ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန

ဝီကီပီးဒီးယား မှ
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန
မြန်မာနိုင်ငံအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၂၄ နိုဝင်ဘာ ၂၀၁၇ (၂၀၁၇-၁၁-၂၄)
ဌာနအကြီးအမှူးများဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ပြည်ထောင်စုဝန်ကြီး
ဗိုလ်ချုပ်စိုးတင့်နိုင်၊ ဒုတိယဝန်ကြီး
ဝက်ဘ်ဆိုက်official website

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အင်္ဂလိပ်: (Ministry of Union Government Office)မှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ လုပ်ငန်းများကို လုပ်ဆောင်ရန် သမ္မတ ဦးထင်ကျော်မှ ဖွဲ့စည်းခဲ့သည့် ဝန်ကြီးဌာနအသစ် ဖြစ်သည်။

သမိုင်းကြောင်း

နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာကို သမ္မတကိုယ်စား ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးမှ ၂၀၁၇ နိုဝင်ဘာ ၂၀ တွင် ဝန်ကြီးဌာန ၂ ခုအသစ်ဖွဲ့ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြလာသည်။

ပြည်ထောင်စုအစိုးရ အဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ ပြည်ထောင်စု အစိုးရအဖွဲ့ အတွင်းရေးမှူးက နိုင်ငံတော် သမ္မတထံ တင်ပြ၍ ဆောင်ရွက်လျက်ရှိသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ အနေဖြင့် ပြည်ထောင်စု၏ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ၊ ဥပဒေကြမ်း တင်သွင်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခြားကိစ္စရပ်များ အပါအဝင် များပြားသည့် လုပ်ငန်း တာဝန်များကို ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်သမ္မတအား တာဝန်ခံမည့် ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီး တစ်ဦးကို ခန့်အပ်၍ တာဝန်ယူဆောင်ရွက်စေမည် ဆိုပါက ပိုမိုထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်သဖြင့် ယင်းဝန်ကြီးဌာနကို ထပ်မံဖွဲ့စည်းလိုခြင်း ဖြစ်ပါကြောင်း ရှေ့နေချုပ်က တင်ပြခဲ့သည်။

ဖွဲ့စည်းခြင်း

ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဖွဲ့စည်းဆောင်ရွက်ရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၏ လက်ရှိဖွဲ့စည်းပုံ အင်အားဖြင့်ပင် ဖွဲ့စည်းထားသည်။၂၀၁၈ခုနှစ် ဒီဇင်ဘာ ၂၈ရက်​နေ့တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထဲရေး ဝန်ကြီးဌာနလက်​အောက်မှ ​ပြောင်းကာ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနလက်​အောက်သို့ ထည့်သွင်းခဲ့သည်။

ဖွဲ့စည်းပုံ

ဝန်ကြီးများစာရင်း

ပုံ အမည်
(မွေးဖွား-ကွယ်လွန်)
ရာထူးသက်တမ်း နိုင်ငံရေးပါတီ နိုင်ငံ​တော်သမ္မတ ဒုတိယဝန်ကြီး
တာဝန်စတင် တာဝန်ပြီးဆုံး ရက်ပေါင်း
ဦး​သောင်းထွန်း ၂၃ နိုဝင်ဘာ ၂၀၁၇[၁] ၁၉ နိုဝင်ဘာ ၂၀၁၈ ၃၆၁


-
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ဥက္ကဋ္ဌ အဖြစ် ပူးတွဲ တာဝန်ထမ်းဆောင်
ဦးမင်းသူ ၂၉ နိုဝင်ဘာ ၂၀၁၈[၂] ၁ ဖေဖော်ဝါရီ ၂၀၂၁ ၇၉၅


ဦးဝင်းမြင့် ဦးတင်မြင့်
ယခင်ကသမ္မတရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ၁ ဖေဖော်ဝါရီ ၂၀၂၁ တာဝန်ထမ်းဆောင်ဆဲ ၁၁၅၂


ဦးမြင့်ဆွေ
(ယာယီ)
ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီး အဖြစ် ပူးတွဲတာဝန်ထမ်းဆောင်


ဝေဖန်ခံရခြင်း

ဦးထင်ကျော်အစိုးရတက်လာစဉ်က နိုင်ငံတော်ဘဏ္ဏာကိုလျှော့ချရန် ဝန်ကြီးဌာနများကို ပြင်ဆင်လျှော့ချခဲ့သော်လည်း ယခုအခါ ဝန်ကြီးဌာနအသစ်များ ထပ်မံဖွဲ့စည်း၍ ပြည်သူများအကြား ဝေဖန်ခဲ့ကြသည်။

ကိုးကား

  1. "Appointment of Union Ministers"၊ နိုင်ငံတော်သမ္မတရုံး၊ 6 April 2011။ 
  2. "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ၄၂ /၂၀၁၈"၊ နိုင်ငံတော်သမ္မတရုံး၊ 27 February 2011။