ပိုင်ရစ်သိုးယပ်စ်

ဝီကီပီးဒီးယား မှ
၀၈:၀၇၊ ၁၈ အောက်တိုဘာ ၂၀၂၀ နေ့က Aungookingofcelestials (ဆွေးနွေး | ပံ့ပိုး) (HotCatကို အသုံးပြု၍ Category:ဂရိ ဒဏ္ဍာရီလာ သူရဲကောင်းများကို ပေါင်းထည့်ခဲ့သည်) တည်းဖြတ်သည့်မူ
(ကွဲပြားမှု) ← မူဟောင်း | နောက်ဆုံး မူ (ကွဲပြားမှု) | ပိုသစ်သော တည်းဖြတ်မူ → (ကွဲပြားမှု)
Joseph Echteler နှင့် Richard Brend’amour တို့၏ "Pirithous' Kampf um Helena" (ပိုင်ရစ်သိုးယပ်စ်သည် ဟဲလင်ကို ကျားသစ်နက်ရန်မှ ကာကွယ်ခြင်း) ပန်ချီလက်ရာ

ပိုင်ရစ်သိုးယပ်စ် (သို့) ပိရစ်သိုးယပ်စ် (အင်္ဂလိပ်: Pirithous; ဂရိ: Πειρίθοος or Πειρίθους, /ပီရိသောရှ်/) သည် ဂရိဒဏ္ဍာရီတွင် သက်စာလီဒေသကြီးမှ လာရစ်ဆာမြို့၏ လားပစ်သ်နွယ် (Lapiths) ဘုရင်တစ်ဦးဖြစ်ကာ သူရဲကောင်း သီးဆီးယပ်စ်၏ အခင်မင်ဆုံး မိတ်ဆွေတစ်ဦးလည်း ဖြစ်သည်။

အထုပ္ပတ္တိ[ပြင်ဆင်ရန်]

ပိုင်ရစ်သိုးယပ်စ်သည် ဒိုင်ယာ (Dia) ၏ သားဖြစ်ကာ ဖခင်မှာ လစ်ပစ်သ်ဘုရင် အစ်ခ်ဆိုင်းယန် ဖြစ်နိုင်သလို[၁][၂][၃] ဇုစ်လည်း ဖြစ်နိုင်သည်။[၄][၅] ပိုင်ရစ်သည် အေးထရက်စ် (Atrax) (သို့) ဗြူးတီးဇ် ၏ သမီး ဟစ်ပိုဒါမိုင်ဟယာကို လက်ထပ်ခဲ့သည်။ ၎င်းတို့၏ မင်္ဂလာဧည့်ခံပွဲတွင် လစ်ပစ်သ်များနှင့် စန်းတော်များ၏ နာမည်ကြီး တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့သည်။ ၎င်း၏ ဇနီးသည်ဖြင့် ထရိုဂျန်စစ်ပွဲ၏ သူရဲကောင်းတစ်ဦးဖြစ်သော ပေါ်လီပီးတီးဇ် ကို ဖွားမြင်ခဲ့သည်။[၆]

ကိုးကား[ပြင်ဆင်ရန်]

  1. Homer, Iliad 2.741 & 14.17
  2. Pseudo-Apollodorus, Bibliotheca 1.8.2
  3. Eustathius ad Homer, p. 101.1
  4. Homer, Iliad 14.317
  5. Hyginus, Fabulae 155
  6. Homer, Iliad 2.740 & 12.129