ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ဝီကီပီးဒီးယား မှ
၀၂:၀၇၊ ၁၉ ဇန်နဝါရီ ၂၀၂၁ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8) တည်းဖြတ်သည့်မူ
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်
 မြန်မာအစိုးရအဖွဲ့အစည်း
ကော်မရှင် အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်မတ် ၈၊ ၂၀၁၀; ၁၄ နှစ် အကြာက (၂၀၁၀-၀၃-08)
ဌာနချုပ်နေပြည်တော်
ဌာနအကြီးအမှူးများဦးလှသိန်း[၁]၊ ဥက္ကဋ္ဌ
ဝက်ဘ်ဆိုက်uecmyanmar.org

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (အင်္ဂလိပ်: Union Election Commission၊ အတိုကောက် UEC) သည် မြန်မာနိုင်ငံ၏ နိုင်ငံတော်အဆင့် ရွေးကောက်ပွဲကော်မရှင် တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲများ ကို ကြီးမှူးကျင်းပရန် တာဝန်ရှိသည့် အဖွဲ့အစည်း ဖြစ်သည်။ ကော်မရှင်သည် ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများနှင့် နိုင်ငံရေးပါတီများ စိစစ်မှတ်ပုံတင်ခြင်းကိုလည်း ဆောင်ရွက်သည်။[၂] ကော်မရှင်၏ အဖွဲ့ဝင် ၁၈ ဦးကို ၂၀၁၀ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ခန့်အပ်တာဝန်ပေးခဲ့သည်။[၃]

သမိုင်းကြောင်း

၂၀၁၀ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေကို ထုတ်ပြန်ခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို လုပ်ပိုင်ခွင့် အပ်နှင်းခဲ့သည်။[၃]

အဖွဲ့ဝင်များ

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များကို အစိုးရမှ အောက်ပါ သတ်မှတ်ချက်များဖြင့် ရွေးချယ် ခန့်အပ်သည်။[၄]

  • အသက် ၅၀ နှင့် အထက်ရှိသူ
  • ကောင်းမွန်သည့် ဂုဏ်သတင်းရှိသူဟု အစိုးရမှ သတ်မှတ်ခံထားရသူ
  • ဂုဏ်သိက္ခာ၊ သမာဓိနှင့် အတွေ့အကြုံရင့်ကျက်သူ
  • နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိသူ
  • မည်သည့်နိုင်ငံရေးပါတီများနှင့် ပါဝင်ပတ်သက်ခြင်း မရှိသူ
  • မည်သည့်ရုံးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မရှိသူ

၂၀၁၀ အဖွဲ့ဝင်များ

၂၀၁၀ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ မှ ခန့်အပ်တာဝန်ပေးထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များမှာ -[၂][၅]

  1. ဦးသိန်းစိုး (ဥက္ကဋ္ဌ)
  2. ဦးအင်ဇော်နော် (အဖွဲ့ဝင်)
  3. ဦးခင်မောင်နု (အဖွဲ့ဝင်)
  4. ဦးစောဘလှိုင် (အဖွဲ့ဝင်)
  5. ဒေါက်တာဘမောင် (အဖွဲ့ဝင်)
  6. ဦးညွန့်တင် (အဖွဲ့ဝင်)
  7. ဦးမောင်သာလှ (အဖွဲ့ဝင်)
  8. ဒေါက်တာစိုင်းခမ်းလှိုင် (အဖွဲ့ဝင်)
  9. ဦးအောင်မြင့် (အဖွဲ့ဝင်)
  10. ဦးမြင့်နိုင် (အဖွဲ့ဝင်)
  11. ဒေါက်တာတင်အောင်အေး (အဖွဲ့ဝင်)
  12. ဒေါ်ခင်လှမြင့် (အဖွဲ့ဝင်)
  13. ဒေါက်တာဒေါ်မြင့်ကြည် (အဖွဲ့ဝင်)
  14. ဦးသာဦး (အဖွဲ့ဝင်)
  15. ဒေါက်တာမောင်ထူး (အဖွဲ့ဝင်)
  16. ဦးသာဌေး (အဖွဲ့ဝင်)
  17. ဦးဝင်းကြည်
  18. ဦးဝင်းကို (အတွင်းရေးမှူး) [၆]

လက်ရှိအဖွဲ့ဝင်များ

၂၀၁၆ မတ်လ ၃၀ ရက်နေ့တွင် သမ္မတက ခန့်အပ်ခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များမှာ-[၇]

  1. ဦးလှသိန်း (ဥက္ကဋ္ဌ)
  2. ဦးအောင်မြင့် (အဖွဲ့ဝင်)
  3. ဦးစိုးရယ် (အဖွဲ့ဝင်)
  4. ဦးထွန်းခင် (အဖွဲ့ဝင်)
  5. ဦးလှတင့် (အဖွဲ့ဝင်)
  6. ဦးမြင့်နိုင်
  7. ဦးသန်းဌေး
  8. ဦးညွန့်စိန်
  9. ဦးသက်ထွန်း
  10. ဦးမြင့်အောင့်
  11. ဦးစောဒယ်နီရယ်ကြည်
  12. ဦးအောင်စိုးဝင်း
  13. ဦးသန်းအောင်
  14. ဦးမင်းဆွေ
  15. ဦးဆွေတင့်လွင်

ဥက္ကဋ္ဌများ စာရင်း

  1. ဦးသိန်းစိုး (၈ မတ် ၂၀၁၀ - ၃၀ မတ် ၂၀၁၁)
  2. ဦးတင်အေး (၃၀ မတ် ၂၀၁၁ - ၃၀ မတ် ၂၀၁၆)
  3. ဦးလှသိန်း (၃၀ မတ် ၂၀၁၆ - လက်ရှိ)


ကိုးကား

  1. ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း။ နိုင်ငံတော်သမ္မတရုံး (၃၁ မတ် ၂၀၁၆)။ ၃၁ မတ် ၂၀၁၆ တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ "Election Commission"၊ Mizzima Election 2010၊ Mizzima။ 27 March 2012 တွင် ပြန်စစ်ပြီး 
  3. ၃.၀ ၃.၁ "Situation of human rights in Myanmar" (14 September 2010). Report of the Secretary-General. United Nations General Assembly.  Archived 23 November 2015 at the Wayback Machine. မော်ကွန်းတင်ပြီးမိတ္တူ။ 23 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 November 2015 တွင် ပြန်စစ်ပြီး။
  4. Union Election Commission LawNew Light of Myanmar (8 March 2010)။ 27 March 2012 တွင် ပြန်စစ်ပြီး။
  5. "Profiles of Union Election Commission Members"၊ Burma Election 2010၊ The Irrawaddy၊ 23 March 2010။ 27 March 2012 တွင် ပြန်စစ်ပြီး 
  6. http://uecmyanmar.org/index.php/2013-01-16-07-51-32/2013-05-08-07-54-57
  7. ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း။ နိုင်ငံတော်သမ္မတရုံး (၃၁ မတ် ၂၀၁၆)။ ၃၁ မတ် ၂၀၁၆ တွင် ပြန်စစ်ပြီး။