ပက်ဂါဆပ်စ်

ဝီကီပီးဒီးယား မှ
၁၇:၃၄၊ ၃ အောက်တိုဘာ ၂၀၂၀ နေ့က Aungookingofcelestials (ဆွေးနွေး | ပံ့ပိုး) (link) တည်းဖြတ်သည့်မူ
(ကွဲပြားမှု) ← မူဟောင်း | နောက်ဆုံး မူ (ကွဲပြားမှု) | ပိုသစ်သော တည်းဖြတ်မူ → (ကွဲပြားမှု)
ပက်ဂါဆပ်စ်
ပက်ဂါဆပ်စ်ကို စီးနေသော ဘာလဲ့ရာဖန် (၁၉၁၄)
အုပ်စုဂရိ ဒဏ္ဍာရီ
အုပ်စုခွဲဒဏ္ဍာရီလာမြင်း
Silver Denarius of Domitian with Pegasus on the reverse. Dated 79–80 AD.
ရောမဘုရင်'ဒါမစ်ရှန်'နှင့် ကျောဖက်တွင် ပက်ဂါဆပ်စ်မြင်းပါသော ရောမခေတ် ငွေအကြွေစေ့ (အေဒီ ၇၉-၈၀)

ပက်ဂါဆပ်စ် (ဂရိ: Πήγασος, Pḗgasos; အင်္ဂလိပ်: Pegasus) သည် ဒဏ္ဍာရီလာ အတောင်ပံပါ၍ အစွမ်းထင်သော မြင်းပျံတစ်ကောင်ဖြစ်သည်။ ဂရိဒဏ္ဍာရီတွင် အသိမှတ်အပြုခံရဆုံး သတ္တဝါများအနက် တစ်ကောင်ဖြစ်သည်။ များသောအားဖြင့် ဖြူဖွေးဆွတ်နေသည်ဟု သရုပ်ဖော်ကြပြီး အိုလံပတ်တောင်နတ်ဘုရား ပိုဆိုက်ဒန်၏ သားသမီးတစ်ဦးဖြစ်သည်။ ဂေါ်ဂန် မက်ဒူဆာ မှ မြင်းအဖြစ် သားပေါက်လာခဲ့သည်။[၁] ပေါက်ဖွားပုံမှာ သူရဲကောင်း ပါးဆီးယပ်စ်က မက်ဒူဆာကို ခေါင်းဖြတ်လိုက်သောအခါ သေဆုံးသွားသော မက်ဒူဆာထံမှ မွေးဖွားလာခြင်း ဖြစ်၏ ။ ပက်ဂါဆပ်စစ်သည် ခရီဆားအို၏ ညီအကိုဖြစ်၍ ဂီရီယွန်၏ ဦးလေးတော်စပ်သူ ဖြစ်သည်။

ပက်ဂါဆပ်စ်ကို အသီးနာနှင့် ပိုဆိုက်ဒန်တို့၏ အကူအညီဖြင့် ဘာလဲ့ရာဖန်သည် ပင်ရီးနီ ရေပန်းအနီး၌ ဖမ်းဆီးမိခဲ့သည်။ ပက်ဂါဆပ်စ်သည် မိစ္ဆာသတ္တဝါ ခစ်မိယားရာကို သတ်ရာ၌ ဘာလဲ့ရာဖန်ကို စီးနင်းခွင့်ပြုခဲ့သည်။ ထိုသို့သုတ်သင်ခြင်းကပင် အခြားများစွာသော စွန့်စားခန်းများကို ဖြစ်စေခဲ့သေးသည်။ ဘာလဲ့ရာဖန် အိုလံပတ်တောင်ကို တက်ရောက်ရန်ကြိုးပမ်းစဉ် မြင်းပေါ်မှပြုတ်ကျခဲ့သည်။ ထို့နောက် ဇုစ်က ပက်ဂါဆပ်စ်ကို ကြယ်တာရာ (ကြယ်စုတန်း) တစ်ခုဖြစ်စေရန် အသွင်ပြောင်းပေးခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Medusa, in her archaic centaur-like form. She appears in the incised relief on a mid-7th century BCE vase from Boeotia at the Louvre (CA795), illustrated in John Boardman, Jasper Griffin and Oswyn Murray, Greece and the Hellenistic World (Oxford University Press) 1988, fig p 87.