟ် လည်ပတ်နှုန်းထက် ပိုမြန်ကာ အင်္ဂါဂြိုဟ်အား တစ်ပတ်လှည့်မိရန် ၇ နာရီနှင့် ၃၉ မိနစ်သာ ကြာမြင့်သည်။ ရလဒ်အနေဖြင့် ယင်းသည် အင်္ဂါဂြိုဟ်၏ ကောင်းကင်ယံတွင် အနောက်ဘက်မှ ထွက်ပေါ်လာပြီး ၄ နာရီနှင့် ၁၅ မိနစ်တွင် အရှေ့ဘက်၌ ဝင်သွားသည်။ အင်္ဂါဂြိုဟ်၏ တစ်ရက်တွင် ယင်းကဲ့သို့ ၂ ကြိမ် ဖြစ်ပေါ်ခြင်းဖြစ်သည်။ နေရောင်ရှိသောအရပ်၌ မျက်နှာပြင်သည် အနုတ် ၄ ဒီဂရီ စင့်ဆီးယပ်ရှိပြီး နေရောင်ကွယ်သောအရပ်၍မူ အနုတ် ၁၁၂ ရှိသည်။[၆] ဖိုဘော့စ်သည် နှစ် ၁၀၀ ကြာတိုင်း အင်္ဂါဂြိုဟ်နှင့် ၂ မီတာ ပိုမိုနီးကပ်သွားကာ နောင်နှစ်ပေါင်း ၃၀ မှ ၅၀ မီလီယံကြာပါက အင်္ဂါဂြိုဟ် မျက်နှာပြင်သို့ ထိတိုက်မိမည်ဟု ခန့်မှန်းထားသည်။[၆]


ကိုးကား

  1. ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ ၁.၁၁ Mars: Moons: Phobos။ NASA Solar System Exploration (30 September 2003)။ 19 October 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 December 2013 တွင် ပြန်စစ်ပြီး။
  2. Planetary Satellite Physical Parameters။ JPL (Solar System Dynamics) (13 July 2006)။ 29 January 2008 တွင် ပြန်စစ်ပြီး။
  3. Mars' Moons
  4. Phobos | Definition of Phobos in English by Oxford Dictionaries
  5. Mar's moon Phobos။ Nasa။ 16 July 2016 တွင် ပြန်စစ်ပြီး။
  6. ၆.၀ ၆.၁ NASA – Phobos။ Solarsystem.nasa.gov။ 24 June 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-08-04 တွင် ပြန်စစ်ပြီး။