ပိုင်အိုနီးယား စီမံကိန်း

ဝီကီပီးဒီးယား မှ
၁၁:၃၉၊ ၃၁ ဇန်နဝါရီ ၂၀၁၈ နေ့က NjsBot (ဆွေးနွေး | ပံ့ပိုး) (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း  (-ဂြိုလ် +ဂြိုဟ်)) တည်းဖြတ်သည့်မူ
ပိုင်အိုနီးယား ၁၀ နှင့် ပိုင်အိုနီးယား ၁၁ တို့သည် နေစကြာဝဠာအပြင်ဘက်ဂြိုဟ်များဖြစ်သော ပလူတိုအလွန်သို့ ပထမဆုံးရောက်ရှိသည့် အာကာသယာဉ်များ ဖြစ်သည်။
ပိုင်အိုနီယား ပလိတ်ပြားအား ပိုင်အိုနီးယား ၁၀ နှင့် ၁၁ တို့၌ ထည့်သွင်းခဲ့သည်။

ပိုင်အိုနီးယား စီမံကိန်း သည် အမေရိကန်တို့၏ လူမဲ့အာကာသယာဉ်များဖြစ်ကာ ဂြိုဟ်များလေ့လာရန် ဒီဇိုင်းဆွဲထားခြင်းဖြစ်သည်။ စီမံကိန်းတွင် အရေအတွက်များပြားသော်လည်း ပိုင်အိုနီးယား ၁၀ နှင့် ၁၁ တို့သည် လူသိများသည်။ ယင်းယာဉ်နှစ်စင်း၌ လူသားတို့၏ ယောကျ်ား မိန်းမပုံများပါသော ပလိတ်ပြားကို သယ်ဆောင်ထားသည်။ ယင်းပလိတ်ပြားအား ပြင်ပသက်ရှိဂြိုဟ်သားများနှင့် ဆက်သွယ်ရန် ရည်ရွယ်သည်။