နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)

ဝီကီပီးဒီးယား မှ
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)
ဆောင်ပုဒ်သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ
sabbadānaṃ dhammadānaṃ jināti
အမျိုးအစားPublic
တည်ထောင်ဇွန် ၂၆၊ ၁၉၈၆; ၃၇ နှစ် အကြာက (၁၉၈၆-၀၆-26)
နှီးနွယ်အဖွဲ့အစည်းသာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန
တည်နေရာရန်ကုန်မြို့, ရန်ကုန်တိုင်းဒေသကြီး, မြန်မာနိုင်ငံ
16°51′20″N 96°09′12″E / 16.855641°N 96.153273°E / 16.855641; 96.153273
ဝဘ်ဆိုဒ်spsuygn.edu.mm

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) သည် ရန်ကုန်မြို့တွင် တည်ရှိသည့် ဗုဒ္ဓဘာသာတက္ကသိုလ်တစ်ခု ဖြစ်သည်။ ထိုတက္ကသိုလ်တွင် ဗုဒ္ဓဘာသာရဟန်းတော်များကို ပိဋကတ်ပါဠိမြန်မာစာ၊ မြန်မာ့စာပေနှင့် သာသနာပြုလုပ်ငန်းများကို သင်ကြားပေးလျက် ရှိသည်။ တက္ကသိုလ်ကို ၁၉၈၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင် ဖွင့်လှစ်ခဲ့သည်။[၁] တက္ကသိုလ်မှ Bachelor of Arts (သာသနတက္ကသီလဓမ္မာစရိယ)၊ Master of Arts (သာသနတက္ကသီလမဟာဓမ္မာစရိယ) စသည့် ဘွဲ့ဒီဂရီများကို ပေးအပ်သည်။[၂] ၂၀၁၈ ခုနှစ်တွင် ဗုဒ္ဓဘာသာရဟန်းများအား ဘွဲ့ ၁၂၈ ခု ပေးအပ်ခဲ့ပြီး ဖြစ်သည်။ တက္ကသိုလ်သို့ တက်ရောက်လိုသော ရဟန်းတော်များသည် အနည်းဆုံး သက်တော်(၃၀)ဝါတော်(၁၀)ဝါအတွင်းဖြစ်ရပြီး ဥပဓိသမ္ပတ္တိနှင့်ပြည့်စုံကာ သကျသီဟ၊စေတီယင်္ဂဏစာသင်တန်းနှင့် ပထမကြီးတန်း တစ်ခုခု အောင်မြင်သော အရှင်မြတ်များကို သာသနတက္ကသီလဓမ္မာစရိယတန်းအတွက် ဝင်ခွင့်ခေါ်ယူခဲ့ပါသည်။ သာသနတက္ကသီလမဟာဓမ္မာစရိယတန်းသို့ တက်ရောက်လိုသော ရဟန်းတော်များသည် သက်တော်(၃၅)နှစ် ဝါတော် (၁၅)ဝါအတွင်းဖြစ်ရပြီး သကျသီဟ၊စေတီယင်္ဂဏစာချတန်းနှင့် သာသနဓဇဓမ္မာစရိယတစ်ခုခု အောင်မြင်ထားရမည်ဖြစ်သည် [၃]

ကိုးကား

  1. Department for Promotion and Propagation of the Sanana (2005)။ 2018-10-02 တွင် ပြန်စစ်ပြီး။
  2. A BRIEF HISTORY OF THE ESTABLISHMENT OF STATE PARIYATTI SÂSANA UNIVERSITY (in en)။ 2018-10-02 တွင် ပြန်စစ်ပြီး။
  3. Ministry of Religious Affairs and Culture striving for long-lasting of the Sasana and preserving and protecting cultural heritage (in en-US)။ 2018-10-02 တွင် ပြန်စစ်ပြီး။